ကိုယ့်ချစ်သူ ကောင်မလေးနဲ့ လေ့ကျင့်ခန်းအတူတူဆော့ကစားခြင်းသည် တစ်ယောက်နဲ့တစ်ယောက် အားပေးအားမြှောက်ဖြစ်စေပြီး လေ့ကျင့်ခန်းများများ လုပ်ဖြစ်အောင် ကူညီပေးပါတယ်။ ဒါပေမဲ့ ကိုယ့် ကောင်မလေး နဲ့ Workout အတူတူ ဆော့ကစားမယ့် ကွီး တို့အနေနဲ့ သိထားသင့်တဲ့ အချက်များရှိပါတယ်။

ဆရာကြီး လေသံမပေါက်ပါစေနဲ့

ကောင်မလေး Workout ကွီး

Gym မှာ လေ့ကျင့်ခန်းအတူတူဆော့ကစားကြတဲ့အခါ ကိုယ့်ချစ်သူအတွက် ကိုယ်သည် အားတက်စရာတစ်ခု ဖြစ်ရပါတယ်။ သူ(မ) ဒီလိုလုပ်လေ၊ ဟိုလိုမလုပ်ရဘူး စတဲ့ နည်းပြလေသံနဲ့ ဆရာကြီးလုပ်တတ်တဲ့အကျင့်ကို ဖျောက်ဖျက်ဖို့လိုပါလိမ့်မယ်။ ကိုယ်က သိတယ်ဆိုရင်တော့ အကြံပေးချင်တဲ့အခါ ဝေဖန်လေကန်တဲ့ လေသံမျိုးမဟုတ်ဘဲ ကူညီပေးချင်တဲ့လေသံနဲ့ ပြောဆိုရမှာပါ။

မတူညီတာတွေကို စမ်းလုပ်ကြည့်ဖို့ ဝန်မလေးပါနဲ့

ကောင်မလေး Workout ကွီး

သင်သည် ဝိတ်တုံးတွေနဲ့ အလေးမလေ့ကျင့်ခန်းတွေ ပြုလုပ်ရတာ ပျော်ပြီး သူ(မ)က Pilates လေ့ကျင့်ခန်းတွေ ဆော့ကစားရတာမျိုး (သို့) Zumba လေ့ကျင့်ခန်းတွေပြုလုပ်ပြီး ကခုန်ရတာမျိုး စသည်ဖြင့် အကြိုက်ချင်းမတူတာမျိုးတွေရှိနိုင်ပါတယ်။ ကိုယ့် ကောင်မလေး နဲ့ Workout အတူတူဆော့ချင်တဲ့ ကွီး တို့အနေနဲ့ သူ(မ)အကြိုက်ကိုလည်း လိုက်လျောပေးဖို့ လိုအပ်ပါလိမ့်မယ်။

သူ(မ)က ယောဂဆော့ကစားရတာ ကြိုက်တယ်ဆိုရင် ကိုယ်က တစ်ရက်တစ်လေလောက် အလေးမ လေ့ကျင့်ခန်းမလုပ်ဘဲ သူ(မ) ဘေးနားမှာ ယောဂဖျာခင်းရင်း အတူတူ ပြုလုပ်ကြည့်လိုက်ပါ။ ဒီလိုမျိုး သူ့အကြိုက် ကိုယ့်အကြိုက်လေးတွေကို တစ်လှည့်စီး အပေး အယူမျှမျှနဲ့ ပြုလုပ်မယ်ဆိုရင် ကွီးတို့ရဲ့ စုံတွဲ Workout Plan က အောင်မြင်ပြီး ထိရောက်မှု ရှိပါလိမ့်မယ်။

မယှဉ်ပြိုင်ပါနဲ့

ကောင်မလေး Workout ကွီး

ကိုယ့်ကောင်မလေးကို လေ့ကျင့်ခန်းများများ ပြုလုပ်စေချင်ဇောနဲ့ ကိုယ်နဲ့ နှိုင်းယှဉ်ကာ လိုက်ပြိုင်နေခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တယ်ဆိုတာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေ့ါပါးပါး ပြုလုပ်ရမယ့်အရာဖြစ်ပါတယ်။ သူ(မ)အနေနဲ့ ခက်ခဲတဲ့အရာ၊ စိတ်ရှုပ်စရာတစ်ခုလို့ မြင်သွားတဲ့အခါ လေ့ကျင့်ခန်း ဆက်လုပ်မဖြစ်တော့အောင် တွန်းပို့နေပါလိမ့်မယ်။ ကိုယ့် ကောင်မလေး နဲ့ Workout အတူတူဆော့ချင်တဲ့ ကွီး တို့အနေနဲ့ ဒီအချက်ကို သေချာဂရုပြုသင့်ပါတယ်။

တစ်ယောက်တစ်လှည့်စီ ဦးဆောင်ပါ

couple exercises together

လေ့ကျင့်ခန်း ပြုလုပ်ရတာသည် စိတ်ပါတဲ့ရက်လည်း ရှိနိုင်သလို စိတ်မပါတဲ့ရက်လည်း ရှိမှာအမှန်ပါပဲ။ ကိုယ် စိတ်မပါတဲ့ရက်မျိုးမှာလည်း သူ(မ)ရှေ့မှာ Gym မသွားချင်ဘူး။ လေ့ကျင့်ခန်းမလုပ်ချင်ဘူး စသည်ဖြင့် ကလေးတစ်ယောက်လို ဂျီကျနိုင်ပါတယ်။ ဒါဆိုရင်တော့ သင့်ကောင်မလေးက တစ်ဖန်ပြန်ပြီး သင့်ကို Gym အရောက်သွားကာ အတူတူလေ့ကျင့်ခန်းပြုလုပ်နိုင်အောင် ဦးဆောင်ပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဖို့မမေ့ပါနဲ့

couple exercises together

ကိုယ့် ကောင်မလေးနဲ့ Workout အတူတူလုပ်နေတာဆိုတော့ ကွီး တို့သည် သူ(မ)ကိုပဲ ဂရုစိုက်မိနေတတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့လည်း မမေ့သင့်ပါဘူး။ လေ့ကျင့်ခန်းတစ်ခုချင်းစီသည် နည်းမှန်လမ်းမှန်နဲ့ ပြုလုပ်ရမှာဖြစ်သလို ကိုယ့်ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် အလေးမတဲ့အခါမျိုးမှာ အလေးတုံးကိရိယာများကို သေချာကိုင်တွယ်သင့်ပါတယ်။ ဒါမှ မလိုလားအပ်တဲ့ မတော်တဆဖြစ်စဉ်များကို ရှောင်ကွင်းနိုင်မှာဖြစ်ပါတယ်။

Source: Askmen.com

Featured Image: Evofitness.ch