ဝီစကီ Whiskey ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်။ ထိုသတင်းကောင်းကတော့ ကွီး တို့အနေနဲ့ ဝီစကီ Whiskey ကို ဆေးဖြစ်ဝါးဖြစ် မှီဝဲမယ်ဆိုရင် ကျန်းမာရေး အကျိုး ကျေးဇူး များကို ခံစားရနိုင်ပါတယ်။

သင့်အနေနဲ့ ဖြစ်နိုင်ပါ့မလားလို့ သံသယဝင်ကောင်း ဝင်ပါလိမ့်မယ်။ ကွီး တို့အနေနဲ့ မယုံသေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ဝီစကီ   Whiskey  သောက်သုံးခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူး များကို အတူတူ ဆက်လေ့လာနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

ကွီး ဝီစကီ ကျေးဇူး

ဝီစကီ Whiskey သောက်သုံးခြင်းရဲ့ အဓိက ကောင်းကျိုးတစ်ခုကတော့ သူသည် ခန္ဓာကိုယ်ထဲရှိ ကင်ဆာဖြစ်ပေါ်စေသော ဆဲလ်များကို တိုက်ဖျက်ပေးတာပဲဖြစ်ပါတယ်။ ဝီစကီ Whiskey ထဲတွင် ပါဝင်တဲ့ Ellagic အက်စစ်တစ်မျိုးသည် ကင်ဆာဆဲလ်များ ပြန့်ပွားသွားခြင်းမှ ကာကွယ်ပေးပြီး ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းကနေ အကျိုးပြုပေးနိုင်ပါတယ်။

မှတ်ဉာဏ်ချို့ယွင်းခြင်းမှ ကာကွယ်ပေးခြင်း

ကွီး ဝီစကီ ကျေးဇူး

အသက်အရွယ် ကြီးလာတဲ့အခါ မေ့တတ်လွန်းခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါတို့ကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီအကျိုးကျေးဇူးကိုရော ကွီးတို့ သတိတောင် ထားမိကြမှာမဟုတ်ပါဘူး။

စိတ်လက်ပြေပျောက်စေခြင်း

ကွီး ဝီစကီ ကျေးဇူး

လူတော်တော်များများက ဘာ့ကြောင့် ဝီစကီ Whiskey ၊ ဘီယာ စတဲ့ အယ်လ်ကိုဟောပါဝင်တဲ့ဖျော်ရည်တွေကို သောက်ကြတယ်လို့ ထင်ပါသလဲ။

စိတ်ညစ်စရာများ၊ စိတ်ဖိစီးစရာများကို မေ့ပျောက်ချင်ကြလို့ပါပဲ။ ဝီစကီ Whiskey အနည်းငယ်လောက် သောက်ပြီးသွားတဲ့အခါ ခန္ဓာကိုယ်က နေလို့ကောင်းသွားပြီး စိတ်ညစ်စရာများ ခဏတဖြုတ်လောက် မေ့သွားသလို ခံစားရပါလိမ့်မယ်။

ဒါသည် ဝီစကီ Whiskey က အာရုံကြောများကို တည်ငြိမ်သွားအောင် လုပ်ဆောင်ပေးလိုက်လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုများ၊ စိတ်ပူပန်စရာများ လျော့ကျသွားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်မှာ အလွန်တရာ ပင်ပန်းနွမ်းနယ်တဲ့ နေ့လေးတစ်ရက် ဖြတ်သန်းနေရတယ်လို့ ခံစားရတယ်ဆိုရင် ဝီစကီလေး Whiskey သောက်သုံးပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျအောင် ကူညီပေးခြင်း

benefits of drinking whiskey

အာဟာရဂျာနယ်တစ်ခုက ပြုလုပ်တဲ့ သုတေသနလေ့လာချက်အရ ဝီစကီ Whiskey သောက်သုံးခြင်းသည် ကယ်လိုရီများကို လောင်ကျွမ်းစေပြီး ဝိတ်တက်ခြင်းမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသိရှိရပါတယ်။ ကိုယ်အလေးချိန် ကျချင်တဲ့ ကွီးတို့အတွက်တော့ ဝီစကီ Whiskey က ပေးစွမ်းတဲ့ အကျိုး ကျေးဇူး တစ်ခုပဲဖြစ်ပါတယ်။

ကွီး တို့အနေနဲ့ ဝီစကီ Whiskey သောက်တဲ့အခါ ဘယ်လိုသောက်သုံးလေ့ရှိပါသလဲ၊ ကျန်းမာရေး အကျိုးကျေးဇူး များ ခံစားရဖို့အတွက် ဘယ်လို သောက်သုံးနိုင်မလဲ။

ဝီစကီ Whiskey ထဲသို့ သံပုယိုရည် ထည့်သောက်ခြင်း

benefits of drinking whiskey

Photo: Thespruceeats

သံပုယိုသီးထဲတွင် ဗီတာမင်စီဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ဝီစကီ Whiskey ထဲ ထည့်သောက်လိုက်မယ်ဆိုရင်တော့ အအေးမိဖျားနာခြင်းကို ကုသပေးနိုင်ပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ အစွမ်းထက် Antioxidant များက အအေးမိဖျားနာဝေဒနာကို သက်သာပျောက်ကင်းစေတဲ့အပြင် လည်ချောင်းနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

ဝီစကီ Whiskey ကို ရေနွေးနွေးဖြင့် သောက်ပါ

benefits of drinking whiskey

Photo: Irishcentral

ဝီစကီ Whiskey သောက်တဲ့အခါ ဆီး မကြာခဏ သွားနေရတဲ့အတွက်ကြောင့် ကြာလာတဲ့အခါ ခန္ဓာကိုယ်ရှိ ရေဓာတ်များ ခမ်းခြောက်လာတတ်ပါတယ်။ ဒါပေမဲ့ ကွီး တို့အနေနဲ့ ဝီစကီ Whiskey ကို ရေနွေးနွေးဖြင့် သောက်သုံးပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ရှိ ရေဓာတ်ခမ်းခြောက်သွားခြင်းကို တားဆီးပေးနိုင်တဲ့ အကျိုး ကျေးဇူး တစ်ခု ရရှိနိုင်ပါတယ်။

Source: Greatist

Featured Image: Mensvariety