Smoked Cocktails တွေဟာ Bartenders နဲ့ ကော့တ်တေးလ် ချစ်သူတွေအကြားမှာ ကျော်ကြားလာတဲ့ ကော့တ်တေးလ် စတိုင် ဖြစ်လာပါတယ်။ Smoking Cocktails ဖော်စပ်တဲ့ နည်းလမ်းတွေကလည်း တစ်ခုနဲ့ တစ်ခု ကွဲပြားပါတယ်။

ဒီတစ်ခေါက်တော့ လွယ်လွယ်လေးနဲ့ Smoke Cocktail တစ်မျိုး လုပ်နိုင်တဲ့ နည်းလမ်းကို မျှဝေပေးသွားမှာပါ။ Rum နဲ့ လုပ်တာ ဖြစ်ပြီး Rum & Smoke လို့ ခေါ်ပါတယ်။ ပါဝင်ပစ္စည်းတွေထဲမှာ သက်တမ်းရင့်ရမ် ၁ ၁/၂ အောင်စ ၊ Oloroso Sherry ၃/၄ အောင်စ ၊ Tempus Fugit Gran Classico Bitter Liqueur ၁/၄ အောင်စ ၊ Smoked Rosemary Simple Syrup စားပွဲတင် ၁ ဇွန်း ၊ မီးညှိထားတဲ့ Rosemary ခက်တစ်ခက် လိုပါတယ်။

Source : Liquor.com

Mixing Glass ခွက်ထဲမှာ Rum ၊ Sherry ၊ Gran Classico နဲ့ Smoked Rosemary Simple Syrup တို့ကို ရေခဲနဲ့ ရောပြီး မွှေပေးရမှာပါ။ ပြီးရင် Rocks Glass တစ်ခွက်ထဲ လောင်းထည့်ပြီး အပေါ်က ရေခဲတုံးထည့်ပေးရမှာပါ။ ဒါပြီးရင်တော့ မီးရှို့ထားတဲ့ Rosemary ခက်လေးကို ခွက်ထဲ ထည့်ပြီး အပေါ်က မှန်အုပ်ဆောင်းနဲ့ ၁ မိနစ် ၂ မိနစ်ကြာ အုပ်ပေးရမှာပါ။ ဒါဆို မသောက်ခင်မှာ Smoked ဖြစ်သွားတဲ့ ကော့တ်တေးတစ်ခွက် ရလာပြီ ဖြစ်ပါတယ်။

Featured Photo: liquor