ကမ္ဘာပေါ်ရှိ လူအများစုကို ကော်ဖီကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလေ့ ရှိကြပါတယ်။ ကော်ဖီ သောက်သုံးခြင်းသည် စိတ်ရွှင်လန်း တက်ကြွစေပြီး ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း မြင့်မားစေပါတယ်။ စိတ်ကျရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးပြီး အသက်ရှည်ရှည်နဲ့ ကျန်းမာစွာ နေထိုင်နိုင်အောင် ကူညီပေးပါတယ်။ တစ်ရက်လောက် ကော်ဖီမသောက်ရ မနေနိုင်တဲ့ ကော်ဖီချစ်သူတို့အတွက် ကမ္ဘာပေါ်တွင် ကော်ဖီ ဖျော်နည်း အမျိုးမျိုးရှိပါတယ်။

ကော်ဖီ ဖျော်နည်း အများအပြားရှိတဲ့အထဲကမှ အကောင်းဆုံးကော်ဖီတစ်ခွက်ရရှိအောင် ဘယ်လိုဖျော်ရမလဲဆိုတာ ဒီဆောင်းပါးကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

French Café au Lait

different styles of coffee

ဒီနည်းလမ်းလေးကတော့ ပြင်သစ်စတိုင်လ် ကော်ဖီဖျော်နည်းလေးပဲဖြစ်ပါတယ်။ နို့များများထည့်ကာ ဖျော်ရမှာဖြစ်ပါတယ်။

လိုအပ်မယ့်ပါဝင်ပစ္စည်းများကတော့ ဖျော်ပြီးသား ဘလက်ကော်ဖီပူပူလေး ဖန်ခွက် တစ်ဝက်ခန့်နှင့် နွားနို့ ပူပူလေး ဖန်ခွက်တစ်ဝက်စာတို့ လိုအပ်ပါလိမ့်မယ်။

different styles of coffee

ကော်ဖီသောက်မယ့် ဖန်ခွက်ထဲသို့ ကော်ဖီနှင့် နွားနို့တို့ကို အတူတူ လောင်းထည့်လိုက်ပါ။ နွားနို့အမြှုပ်များကိုတော့ နွားနို့ခွက်ထဲမှာ ချန်ထားခဲ့ပါ။ ထို့နောက် သမအောင် မွှေလိုက်ပါ။

different styles of coffee

နောက်ဆုံးအဆင့်ကျမှ နွားနို့အမြှုပ်များကို အပေါ်ကနေ လောင်းချလိုက်ပါ။

different styles of coffee

ဒီ့ထက်ပိုပြီး အလှဆင်ချင်တယ်ဆိုရင်တော့ ချောကလက်မှုန့်များ အနည်းငယ် ဖြူးထည့်နိုင်ပါတယ်။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပြင်သစ်စတိုင်လ် ကော်ဖီ ဖျော်နည်း ဖြင့် ပြုလုပ်ထားတဲ့ ကော်ဖီတစ်ခွက်ရရှိသွားပါပြီ။

ဘလက်ခ်ကော်ဖီခါးခါးတစ်ခွက် ကြိုက်နှစ်သက်သူများအတွက် ကော်ဖီ ဖျော်နည်း

different styles of coffee

ပါဝင်မယ့်ပစ္စည်းများကတော့ ရေ ၃၀၀ မီလီလီတာနှင့် ကော်ဖီအကြမ်းမှုန့် ၁၈ ဂရမ်တို့ လိုအပ်ပါလိမ့်မယ်။ ကောဖီစစ်ဆန်ခါလေးလည်း လိုအပ်ပါလိမ့်မယ်။

ကော်ဖီစစ်ဆန်ခါအောက်မှာ ကော်ဖီခွက်လေး ခံထားလိုက်ပါ။ ထို့နောက် ရေနွေးပူကို အပေါ်ကနေ လောင်းထည့်ကာ ကော်ဖီဆန်ခါထဲ လောင်းထည့်လိုက်ပါ။

different styles of coffee

ဒါဆိုရင်တော့ ဘလက်ခ်ကော်ဖီစစ်တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Cappuccino ကော်ဖီ ကြိုက်နှစ်သက်သူများအတွက်

different styles of coffee

Cappuccino ကော်ဖီ ဖျော်နည်း အတွက် လိုအပ်မယ့် ပါဝင်ပစ္စည်းများကတော့ ကော်ဖီအကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၈ ဇွန်း၊ နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။

ရေကို ကော်ဖီဖျော်စက်ထဲ လောင်းထည့်လိုက်ပါ။

different styles of coffee

ထို့နောက် ကော်ဖီအကြမ်းမှုန့်ကို ကော်ဖီစက်ထဲ တပ်လိုက်ကာ ရေနွေးဖြင့် ပေါင်းစည်းသွားစေပြီး ကော်ဖီရည်များ ရလာအောင် ခံထားလိုက်ပါ။

different styles of coffee

နွားနို့ရည်ကိုလည်း အမြှုပ်များရလာအောင် စက်ဖြင့် မွှေပေးလိုက်ရပါမယ်။

different styles of coffee

ထို့နောက် စောစောက ဖျော်ထားတဲ့ ကော်ဖီရည်များကို ကော်ဖီခွက်ထဲ လောင်းထည့်လိုက်ပါ။ ထို့နောက် အပေါ်ကနေ နွားနို့အမြှုပ်များ လောင်းချလိုက်ပါ။

ဒါဆိုရင်တော့ ပြီးပြည့်စုံကာ အရသာရှိတဲ့ Cappucino ကော်ဖီတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

