ကော့လ်တေး Drinks တွေကို ကိုယ်တိုင်ကိုယ်ကျ ဖျော်စပ်သောက်ရတာ ဝါသနာပါတဲ့ ကွီးတို့ အတွက် ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း ၃ မျိုးတည်းနဲ့ လွယ်ကူရိုးရှင်းဆုံး ပြင်ဆင်ဖျော်စပ်နိုင်မယ့် အမိုက်စား ကော့လ်တေး တွေကို မျှဝေပေးချင်ပါတယ်။

(၁) Old Fashioned

Photo : The Manual

နာမည်အကြီးဆုံး ဂန္ထဝင်ကော့လ်တေးတွေထဲက တစ်မျိုးကတော့ Old Fashioned ပဲ ဖြစ်ပါတယ်။ Old Fashioned ကော့လ်တေးကို ဘော်ဘွန်းဝီစကီ ၊ Simple Syrup ၊ Angostura Bitters စတဲ့ ပါဝင်ပစ္စည်း ၃ မျိုး နဲ့ အဓိက ဖျော်စပ်ပါတယ်။ ဘော်ဘွန်းဝီစကီအစား Rye ဝီစကီ ၊ စကော့ချ် ဝီစကီ ၊ ရမ် သို့မဟုတ် တကီလာတို့နဲ့လည်း နှစ်သက်သလို ဖျော်စပ်လို့ ရပါတယ်။

(၂) Americano

Photo : The Manual

Americano ကော့လ်တေးကိုတော့ Campari ၊ Sweet Vermouth ၊ Soda Water ၃ မျိုးတည်းနဲ့ အဓိက ဖျော်စပ်ပါတယ်။ Campari နဲ့ Sweet Vermouth ကိုရောစပ်ပြီး အပေါ်က Soda Water ထပ်ပေါင်းထည့်ရတာပါ။ တကယ်ကို လန်းဆန်းချိုမြတဲ့ Refreshing ကော့လ်တေးတစ်ခွက်ဖြစ်ပြီး ၂ မိနစ်အတွင်းမှာတင် အလွယ်ဆုံးဖျော်စပ်လို့ ရပါတယ်။

(၃) Manhattan

Photo : The Manual

ဘားတွေမှာ အသောက်များတဲ့ ကော့လ်တေး တစ်မျိုးလို့ပြောရင် Manhattan ကော့လ်တေးကိုပဲ ညွှန်းရမှာပါပဲ။ ချိုမြိန်ခါးသပ်တဲ့ စွဲမက်ဖွယ်အရသာနဲ့ ပြီးပြည့်စုံတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ Manhattan ကော့လ်တေးမှာ Rye ဝီစကီ ၊ Sweet Vermouth ၊ Angostura Bitters စတဲ့ ပါဝင်ပစ္စည်း ၃ မျိုး အဓိကပါဝင်ပြီး မိနစ်အနည်းငယ်အတွင်းမှာတင် အလွယ်ကူဆုံး ဖျော်စပ်လို့ရပါတယ်။

(၄) Bee’s Knees

Photo : The Manual

Gin Based ကော့လ်တေး တွေထဲမှာ နာမည်ကြီး လူကြိုက်များတာကတော့ Bee’s Knees ပါ။ Bee’s Knees ကော့လ်တေးကို Gin ၊ Honey Syrup ၊ Lemon Juice တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။ ပေါ့ပါးပြေပြစ်တဲ့အရသာနဲ့ နွေဦးကာလတွေမှာ သောက်လို့ အလိုက်ဖက်ဆုံး ကော့လ်တေးတစ်ခွက်ပဲ ဖြစ်ပါတယ်။

(၅) Margarita

Photo : The Manual

အမေရိကရဲ့ လူကြိုက်အများဆုံး ကော့လ်တေး စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတာကတော့ Margarita ကော့လ်တေးပါပဲ။ Tequila နဲ့ ဖျော်စပ်တဲ့ ကော့လ်တေးတွေထဲမှာလည်း နာမည်အကြီးဆုံးလို့ ပြောလို့ရပါတယ်။ Margarita ကော့လ်တေးကို Tequila ၊ Cointreau ၊ သံပုရာရည် စတဲ့ ပါဝင်ပစ္စည်း ၃ မျိုးတည်းနဲ့ အလွယ်ကူဆုံး ဖျော်စပ်နိုင်ပြီး လန်းဆန်းမှုကို ပေးစွမ်းမယ့် အမိုက်စားကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။‌

Featured Photo : Lifestyle Asia Hong Kong