ဆက်ဆံရေး ဆိုတာ လူတိုင်းရဲ့ဘဝမှာ အရမ်းအရေးကြီးတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ဆိုတာ အချိန်ရော အားထုတ်မှုရော အများကြီး လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ လူနှစ်ယောက်က လုံးဝမတူညီကြဘူးလေ။ အဲ့ဒီနှစ်ယောက်ကို တစ်ယောက်တည်းလိုဖြစ်အောင် ကြိုးစားရတာဆိုတော့ မလွယ်ဘူး။ လူတွေအထင်လွဲနေတဲ့အရာတစ်ခုက ဆက်ဆံရေးတစ်ခုဟာ လူတစ်ယောက်ရဲ့ အဓိကအရာဖြစ်သင့်တယ်၊ ဘဝရဲ့ အရေးအကြီးဆုံးအရာလို့ ပြောနေကြတာပဲ။ တကယ်တော့ အဲ့လိုမဟုတ်ဘူး။ ဆက်ဆံရေးဆိုတာ အလုပ်၊ သူငယ်ချင်း၊ မိသားစုလိုပဲ ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါ။

Photo : Calm

ဆက်သွယ်မှုကိစ္စမှာ လူတော်တော်များများပြောနေကြ၊ ကြားနေကြတာနဲ့ မတူပါဘူး။ “စကားပြောရင် ဘာမဆို ပြေလည်သွားတယ်” ဆိုတဲ့စကားက တကယ်တော့ မမှန်ပါဘူး။ လုပ်ရပ်က စကားထက် အများကြီး ပိုအရေးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ လုပ်ရပ်တွေကတစ်ဆင့် ကိုယ့်ရဲ့အဖော်ကို ထိရောက်စွာ ဆက်ဆံနိုင်ဖို့၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ အပြုအမူတွေကို ရရှိဖို့အတွက် ဆက်သွယ်မှုက အရမ်းအရေးကြီးပါတယ်။

ဆက်ဆံရေးဆိုတာ လူနှစ်ယောက်နဲ့ဆိုင်တဲ့ ကိစ္စဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ မတူညီတဲ့ ဝါသနာတွေ၊ သီးခြား လူမှုအသိုင်းအဝိုင်းနဲ့ ကိုယ့်မိသားစုကိုယ်စီရှိတဲ့ လူနှစ်ယောက်အကြောင်းပါပဲ။ တစ်ယောက်ကိုတစ်ယောက် “ကိုယ်ပိုင်အချိန်” ပေးတာ၊ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော လေးစားတာက ဆက်ဆံရေးအတွက် အံ့သြစရာကောင်းလောက်အောင် အထောက်အကူဖြစ်ပြီး ကျန်းမာစေနိုင်ပါတယ်။

Photo : The Everygirl

ဆက်ဆံရေးက ဘယ်လောက်ကြာကြာ၊ ဘယ်လောက်စောစော စဖြစ်ဖြစ်၊ date night ဆိုတာက နှစ်ယောက်အတွက် အမြဲတမ်း အကျိုးရှိပါတယ်။ အတူတူ quality time ဖြုန်းပြီး ဆက်ဆံရေးကို အသက်ဝင်နေစေပါတယ်။ Date night ဆိုတာ ဈေးကြီးတဲ့ စားသောက်ဆိုင်မှာ champagne နဲ့ ညစာစားတာမျိုး မဖြစ်နိုင်ပါဘူး။ ရုပ်ရှင်ကြည့်ရင်း ရေခဲမုန့်လေးစားပြီး အိမ်နေရင်း အဝတ်အစားနဲ့ အတူတူ အနားယူတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အိပ်ရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းက ပထမတစ်ချက်မှာ အရမ်းရယ်စရာလို့ ထင်ရပေမဲ့ ခဏလေး နားထောင်ပေးပါ။ ဒါက တကယ်ကို မှော်ဆန်တဲ့ ချစ်ဆေးတစ်မျိုးပါပဲ။ စည်းမျဉ်းကတော့ အဲဒီနေ့မှာ နားလည်မှုလွဲမှားတာတွေ၊ ပြဿနာတွေကို မဖြေရှင်းဘဲ ဘယ်တော့မှ အိပ်မသွားနဲ့ ဆိုတာပါပဲ။ ဒီလိုလုပ်ခြင်းက နောက်နေ့တွေမှာ ဖြစ်လာနိုင်တဲ့ ဘာကိစ္စကိုမဆို ပိုဆိုးသွားစေနိုင်တဲ့ ပြဿနာတွေကို နောက်နေ့အထိ မယူသွားတဲ့အတွက် မနက်တိုင်းမှာ စိတ်အေးချမ်းတဲ့ အခြေအနေကို ရစေပါတယ်။

Photo : CNN

ဘယ်လို ဆက်ဆံရေးမျိုးပဲဖြစ်ဖြစ်၊ သူငယ်ချင်း၊ မိသားစု ဒါမှမဟုတ် ရိုမန်တစ်ဆန်တဲ့ ဆက်ဆံရေးပဲဖြစ်ဖြစ်၊ အမှားအယွင်းတွေနဲ့အတူ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အတိတ်က အတွေ့အကြုံတွေကနေ ဖြစ်ပေါ်လာတဲ့ မျှော်လင့်ချက်တွေ အများကြီးပါလာတတ်ပါတယ်။ ဒီအရာကို အလယ်အလတ်အမှတ်တစ်ခုရောက်အောင် လုပ်ဖို့အတွက်၊ လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေကို သတ်မှတ်ဖို့နဲ့ ကိုယ့်ရဲ့ အဖော်ကိုလည်း ထိရောက်စွာ ပြောပြဖို့ အရေးကြီးပါတယ်။

Featured Photo : Linkedln