အစာချေစနစ် အားနည်းခြင်းသည် လူကို မအီမသာဖြစ်စေပြီး စိတ်ဖိစီးမှုများခြင်း၊ အစာအိမ် ကျန်းမာရေး အားနည်းခြင်း၊ အသည်းကျန်းမာရေးကိုလည်း ထိခိုက်စေကာ ကိုယ်အလေးချိန်ကိုလည်း တက်စေပါတယ်။ အစာအိမ် ကျန်းမာရေး ကောင်းမွန်ဖို့ရန်အတွက် ကူညီပေးမယ့် လေ့ကျင့်ခန်း များရှိပါတယ်။ ထိုလေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းအားဖြင့် သင့်ရဲ့ အစာအိမ်ကျန်းမာရေးကို မြှင့်တင်လိုက်ပါ။

လမ်းမြန်မြန်လျှောက်ခြင်း

အစာအိမ် လေ့ကျင့်ခန်း

လမ်းမြန်မြန်လျှောက်ခြင်းသည် အစာအိမ် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အရိုးရှင်းဆုံး လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ တစ်နေ့လျှင် မိနစ် ၃၀ မှ မိနစ် ၄၀ ခန့် လမ်းလျှောက်ပေးခြင်းအားဖြင့် အူလမ်းကြောင်းကို ကျန်းမာစေပြီး အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ စားပြီးသားအစားအစာများကို အလွယ်တကူကြေညက်သွားစေပြီး သက်သောင့်သက်သာနဲ့ နေလို့ကောင်းစေမှာဖြစ်ပါတယ်။

စက်ဘီးစီးခြင်း

အစာအိမ် လေ့ကျင့်ခန်း

စက်ဘီးစိးခြင်းသည် အစာအိမ် ကျန်းမာရေးအတွက် အထိရောက်ဆုံး လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းသည် အူလမ်းကြောင်းကို ကျန်းမာစေရုံသာမကဘဲ ဝမ်းဗိုက်ရှိ အဆီပိုများကိုလည်း ခြေဖျက်ပေးပါတယ်။

Crunches လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

အစာအိမ် လေ့ကျင့်ခန်း

Crunches လေ့ကျင့်ခန်းသည် ဝမ်းဗိုက်ရှိ အဆီပိုများကို ဖယ်ရှားပေးပြီး ဝမ်းဗိုက်ကြွက်သားများကို ကျစ်လျစ်သန်မာစေပါတယ်။ ဒါ့အပြင် အစာအိမ် ကျန်းမာရေးကို အရင်လိုပြန်လည်ကျန်းမာနေအောင် ကူညီပေးပါတယ်။

Crunches လေ့ကျင့်ခန်းများ အများအပြားရှိတဲ့အနက် သင့်အနေနဲ့ မိမိကြိုက်နှစ်သက်ရာ လေ့ကျင့်ခန်းကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ Sit-Ups ၊ Leg Crunch ၊ Long Arm Crunch ၊ Reverse Crunch စသည်ဖြင့် အမျိုးမျိုး ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

ယောဂကစားခြင်း

man exercise

ယောဂလေ့ကျင့်ခန်းများသည် ခန္ဓာကိုယ်ကို နူးညံ့ပျော့ပျောင်းစေရုံသာမကဘဲ အစာအိမ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့ အစာအိမ်ပြဿနာများကိုလည်း လျော့ပါးသက်သာစေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ယောဂလေ့ကျင့်ခန်းများကို စိတ်ဖိစီးမှုများကို ဖယ်ရှားပေးလို့ပဲဖြစ်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း

man exercise

သင့်အနေနဲ့ ဒီလေ့ကျင့်ခန်းကို သတိတောင် ထားမိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ အသက်ရှူလေ့ကျင့်ခန်းတစ်ခုသည်လည်း သင့်ရဲ့ အစာချေစနစ်ကို ပြန်လည်ကောင်းမွန်စေပါတယ်။ သင့်ရဲ့ အသက်ရှူစနစ်က ပုံမှန်မဖြစ်ဘူးဆိုရင် အစာအိမ်ကိုလည်း ပြဿနာ သွားသက်ရောက်စေပြီး ရင်ပူခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ခြင်း အစရှိတဲ့ ပြဿနာများကို ခံစားရစေပါတယ်။

Source: Ndtv

Featured Image: Muscleandfitness