ဒါကတော့ လွယ်ကူရိုးရှင်း Refreshing ဖြစ်စေတဲ့ Americano ကော့လ်တေး ဖျော်စပ်နည်းလေး ဖြစ်ပါတယ်။ Americano ကော့လ်တေးကို Campari ၊ Sweet Vermouth ၊ Soda Water စတဲ့ ပါဝင်ပစ္စည်း ၃ မျိုးတည်းနဲ့ အဓိက ဖျော်စပ်ပါတယ်။ ဒီကော့လ်တေးက Negroni နဲ့ ပုံစံချင်း အနည်းငယ်ဆင်တူပြီး လန်းဆန်းချိုမြတဲ့ ကော့လ်တေးအမျိုးအစား ဖြစ်ပါတယ်။

Photo : A Couple Cooks

Americano ဆိုတဲ့နာမည်ပေးထားပေမယ့် တကယ်တမ်းတော့ ဂန္တဝင်အီတလီ ကော့လ်တေး တစ်မျိုးပါ။ ၁၈၆၀ ခုနှစ်ဝန်းကျင်မှာ စတင်ပေါ်ပေါက်ခဲ့ပြီး အီတလီနိုင်ငံ ၊ မီလန်မြို့မှာရှိတဲ့ Caffe Campari လို့ခေါ်တဲ့ ဘားတစ်ခုတွင် တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ထင်ရှားသည်မှာ ၂၀ ရာစု အကူးအပြောင်းကာလအတွင်း အမေရိကန်ခရီးသွားတွေကြား ရေပန်းစားလာတာကြောင့် Americano ကော့လ်တေးလို့ နာမည်တွင်လာစေခဲ့တာ ဖြစ်ပါတယ်။ ဒီကော့လ်တေးက နွေရာသီနဲ့ Dinner မစားခင်အချိန်တွေမှာ တည်ခင်းလို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။

Photo : A Couple Cooks

Americano ကော့လ်တေးဖျော်စပ်ဖို့ အရင်ဆုံး Highball ဖန်ခွက်ထဲမှာ Campari ၁ အောင်စ ၊ Sweet Vermouth ၁ အောင်စ တို့ကိုရောထည့်ပေးပါ။ ပြီးရင် ဖန်ခွက်ထဲကို ရေခဲဖြည့်ပြီး အပေါ်က Soda Water ၄ အောင်စခန့် လောင်းထည့်ပေးရပါမယ်။ ဘားဇွန်းနဲ့ ညင်သာစွာမွှေပြီး သံပုရာသီး သို့မဟုတ် လိမ္မော်သီးစိပ်လေးတွေနဲ့ အလှဆင်ပြီး လန်းဆန်းချိုမြတဲ့ Americano ကော့လ်တေးတစ်ခွက် အသင့်သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Robb Report