ကြာကြာနှပ်ထားကာ ဖျော်ထားတဲ့ ကော်ဖီအေး

ကော်ဖီ ဖျော်နည်း

ပါဝင်ပစ္စည်းများကတော့ ကော်ဖီစေ့ ဖန်ခွက် တစ်ခွက်စာ၊ ရေ ဖန်ခွက် ၄ ခွက်စာတို့ပဲ ဖြစ်ပါတယ်။

ကော်ဖီစေ့များကို အမှုန့်များရသွားသည်အထိ ကြိတ်ပေးလိုက်ပါ။

ကော်ဖီ ဖျော်နည်း

ရရှိလာတဲ့ ကော်ဖီမှုန့်ကို ဖန်ပုလင်းထဲထည့်ကာ ရေဖန်ခွက် ၄ ခွက်စာတို့ လောင်းထည့်လိုက်ပါ။ ကော်ဖီမှုန့်များ အနည်းထိုင်သွားသည်အထိ မွှေပေးလိုက်ပါ။

ကော်ဖီ ဖျော်နည်း

ထို့နောက် ထိုကော်ဖီဖန်ပုလင်းကို အပေါ်ကနေ ခွက်ဖြင့် လုံအောင် ပိတ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားကာ ၁၂ နာရီ (သို့) တစ်ရက်ကြာသည်အထိ နှပ်ထားနိုင်ပါတယ်။

သတ်မှတ်ချိန်ရောက်တဲ့အခါမှာတော့ ကော်ဖီများကို အဖတ်များမပါစေဘဲ စစ်ယူလိုက်ပါ။ ထို့နောက် ပုလင်းကို လုံအောင် ပြန်ပိတ်ထားကာ ရေခဲသေတ္တာထဲတွင် ရက်သတ္တပတ် ၁ ပတ်ခန့် နှပ်ထားပေးဖို့လိုပါလိမ့်မယ်။

ကော်ဖီ ဖျော်နည်း

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ကော်ဖီများကို ဖန်ခွက်အရှည်ထဲ ပြောင်းထည့်ကာ ရေခဲတုံးများ ထည့်လိုက်ပါ။ ဒါဆိုရင်တေ့ အရသာရှိတဲ့ နှပ်ကော်ဖီစစ်တစ်ခွက်ရရှိသွားပါပြီ။

သူ့အရသာစစ်အတိုင်း သောက်နိုင်သလို နွားနို့ အနည်းငယ်ထည့်ပြီးလည်း သောက်နိုင်ပါတယ်။

အရသာထူးကဲလွန်းလှတဲ့ ရေခဲမုန့် ကော်ဖီဖျော်နည်း

ကော်ဖီ ဖျော်နည်း

သင်သည် ကော်ဖီလည်း ကြိုက်နှစ်သက်တယ်၊ ရေခဲမုန့်လည်း ကြိုက်တယ်ဆိုရင်တော့ ဒီရေခဲမုန့် ကော်ဖီ ဖျော်နည်း ကို မိမိအိမ်မှာပဲ ကိုယ်တိုင်ကိုယ်ကျ ဖျော်စပ်ကာ သောက်သုံးနိုင်ပါတယ်။

ကော်ဖီ ဖျော်နည်း

လိုအပ်မယ့် ပါဝင်ပစ္စည်းများကတော့ ရေခဲမုန့် ရေခဲမုန့်ဇွန်း တစ်ဇွန်းစာ၊ နှပ်ကော်ဖီ (သို့) မိမိကြိုက်နှစ်သက်ရာ ဖျော်ပြီးသား ကော်ဖီ တစ်မျိုးမျိုး စားပွဲတင်ဇွန်း ၄ ဇွန်းစာနှင့် အလှဆင်ဖို့ရန်အတွက် ချောကလက်မှုန့်အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

ကော်ဖီ ဖျော်နည်း

ရေခဲမုန့်ကို ကော်ဖီဖျော်ခွက်ထဲတွင် အသင့်ပြင်ကာ ထည့်ထားလိုက်ပါ။

ကော်ဖီ ဖျော်နည်း

ထို့နောက် ကော်ဖီရည်များကို ရေခဲမုန့်အပေါ်ကနေ ဖြည်းဖြည်းချင်းစီ လောင်းချလိုက်ပါ။

ကော်ဖီ ဖျော်နည်း

နောက်ဆုံးမှာတော့ ချောကလက်မှုန့်များဖြင့် အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာထူးကဲကောင်းမွန်လှတဲ့ ရေခဲမုန့် ကော်ဖီတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

အခု ဖော်ပြသွားတဲ့ ကော်ဖီဖျော်နည်းလေးကတော့ မိမိအိမ်မှာပဲ အလွယ်တကူ ဖျော်စပ်နိုင်တဲ့ ကော်ဖီဖျော်နည်းတွေဖြစ်တာကြောင့် ရိုးရိုးကော်ဖီဖျော်သောက်ရတာ ငြီးငွေ့နေပြီဆိုရင် အခုဖော်ပြသွားတဲ့ ကော်ဖီဖျော်နည်းများကို အသုံးချကာ အလွယ်လေး ဖျော်သောက်နိုင်ပါတယ်။

နည်းမျိုးစုံနဲ့ စမ်းကြည့်ပြီးသွားပြီဆိုရင်တော့ ဘယ်နည်းလမ်းကို အကြိုက်ဆုံးလဲဆို တာ အခြားသောကော်ဖီချစ်သူများအတွက် ဝေမျှပေးခဲ့ပါဦး။

Source: Thespruceeats

Featured Image: Familyapp