လူမှုဆက်ဆံရေးမှာ သူ့စည်းကိုယ့်စည်း ထားနိုင်ခြင်းက အရေးကြီးတဲ့ လူမှုစံတစ်ခုပါပဲ။ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးရပ်တည်ချက်နဲ့ စံတန်ဖိုးတွေကို ဘောင်ခတ်ထားတာဟာ ပုဂ္ဂိုလ်ရေးဖွံ့ဖြိုးမှုအတွက်ရော ၊ ကိုယ်ပိုင်ဖြစ်တည်မှုကို ပျိုးထောင်ဖို့အတွက်ပါ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ ကိုယ့်အကန့်နဲ့ကိုယ် နေမယ်ဆိုရင် ဘယ်ကနေ သွားရမလဲနဲ့ ပတ်သက်ပြီး အကြံတချို့ ပေးချင်ပါတယ်။

(၁) ကိုယ်ပိုင်စည်းဘောင်တွေ သတ်မှတ်ပါ

fence-wood-fence-wood-limit

Photo : Pexels

ကိုယ့်ရဲ့ ကိုယ်ပိုင်စည်းဘောင်ဆိုတာ ကိုယ့်ကို ဘယ်လိုအခြေအနေဖြစ်ဖြစ် အသံကျယ်ကျယ်နဲ့ လာပြောတာ မကြိုက်တာ ၊ ကိုယ့်ဖုန်းကို သူများ ယူသုံးတာ လက်မခံတာတို့လိုမျိုး Personal Space ထားတဲ့ အခြေအနေကို ပြောတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်လုံးဝမကြိုက်တဲ့ အရာတွေကို ရှာဖွေဖို့ပါ။ ဒါနဲ့ ပတ်သက်လို့ ကိုယ်ထားတဲ့ တန်ဖိုးတွေပါ ဆွဲထုတ်ဖို့ လိုပါတယ်။

(၂) ရိုးရိုးလေးက စပါ

Bar

Photo : Pexels

ကိုယ်မကြိုက်လို့ ဘောင်ခတ်ပြီး စည်းတားထားတဲ့ အရာတွေကို တခြားသူတွေ ထိပါးဖို့ ကြိုးစားလာရင် ငြင်းရဲဖို့ လိုပါတယ်။ ဒါအတွက် အလွယ်ဆုံးက ကိုယ်နဲ့ ရင်းနှီးသူတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ်မကြိုက်တဲ့အချက်တွေ မလုပ်ဖို့ ကြိုပြီး တောင်းဆိုထားတာမျိုးပါ။ သူတို့ မကြိုက်တာရှိရင်လည်း ပြောထားဖို့ တိုက်တွန်းကြည့်ပါ။

(၃) ငြင်းပါ

No

Photo : Pexels

ကိုယ့်ရဲ့ ဘောင်ကို လာကျော်ရင် ငြင်းတတ်ဖို့ လိုပါတယ်။ သင့်စည်းဘောင်ထဲမှာ သူစိမ်းတွေနဲ့ အရက်ဝိုင်း မထိုင်ဖို့ သတ်မှတ်ချက်ပါရင် သူစိမ်းတွေ ပါရင် ဟင့်အင်းလို့ ငြင်းလိုက်ပါ။ တခြားအခြေအနေမှာပဲ တွေ့ဆုံမယ်ဆိုပြီး Option ထားဖို့လည်း လိုပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် သိစိတ် လေ့ကျင့်ပါ

Breathing

Photo : Pexels

ကိုယ်ဘာလဲဆိုတာကို သိအောင် ကြိုးစားတာဟာ တစ်နည်းအားဖြင့် Mindfulness Practice လုပ်နေတာပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် စည်းဘောင်ထားတယ်ဆိုတာလည်း ဒီသဘောပါပဲ။ တစ်နည်းနည်းနဲ့ ကိုယ့်အတွင်းစိတ် ခံစားမှုကို ကိုယ်တိုင်သိရှိလာအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂိုလ်ရေးစည်းဘောင်တွေ ထားတဲ့ နေရာမှာ အားနာစရာမလိုသလို ဒါဟာ ကိုယ့်စိတ်ကို အဆင့်မြှင့်တင်နေတာလို့လည်း လက်ခံဖို့ လိုပါတယ်။

Featured Photo : sunshine coast health centre