Mixed Drinks လုပ်မယ်ဆိုရင် ဗော့ဒ်ကာတွေက အသုံးများပါတယ်။ အထူးသဖြင့် Fruity Cocktails တွေမှာဆိုရင် ဗော့ဒ်ကာတွေက ပင်တိုင်ပါပဲ။ ဒီတစ်ခေါက်တော့ အိမ်မှာတင် ကိုယ်တိုင် အလွယ်တကူ ဖော်စပ်နိုင်မယ့် ဗော့ဒ်ကာ ကော့တ်တေးလ် တချို့အကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) Appletini

appletini

Photo : alushlifemanual

ဗော့ဒ်ကာ ၅၀ မီလီလီတာ ၊ Apple Juice ၅၀ မီလီ လိတာ ၊ သံပရာစားပွဲတင် ၁ ဇွန်း ၊ Maple Syrup ၁ ဇွန်းကို ရေခဲဖြည့်ထားတဲ့ Shaker ထဲ ထည့်ပြီး Shake ရမှာပါ။ ပြီးရင် Martini ဖန်ခွက်ထဲ ထည့်ပြီး ပန်းသီးခြမ်းလေးနဲ့ အပေါ်က အလှဆင်ရုံပါပဲ။

(၂) Bloody Mary

Blood-Mary

Photo : redheadmixologist

Cocktail Shaker ခွက်အကြီးတစ်ခုထဲ ရေခဲလက်တစ်ဆုပ်လောက် ထည့်ပါ။ ပြီးရင် ခရမ်းချဉ်သီးဖျော်ရည် ၁၂၅ မီလီလီတာ ၊ ဗော့ဒ်ကာ ၅၀ မီလီ လီတာ ၊ သံပရာဖျော်ရည် စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ Sweet Sherry ၂၅ မီလီ လီတာကို Shaker ထဲ ထည့်ပြီး Worcestershire Sauce ၊ Hot Sauce နဲ့ ဆားအနည်းငယ် ၊ ငရုတ်ကောင်းမှုန့် Black Pepper ၊ Celery Salt နဲ့ စမုန်စပါးစေ့တို့ပါ စားပွဲတင်ဇွန်း ၁/၄ ခန့် ထည့်ပေးရမှာပါ။ ပြီးရင် ခပ်ပြင်းပြင်း Shake ပြီး ရေခဲနဲ့ ခွက်ရှည်တစ်ခုထဲ ထည့်ပေးရမှာပါ။ ပြီးမှ တရုတ်နံနံရိုး ၊ သံပယိုခွံ နဲ့ ချယ်ရီခရမ်းချဉ်သီးတို့နဲ့ အလှဆင်ရုံပါပဲ။

(၃) Moscow Mule

Photo : barschool

ဗော့ဒ်ကာ ၅၀ မီလီ လီတာကို သတ္ထုခွက်ထဲ ထည့်လောင်းရမှာပါ။ ပြီးရင် ခွဲထားတဲ့ ရေခဲကို ခွက်ရဲ့ ၃/၄ ပုံရောက်အောင် ဖြည့်ရမှာပါ။ ခွက်ထဲကိုတော့ Ginger Beer ထည့်ပြီး သမအောင် ဖြည်းဖြည်းပဲ မွှေပေးပါ။ ပြီးမှ Ginger Bitters လေး နည်းနည်း ၊ သံပုရာခြမ်း နဲ့ ပူစီနံရွက်လေးတချို့ ထည့်ပေးရုံပါပဲ။

Featured Photo : barschool