ဇီဝကမ္မ ဖြစ်စဉ်ဆိုတာ ကိုယ်တွင်း လုပ်ဆောင်ချက်တွေကို ရေရှည်ခံနိုင်ဖို့ ကယ်လိုရီအသုံးပြုတဲ့နှုန်းကို ပြောတာ ဖြစ်ပါတယ်။ ဇီဝကမ္မ ဖြစ်စဉ်ဟာ လူတစ်ယောက်ရဲ့ ဘဝလို့တောင် ပြောနိုင်အောင် အရေးကြီးပါတယ်။ ဇီဝကမ္မဖြစ်စဉ် မြှင့်တင်မှုလုပ်ခြင်းဟာ သန်စွမ်းကျန်းမာတဲ့ လူတစ်ယောက်ဖြစ်အောင် ပြုပြင်နေတာပဲ ဖြစ်ပါတယ်။

ဇီဝကမ္မဖြစ်စဉ်နှုန်းမြင့်တာဟာ ကယ်လိုရီလောင်ကျွမ်းမှုမြင့်တာ ဖြစ်လို့ ဝိတ်ကျပြီး ကိုယ်တွင်းစွမ်းအင်ပို တိုးတက်လာကာ နေလို့ထိုင်လို့ ပိုကောင်းစေနိုင်ပါတယ်။ Metabolism လို့ ခေါ်တဲ့ ဇီဝကမ္မဖြစ်စဉ် မြှင့်တင်ရေးအတွက် လိုက်နာလို့ရမယ့် နည်းလမ်းလေးတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) ပရိုတိန်း များများစားပါ

Breakfast

Photo : Pexels

Thermic Effect Of Food (TEF) လို့ ခေါ်တဲ့ အစားအသောက် စားခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ် တိုးတက်မှုဟာ ပရိုတိန်းပါတဲ့ အစားအစာတွေမှာ အတက်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ပရိုတိန်းကြောင့် ဇီဝကမ္မဖြစ်မှုနှုန်းဟာ ၁၅-၃၀% ၊ ကာဗွန်ဟိုက်ဒရိတ် ၅-၁၀% နဲ့ အဆီဓါတ် ၀-၃% တို့ထက် အများကြီး မြင့်မားပါတယ်။

(၂) ရေအေးအေး များများ သောက်ပါ

Drinking Water

Photo : Pexels

ရေသောက်တာဟာ ဝိတ်ကျပြီး လူကို ပိုသွက်လက်ပေါ့ပါးစေနိုင်ပါတယ်။ ရေ ၁၅ အောင်စ (၀.၅ လီတာ) သောက်တာဟာ တစ်နာရီ ဇီဝကမ္မဖြစ်စဉ်နှုန်းကို ၁၀ ကနေ ၃၀% အထိ တိုးလာစေနိုင်ပါတယ်။ ရေအေးအေး သောက်ပေးတာဟာ ကယ်လိုရီလောင်ကျွမ်းမှု ပိုမြင့်နိုင်ပါတယ်။ အစားမစားခင် နာရီဝက်လောက် ကြိုပြီး ရေသောက်တာဟာ အစာစားချင်စိတ်ကို လျှော့ချနိုင်ပါတယ်။ ရေအပြင် ကော်ဖီ ၊ Green Tea သောက်တာတွေကလည်း Metabolism ပို မြှင့်ပေးနိုင်စွမ်း ရှိပါတယ်။

(၃) ခပ်ပြင်းပြင်း Workout တွေ လုပ်ပါ

Workout

Photo : Pexels

High-Intensity Interval Training (HIIT) ကစားတာဟာ ဇီဝကမ္မဖြစ်စဉ်ကို ပိုမြန်ဆန်စေခြင်းအားဖြင့် အဆီလောင်ကျွမ်းမှုကို မြှင့်ပေးနိုင်ပါတယ်။ Overweight ဖြစ်နေတဲ့ လူငယ်တွေကို ၁၂ ပတ်ကြာ High-Intensity Interval Training ကစားပေးခြင်းအားဖြင့် ကိုယ်အလေးချိန် ၄.၄ ပေါင် နဲ့ ဗိုက်ခေါက် Belly Fat ၁၇% လျှော့ချပေးနိုင်တာ တွေ့ခဲ့ရပါတယ်။ အလားတူပဲ ဝိတ်မတာဟာ ကြွက်သားတွေ ကျမသွားအောင် ထိန်းပေးနိုင်သလို ဇီဝကမ္မဖြစ်စဉ်ကိုလည်း ပိုလှုံ့ဆော်ပေးနိုင်ပါတယ်။

(၄) ကောင်းကောင်းအိပ်ပါ

Sleep

Photo : Pexels

နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းဟာ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာ စေနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းကတော့ အဝလွန်မှု ၊ အင်ဆူလင် နဲ့ သွေးတွင်းသကြားဓါတ် တက်လာစေပြီး ဆီးချိုသွေးချိုဖြစ်မှုကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ဖြစ်စေဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရေးဝအောင် အိပ်ပေးဖို့လည်း လိုပါတယ်။

Featured Photo : mensjournal