ကွီးတို့ရေ အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းဟာ အိမ်အများစုရဲ့ အရေးကြီးတဲ့နေရာကနေ ပါဝင်ပါတယ်။ ဧည့်ခန်းဟာ တွေ့ဆုံကြပြီး ပြောကြဆိုကြတဲ့ လူမှုရေးဗဟိုချက်ဖြစ်ပါတယ်။ ကွီးတို့အတွက် တကယ်အသုံးဝင်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ အဲ့ဒါကြောင့် ဧည့်ခန်းကို ရောက်လာတဲ့သူတွေ အံ့သြပြီး ထိုင်ချင်စဖွယ်ဖြစ်အောင် လုပ်လို့ရပါတယ်။ ကွီးအနေနဲ့ ငွေကုန်မခံဘဲ ကိုယ်တိုင်လုပ်ရတာကို ပျော်ရွှင်မယ်ဆိုရင် အပျော် တမ်း DIY ဒီဇိုင်နာတွေအတွက် အံ့သြစရာကောင်းလောက်အောင် ခေတ်မီဆန်းပြားတဲ့ DIY ပရောဂျက်တွေကို ပြောပြပါရစေ။

ကွီးတို့ရဲ့ ဧည့်ခန်းကို ပိုမိုအသက်ဝင်လှပအောင် ဖန်တီးနိုင်မဲ့ DIY အိုင်ဒီယာကောင်းများထဲက မိနစ်အနည်းငယ်အတွင်း ပြီးမြောက်နိုင်သည့် လှပပြီး လွယ်လွယ်ကူကူလုပ်နိုင်မဲ့ အိုင်ဒီယာတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ ဧည့်ခန်းရဲ့ ကြမ်းပြင်မှသည် မျက်နှာကျက်အထိ ပန်းအိုးများ၊ ဘေးစာပွဲများ၊ ခြေတင်ခုံများ၊ အလင်းရောင်နဲ့ ဆိုင်းဘုတ်များသုံးပြီး ရိုးရှင်းလွယ်ကူစွာ လုပ်နိုင်ပါတယ်။

ကော်ဖီစားပွဲနှင့် အပင်စိုက်နေရာ

ဧည့်ခန်းကို DIY

Photo : Wonderful DIY

ကွီးတို့ရေ အိမ်မှာ မသုံးတော့တဲ့ သစ်သားပြားတွေ ဒါမှမဟုတ် သစ်သားပုံးတွေကို သုံးပြီး စားပွဲလေးနဲ့ အပင်စိုက်တဲ့နေရာလေး လုပ်ကြည့်ပါ။ ကွီးရဲ့ ဧည့်ခန်းကို စားပွဲလေးတွေကိုသုံးပြီး လုပ်ထားတဲ့ ဒီဇိုင်းက ကွီးရဲ့ဧည့်ခန်းမှာ ပစ္စည်းထားစရာနေရာနဲ့ ကျယ်ပြန့်တဲ့ မျက်နှာပြင်နေရာကို ရရှိစေပါတယ်။ အပင်အတွက် နေရာကျင်းကျင်း ကျောက်စရစ်ခဲလေးတွေကြားမှာ ရှင်သန်နိုင်တဲ့ အပင်မျိုးကို ရွေးချယ်ပါ။ စားပွဲတွေရဲ့ ပင်ကိုယ်သစ်သားအရောင်တွေကလည်း ဧည့်ခင်းကို ပိုပြီး ကျေးလက်သဘာဝ ဆန်စေနိုင်ပါတယ်။ ဒါက ရိုးရှင်းတဲ့ ကွီးတို့ရဲ့ ဧည့်ခန်းကို ပိုမိုအသက်ဝင်လှပအောင် ဖန်တီးနိုင်မဲ့ DIY အိုင်ဒီယာကောင်း တစ်ခုပါ။

ကိုယ်တိုင်လုပ် အနုပညာပြခန်း

ဧည့်ခန်းကို DIY

Photo : Pinterest

ကွီးရဲ့ ရှိပြီးသားကိုယ်ပိုင်လက်ရာများကို အရောင်းဆိုင်မှ ရှာဖွေဝယ်ယူရရှိတဲ့ ပစ္စည်းတွေနဲ့ ရောပြီး ကွီးရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်စေမဲ့ သပ်ရပ်လှပသော ပြခန်းနံရံတစ်ခု ဖန်တီးနိုင်ပါတယ်။ ကွီးရဲ့ ဧည့်ခန်းနံရံကို မိသားစုဓါတ်ပုံ အပြင်အဆင်နဲ့ နေကြာပန်းလို ပန်းချီကားတွေသုံးပြီး ကိုယ်ပိုင်စတိုင်နဲ့ ပြသဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ဒီ ဥပမာမှာတော့ ခေတ်မီသော အနက်ရောင်နှင့် ရွှေရောင် ဘောင်များကို အသုံးပြုထားပေမဲ့ ကွီးတို့အခန်းနှင့် လိုက်လျောညီထွေဖြစ်စေဖို့ စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။

