ကော့လ်တေး ကောင်းကောင်းလေးတစ်ခွက် သောက်ချင်တယ်။ ဒါပေမယ့် အရမ်းကြီး အနုစိတ်ကျကျ တန်ဆာဆင် ပြင်ဆင်နေရတာမျိုးလည်း ပျင်းတယ်ဆိုရင်တော့ Classic Screwdriver ကော့လ်တေးကိုသာ ဖျော်စပ်မြည်းစမ်း ကြည့်လိုက်ပါ။ Screwdriver ကော့လ်တေးဟာ ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ ဖျော်စပ်တဲ့ အလွယ်ကူအရိုးရှင်းဆုံး ကော့လ်တေးတွေထဲက တစ်မျိုးဖြစ်သလို Bar နဲ့ Restaurants တွေမှာလည်း ရေပန်းစား အမှာများပါတယ်။

ကောလ်တေး

Photo : A Couple Cooks

OJ (Orange Juice) နဲ့ Vodka ဗော့ဒ်ကာ တို့ကို အတွဲအစပ်မိမိ ဖျော်စပ်ထားပြီး အရသာမှာတော့ ချိုတိုတို ၊ ချဉ်တင်တင်နဲ့ ခပ်ရှရှအရသာလေးမို့ ရှယ်ကောင်းပါပဲ။ Screwdriver ကော့လ်တေးရဲ့ သမိုင်းကြောင်းကို အတိအကျ မသိနိုင်ပေမယ့် ၁၉၄၄ ခုနှစ်ထုတ် Newsweek ဆောင်းပါးတစ်ပုဒ်မှာ ရေးသားဖော်ပြခဲ့ဖူးတာကြောင့် အဲ့ဒီခေတ် အဲ့ဒီကာလမှာပေါ်ထွက်ခဲ့တဲ့ ကော့လ်တေးတစ်မျိုးလို့ ယူဆလို့ရပါတယ်။ အခုလက်ရှိဆိုရင် နှစ်ပေါင်း ၇၈ နှစ်ဝန်းကျင် ရှိနေပြီဖြစ်တာကြောင့် ရှေးအကျဆုံး ပေါ်ပေါက်ခဲ့တဲ့ ကော့လ်တေးတွေထဲက တစ်မျိုးလို့ပင် ပြောလို့ရပါတယ်။

ကောလ်တေး

Photo : A Couple Cooks

Screwdriver ကော့လ်တေး ဖျော်စပ်နည်းကတော့ အရင်ဆုံး Highball ဖန်ခွက်ထဲမှာ ဗော့ဒ်ကာ ၂ အောင်စနဲ့ OJ (Orange Juice) ၄ အောင်စကို ရောထည့်ပါ။ ထို့နောက် ရေခဲအနည်းငယ် ရောထည့်လိုက်ပါ။ ဆန္ဒရှိပါက လိမ္မော်တစ်စိပ်နဲ့ ကော့လ်တေးချယ်ရီသီးလေး အလှဆင်ပြီး ချိုမြလန်းဆန်းတဲ့ Screwdriver ကော့လ်တေး တစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။ ကဲဘယ်လိုပဲ လွယ်တယ်မလား။ အပျင်းတစ်တဲ့ ကွီးတို့အတွက်တော့ ဒီကော့လ်တေးက ကွက်တိပဲပေါ့ဗျာ။

Featured Photo : Delish