ကိုယ်တိုင် ပစ္စည်းတစ်ခုခုကို တည်ဆောက်ရတာ ဒါမှမဟုတ် မသုံးတော့တဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ကိုယ့်အတွက် အသုံးဝင်တဲ့ ပစ္စည်းတစ်ခုခုကို ပြုလုပ်ရတာ စိတ်ဝင်စားပါသလား။ ဒီဆောင်းပါးလေးမှာတော့ အားလပ်ချိန်တွေမှာ အသုံးဝင်တဲ့ အရာလေးတွေ ကိုယ်တိုင် ဖန်တီး နိုင်စေဖို့ DIY အိုင်ဒီယာကောင်းလေးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

ဘေ့စ်ဘော မီးအိမ်လေးများ

ကိုယ်တိုင် ဖန်တီး

Photo : The Saw Guy

ကွီးတို့ကို ပထမဆုံးဖော်ပြပေးချင်တဲ့ ကွီးတို့ ကိုယ်တိုင် ဖန်တီး လို့ရတဲ့ အိုင်ဒီယာကောင်းလေး တစ်ခုကတော့ Baseball Lamp လေး ပြုလုပ်တာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ မသုံးတော့တဲ့ ဘေ့စ်ဘော ၄ လုံးလောက်နဲ့ ဆန်းပြားတဲ့ မီးအိမ်လုံး တစ်လုံးဖန်တီးလို့ရပါတယ်။ အကြမ်းအားဖြင့် ပြုလုပ်ပုံကတော့ ဘေ့စ်ဘော ဘောလုံးတွေကို အလယ်မှာ အပေါက်ဖောက်ပြီး သတ္တုချောင်း တစ်ချောင်းနဲ့ တွဲစပ်လျက် ထောင်လိုက် ပုံသဏ္ဍန်ပြုလုပ်ပါ။

အောက်ခံအနေနဲ့ သစ်သားပြားကို ပြုလုပ်လို့ရသလို၊ ဘေ့စ်ဘောလက်အိတ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ ပြီးလျှင် သတ္တုချောင်းမှ တစ်ဆင့် ဝါယာကြိုးကို တပ်ဆင်လျက် မီးလုံးနဲ့ မီးအုပ်ဆောင်း တပ်ဆင်ပြီးသည်အထိ ပြုလုပ်ပါ။ ၎င်းပစ္စည်းများကို လျှပ်စစ်ပစ္စည်းဆိုင်များမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ဒီ Baseball Lamp ပြုလုပ်မည်ဆိုပါက အင်တာနက်မှာ အသေးစိတ် လေ့လာပြီးလျှင် ကွီးတို့စိတ်ကြိုက် ဒီဇိုင်းများနဲ့ ပြုလုပ်နိုင်ပါတယ်။

နံရံကပ် ဝိုင်ပုလင်းတင် စင်လေးများ

ကိုယ်တိုင် ဖန်တီး

Photo : Etsy

ကွီးတို့အိမ်မှာ မသုံးတော့တဲ့ သစ်သားတွေ ရှိပါသလား။ ဒါဆို ကွီးတို့အနေနဲ့ အိမ်မှာ ဝိုင်ပုလင်းတင်တဲ့ စင်လေးတွေ ဖန်တီးလို့ရပါတယ်။ ကိုယ်စိတ်ကူးရှိရင် ရှိသလောက် ပုံစံမျိုးစုံသော ဝိုင်တင်တဲ့ စင်များကို မသုံးတော့တဲ့ သစ်သားများနဲ့ ပြုလုပ်လို့ရပါတယ်။ ထိုသို့ပြုလုပ်တဲ့ နေရာမှာ အဓိကအားဖြင့် ကွီးတို့ ပြုလုပ်မဲ့ ဒီဇိုင်းပေါ်မူတည်ပြီး ဝိုင်ပုလင်းအတိုင်းအတာနဲ့ သေချာချိန်ဆဖို့ လိုပါတယ်။ ဒါမှသာ ကွီးတို့ဝိုင်ပုလင်းများကို တင်ရမှာ သေချာခိုင်ခံ့မှာ ဖြစ်ပါတယ်။ ဒီ ဝိုင်ပုလင်းတင်တဲ့ စင်လေးများက ကွီးတို့အတွက် အမှန်တကယ် အသုံးဝင်သလို အိမ်ကို အလှဆင်ပြီးသားလည်း ဖြစ်စေပါတယ်။

diy

Photo : Pinterest

နောက် အိုင်ဒီယာတစ်ခု အနေဖြင့် မသုံးတော့တဲ့ သစ်သားပြားများကို နံရံမှာ အလှဆင်ချိတ်ဆွဲကာ ပုံတွင်ပြထားသည့်အတိုင်း အနည်းငယ် ကြီးမားတဲ့ သံများကို ခိုင်ခံ့အောင် ရိုက်ထားလျက် ဝိုင်တင်တဲ့ စင်လေး ပြုလုပ်လို့ရပါတယ်။

အလှဆင် သစ်သားဆိုင်းဘုတ်လေးများ

dIY

Photo : YouTube

ကွီးတို့ရေ မသုံးတော့တဲ့ သစ်သားပြားလေးတွေကိုပဲ သုံးပြီး နောက်ထပ် အလှဆင်ပစ္စည်းလေးတွေ ကိုယ်တိုင် ဖန်တီး လို့ရပါတယ်။ ကွီးတို့ Handmade လက်ဆောင်လေးတွေ ပေးချင်ရင်လည်း ဒီအိုင်ဒီယာလေးကို အသုံးပြုနိုင်ပါတယ်။ ရောင်စုံ သုတ်ဆေးများနဲ့ သစ်သား အိမ်နံပါတ်ဆိုင်းဘုတ်တွေ၊ ဧည့်ခန်းမှာ ချိတ်ဖို့ အလှဆင်ဖို့ စာသားတွေ စသည်ဖြင့် ကွီးတို့အိမ်ကို ပေါ်ပေါ်လွင်လွင် ဖြစ်စေတဲ့အပြင် အသေးစားလက်ရာတစ်ခုကို ဖန်တီးရတာကို ကွီးတို့အတွက် နှစ်သက်စရာအမှတ်တရ ဖြစ်သွားမှာပါ။ ဒီ DIY အိုင်ဒီယာလေးက လွယ်ကူပြီး ရှုတ်ထွေးတာမပါတဲ့အတွက် မြန်မြန်ဆန်ဆန်လုပ်လို့ရပါတယ်။

ကွီးတို့ရေ ဒီ DIY အိုင်ဒီယာလေးတွေကို ကွီးတို့ အားလပ်ချိန်မှာ ဖန်တီးပြုလုပ်ကြည့်ပါဦးနော်။

Source : The Saw Guy

Featured Photo : Cnieke