ကွီးတို့ ဧည့်ခန်းထဲမှာ ကော်ဖီစားပွဲလိုမျိုး စားပွဲခုံပုလေးတွေ မရှိရင် ပြီးပြည့်စုံတဲ့ ဧည့်ခန်းတစ်ခု မဖြစ်နိုင်ပါဘူး။ ကွီးတို့ ဧည့်ခန်းထဲကို ကော်ဖီ စားပွဲငယ်လေးတွေ ထပ်ပေါင်းထည့်ပြီး အမိုက်စား အလှဆင်ချင်ပြီးတော့ ဘတ်ဂျက်ကိုလည်း အများကြီး မသုံးချင်ဘူးဆိုရင်တော့ ကိုယ်တိုင် ကိုယ်ကျ ဖန်တီးနိုင်တဲ့ DIY နည်းလမ်းကောင်းလေးတွေ ရှိပါသေးတယ်။

ကွီးတို့ ကော်ဖီ စားပွဲကို အဝိုင်း ပုံသဏ္ဍာန် ဖန်တီးချင်သလား၊ ဒါမှမဟုတ် လေးထောင့်ဆန်ဆန်လေးလား၊ ဒါမှမဟုတ် ဘဲဥ ပုံသဏ္ဍာန်မျိုး ဖန်တီးမှာလား၊ ကွီးတို့ ကြိုက်နှစ်သက်တဲ့ DIY နည်းလမ်းကို အသုံးပြုနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။

ပင်ပင်ပန်းပန်း လုပ်စရာမလိုတဲ့ ကော်ဖီစားပွဲ

coffee table

ဒီကော်ဖီစားပွဲကတော့ သစ်တုံးလေးတွေကို ရိုးရိုးရှင်းရှင်းလေးပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဘယ်အချိန်မျိုးမှာ ဒီလို စားပွဲမျိုး ရနိုင်မလဲဆိုတော့ ကွီးတို့အိမ်ကပဲဖြစ်ဖြစ်၊ အိမ်နီးနားဝန်းကျင်ကပဲဖြစ်ဖြစ် သစ်ပင်ခုတ်လှဲတယ်ဆိုရင် ထိုခုတ်လှဲလိုက်တဲ့ ပင်စည်တွေက အလကားဖြစ်သွားမှာပါပဲ။ ဒီလိုမျိုး အလဟဿ မဖြစ်စေချင်ဘူးဆိုရင် အခုလိုမျိုး အလှဆင်ပြီး ကော်ဖီ စားပွဲငယ်တစ်ခု ဖန်တီးနိုင်ပါတယ်။​

ပြတင်းပေါက်အဟောင်းကို ပြန်လည်အလှဆင်ထားတဲ့ ကော်ဖီစားပွဲ

coffee table

ဒီစားပွဲကလည်း ထူးထူးခြားခြားကြီး ပြုလုပ်နေစရာမလိုပါဘူး။ ပြတင်းပေါက်အဟောင်းကို ပြန်လည် အလှဆင်ကာ အသုံးပြုနိုင်တဲ့ ကော်ဖီစားပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ပြတင်းပေါက်က ဟောင်းနေတဲ့ပုံပေါက်ရင်တော့ ကော်ဖတ်စားတာမျိုးပဲဖြစ်ဖြစ်၊ ဆေးသုတ်တာမျိုးပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

Pallet ကော်ဖီ စားပွဲ

ကော်ဖီ DIY

ဒီတစ်ခါမှာတော့ Pallet သစ်သားပြားတွေကို အသုံးပြုကာ ကော်ဖီ စားပွဲဖန်တီးရမှာ ဖြစ်ပါတယ်။ ဒီစားပွဲကို ဖန်တီးဖို့အတွက် Pallet ပြား နှစ်ပြားနဲ့ မှန်တစ်ချက် လိုအပ်ပါမယ်။ မှန်ကိုတော့ Pallet ပြားရဲ့ ဆိုဒ်အတိုင်း ကွက်တိ ကျအောင် ပြုလုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် Pallet ပြား ကြားထဲက အကန့်တွေကိုလည်း အံဆွဲသဖွယ် အသုံးပြုနိုင်ပါသေးတယ်။

ခေတ်ဟောင်း စတိုင်လ် ကော်ဖီ စားပွဲငယ်

ကော်ဖီ DIY

ဒီကော်ဖီစားပွဲ ပြုလုပ်ဖို့အတွက် ပျဥ်ပြား အကြီး တစ်ချပ်နှင့် ထောက်တိုင်အတွက် သစ်သား နှစ်ချပ်တို့ လိုအပ်ပါလိမ့်မယ်။ ထောက်တိုင်ကို သေချာ ခိုင်ခံ့အောင် ရိုက်ပြီးသွားတဲ့အခါမှာတော့ သစ်သားပြားကို ခေတ်ဟောင်း စတိုင်လ်မျိုးဖြစ်အောင် ကွီးတို့ ကိုယ်တိုင် ကိုယ်ကျ အလှဆင်နိုင်ပါတယ်။

ဒါဆိုရင်တော့ ကွီးတို့ ဧည့်ခန်းက ခံ့ခံ့ညားညားကြီးနဲ့ ကြည့်ကောင်းနေမှာ အမှန်ပါပဲ။

ကွီးတို့ရော ကိုယ့်ရဲ့ ဧည့်ခန်းမှာ အခုလိုမျိုး လှပတဲ့ ကော်ဖီ စားပွဲငယ်များနဲ့ အလှမဆင်ချင်ဘူးလား။

Source: Countryliving

Featured Image: Countryliving