စင်များနဲ့ DIY ဧည့်ခန်းအလှဆင်ခြင်း

ဧည့်ခန်းကို DIY

Photo : Youtube

ကွီးအနေနဲ့ နည်းနည်း အပင်ပန်းခံအားစိုက်ပြီး ဧည့်ခန်းကို ပိုမိုအသက်ဝင်လှပအောင် ဖန်တီးနိုင်မဲ့ DIY အိုင်ဒီယာကောင်း တစ်ခုကတော့ ရှိပြီးသားတံခါးဟောင်းတွေ ပစ္စည်းဟောင်းတွေ သုံးပြီး ပြီးပြည့်စုံသော နံရံကပ်စင်များအဖြစ် ပြောင်းလဲနိုင်ခြင်းဘဲ ဖြစ်ပါတယ်။ တံခါးတွေက မြင့်တဲ့အတွက် ဧည့်ခန်းဆိုဖာအရှည်တစ်ခုလုံးနဲ့ လိုက်ဖက်တဲ့ စင်များအဖြစ် ဖန်တီးနိုင်ပါတယ်။ ပြူတင်း တံခါးတွေ သုံးပြီး တိုတဲ့စင်တွေကို ဆောက်လို့ရပါတယ်။ စင်များကို တပ်ဆင်ပြီးသည်နှင့် ၎င်းတို့ကို အဓိပ္ပါယ်ရှိသော သို့မဟုတ် အလှဆင်မှုဖြင့် ကြည့်ကောင်းစေမည့် ပန်းအိုးလေးတွေ၊ ပန်းချီကားတွေ အလှဆင်ပစ္စည်းတွေနဲ့ ဖြည့်လိုက်ပါ။

အမှတ်တရ မီးအိမ်

Photo lamp

Photo : Memory Shades

ကွီးတို့ရဲ့ ဧည့်ခန်းကိုပိုမိုအသက်ဝင်လှပအောင် ဖန်တီးနိုင်မဲ့ DIY အိုင်ဒီယာကောင်း နောက်တစ်ခုကတော့ အမှတ်တရ မီးအိမ် ဖန်တီးခြင်းပါဘဲ။ ကွီးရဲ့ ဧည့်ခန်းမှာ ဓာတ်ပုံများပြသဖို့ နေရာအကန့်အသတ်ရှိလျှင် ဒီအိုင်ဒီယာကို ဖန်တီးဖို့ အကောင်းဆုံးပါ။ ဒီ မီးအိမ်က ဓာတ်ပုံ ဘောင်အဖြစ် နှစ်ဆတိုးစေပါတယ်။ မီးအိမ်ခေါင်းရွက်ပေါ်တွင် တိပ်ပြားကပ်ထားသောကြောင့် ဓာတ်ပုံများကို အလွယ်တကူပြောင်းနိုင်ပါတယ်။ ဒီလို DIY အိုင်ဒီယာကောင်းက မိသားစုလျှပ်တစ်ပြက် ရိုက်ချက်တွေ၊ အားလပ်ရက်ဓာတ်ပုံတွေ သို့မဟုတ် ရှုခင်းသာဓါတ်ပုံတွေကို ကွီးအသုံးပြုနိုင်ပါတယ်။ တကယ်လို့ အပို ပျော်ရွှင်စေချင်ရင် ကွီးအနှစ်သက်ဆုံး ရုပ်မြင်သံကြားဇာတ်ကောင်ရဲ့ လှုပ်ရှားမှု ဓာတ်ပုံကို အခြားဓာတ်ပုံများကြားတွင် ကပ်ထည့်လိုက်ပါ။

ကဲ ကွီးတို့ရေ DIY အိုင်ဒီယာကောင်းတွေသုံးပြီး ဧည့်ခန်းကို လှပအောင် ဖန်တီးလိုက်ပါ။

Source : Home Bnc

Featured Photo : Creating