ပုံမကျတဲ့ ဆံပင်ကေ အဟောင်းတွေကို နှစ်ဟောင်းမှာ ထားပစ်ခဲ့လိုက်ပါ။ ဒီတစ်ခါ နှစ်သစ်မှာ စိတ်သစ် လူသစ် ကေ အသစ် နဲ့ ဆော်ကြည်ဘဲ တစ်ဗွေအဖြစ် ပြောင်းလဲပစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် စတိုင်လ်မျိုးနဲ့ ခေါင်မိုးလဲပစ်မှ ရပါလိမ့်မယ်။

အခုဖော်ပြပေးမယ့် ဆံပင် ကေ အသစ် တွေကို တစ်ချက်လောက် ရှိုးလိုက်ပါ။ ကွီးတို့ ကြွေသွားမယ့် ဆံပင်စတိုင်လ်တွေကိုပဲ ရွေးထားတာမို့လို့ အတွေးမမှားဖို့တော့ လိုမယ်ဗျာ။

(၁) လူငယ်ဆန်ဆန် အထာကျစေမယ့် ဆံပင်ကေ

Hairstyles

ဒီဆံပင်ကေလေးကတော့ အရှေ့ဘက်က ဆံပင်များများ ချထားပြီး ဘေးနှစ်ဖက်ကိုတော့ ရိတ်ထားတဲ့ ဆံပင်စတိုင်လ်မျိုးပါ။ ဒီဆံပင်စတိုင်လ်က ၂၀၂၂ တုန်းက ခေတ်စားခဲ့တဲ့ ဆံပင်စတိုင်လ်တစ်ခုဖြစ်ပြီး ယခု ၂၀၂၄ မှာလည်း တစ်ဖန်ပြန်လည် ခေတ်စားလာမယ့် အလားအလာရှိပါတယ်။ တစ်ဖန်ပြန်လည် ခေတ်စားလာအောင် ဖန်တီးနိုင်တဲ့ အခွင့်အရေးကတော့ ကွီးတို့ လက်ထဲမှာပါပဲ။

(၂) ဆံပင် အလယ်ခွဲစတိုင်လ်မျိုး ပိုင်ဆိုင်ထားတဲ့ ကွီးတို့အတွက်

Hairstyles

ကွီးတို့ ဆံပင်စတိုင်လ်က အလယ်တည့်တည့်မှာ ခွဲကြောင်းရှိတယ်ဆိုရင်တော့ ဒီဆံပင်ကေလေးကို စမ်းကြည့်နိုင်ပါတယ်။ ဆံပင်အနောက် အောက်ဖျားလေးကို အဖျားရှူးပြီး ညှပ်ထားတဲ့ ပုံစံမျိုးလေးပါ။ ရှော်တီလေးတွေ တဖြုတ်ဖြုတ် ကြွေသွားစေမယ့် ဆံပင်စတိုင်လ်မျိုး ညှပ်ချင်တယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်မျိုး ညှပ်နိုင်ပါတယ်။

(၃) အလန်းစား ဆံပင်စတိုင်လ်မျိုး ဖန်တီးချင်တဲ့ ကွီးတို့အတွက်

ကေ အသစ်

ကွီးတို့က ခပ်ပျော့ပျော့ စတိုင်လ်မျိုးကို မကြိုက်ဘူး။ ခပ်မာမာ ထန်ထန် ပုံစံမျိုးလေးကိုမှ သဘောခွေ့တယ်ဆိုရင်တော့ ဒီဒီဇိုင်းမျိုးကို ညှပ်နိုင်ပါတယ်။ သူကတော့ ပထမဆံပင်ကေ နဲ့ ဆင်တင်တင်ပါပဲ။ မတူတဲ့အချက်ကတော့ ပထမ ဆံပင်ကေမှာ အရှေ့ပိုင်းကို များများ အသားပေးထားပြီး ဒီဆံပင်ကေမှာတော့ အရှေ့ပိုင်းကို ခပ်တိုတိုပဲ ညှပ်ထားတာကို တွေ့ရမှာပါ။

(၄) မျက်နှာသွယ်သွယ် ကွီးတို့အတွက်

ကေ အသစ်

ကွီးတို့ မျက်နှာက ခပ်သေးသေး သွယ်သွယ် မျက်နှာမျိုး ပိုင်ဆိုင်ထားပါသလား။ ဒါဆိုရင်တော့ ဒီဆံပင်စတိုင်လ်မျိုးကို ညှပ်သင့်ပါတယ်။ ဒီဆံပင်ကေက ကွီးတို့ မျက်နှာကျလေးကို ပိုမိုပေါ်လွင်သွားစေအောင် ကူညီပေးပါလိမ့်မယ်။

(၅) ဆံပင် အဖြောင့်လား (သို့) ဆံပင် အကောက်လား

ကေ အသစ်

ကွီးတို့ ဆံပင်က အဖြောင့်ဆိုရင်တော့ ဂုတ်ဝဲ စတိုင်လ်မျိုးကိုမှ တိုတိုကပ်ကပ်ကလေး ညှပ်နိုင်ပါတယ်။ ဆံပင် အကောက်ပိုင်ရှင်တွေကတော့ ဆံပင်အရှည်ထားရင် ပိုမိမိုက်နေမှာဆိုတော့ ဆံပင်အရှည်စတိုင်လ်ကို ဆိုင်သွားပြီး ပုံသွင်းကြည့်လိုက်ပါ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်သွားပါလိမ့်မယ်။

(၆) ချောမောခန့်ညားတဲ့ အသွင်မျိုး ဖန်တီးချင်ပါသလား

man hairstyle

ဒါဆိုရင်တော့ ဒီလိုမျိုး တိုတိုကပ်ကပ် ဆံပင်စတိုင်လ်မျိုးက်ု ညှပ်ကြည့်လိုက်ပါ။ ကွီးတို့ရဲ့ စတိုင်လ်က အင်မတန်မှ တည်ကြည်ခန့်ညားပြီး ချောမောတဲ့ ဘီးကျဲအသွင် ပြောင်းလဲသွားပါလိမ့်မယ်။ မယုံဘူးဆိုရင်တော့ စမ်းညှပ်ကြည့်လိုက်ပါ။

ကွီးတို့ရော အခု နှစ်သစ်မှာ ဘယ်လို ဆံပင် ကေ အသစ် နဲ့ အပီလန်းဖို့ ကြံရွယ်ထားပါသလဲ။

Source :  Gatsbyglobal

Featured Photo :  Therighthairstyles