ဈေးကွက်ထဲမှာ မကြာခဏတွေ့နေရတဲ့ လိင်အင်္ဂါ ကျင့်ပြောင်း ခေါ်  Penis Pumps တွေက တကယ်ပဲ လိင်တံအရွယ်အစား ကြီးထွားဖို့ကို အကူအညီ ဖြစ်စေပါသလား။ ကျင့်ပြောင်း (စုပ်ပြောင်း / ဆွဲပြောင်း) လို့ လူသိများတဲ့ Penis Pumps တွေကို ဆေးဖက်ဆိုင်ရာအရ Avcuum Erection Device လို့ ခေါ်ပါတယ်။ တကယ်တော့ ကျင့်ပြောင်းတွေဟာ Erectile Dysfunction (ပန်းသေပန်းညှိုးခြင်းပြဿနာ) ခံစားနေရတဲ့ အမျိုးသားတွေအတွက် အထူးထုတ်ထားတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။

Penis Pump တွေက လိင်တံကို ပိုကြီးအောင် မည်ကဲ့သို့ လုပ်ဆောင်ပေးပါသလဲ ?

Penis Pumps

Photo : Insider

Penis Pump ခေါ် ကျင့်ပြောင်း တွေဟာ လိင်တံတစ်ရှူးတွေဆီကို သွေးတွေကောင်းစွာ စီးဆင်းစေနိုင်ဖို့အတွက် စုပ်ယူခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးပါတယ်။ လိင်တံရဲ့ တစ်ရှူးတွေကို ချဲ့ထွင်ခြင်းဖြင့် သွေးစီးဆင်းမှုကို ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေရဲ့ လိင်အင်္ဂါဟာ ယာယီအားဖြင့် ပိုကြီးပြီး မာကျောစေတယ်လို့ ခံစားရစေပါတယ်။ Penis Pump တစ်ကြိမ် အသုံးပြုပြီးချိန်မှာ လိင်တံရဲ့ ထောင်မတ်မှုဟာ ၁၀ မိနစ်ကနေ ၁၅ မိနစ်ခန့်ကြာကြာ ထောင်မတ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။  လိင်တံစွပ်ကွင်းတွေ အသုံးပြုမယ်ဆိုရင်တော့ လိင်တံထောင်မတ်မှုဟာ နာရီဝက်ခန့်လောက် ကြာရှည်ခံနိုင်ပါတယ်။

အမျိုးသားအများစု အတွက်ကတော့ Penis Pump တွေကို ဘေးကင်းကင်းနဲ့ အသုံးပြုနိုင်ပါတယ်။ ပြွန်အတွင်း မှန်ကန်တဲ့ လေဖိအားပမာဏကို ချိန်ညှိဖို့နဲ့ လိင်တံကို အံဝင်ခွင်ကျဖြစ်စေဖို့တော့ အထူးဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သွေးခဲခြင်း သို့မဟုတ် သွေးကျဲဆေးသောက်နေရတဲ့ သွေးရောဂါ (Blood Disorders ) ရှိတဲ့ အမျိုးသားတွေအနေနဲ့တော့ Penis Pump တွေကို အသုံးပြုဖို့ မသင့်တော်ပါဘူး။

တကယ်တော့ Penis Pump တွေဟာ ဆိုရှယ်မီဒီယာနဲ့ ဝက်ဘ်ဆိုဒ်တွေမှာ မြင်နေရတဲ့ ဖွားဘက်တော်ရဲ့ အရှည်နဲ့လုံးပတ်အရွယ်အစားကို အချိန်တိုအတွင်း ကြီးထွားစေနိုင်တယ်ဆိုတဲ့ ကြော်ငြာစာသားတွေနဲ့ လက်တွေ့မှာတော့ အလွဲကြီး လွဲနေပါတယ်။ Penis Pump တွေကို ဆေးပညာအရ လိင်အင်္ဂါပြန်လည် သန်စွမ်းဖို့အတွက်သာ အဓိကအသုံးပြုတာ ဖြစ်ပါတယ်။

ကျင့်ပြောင်း အသုံးပြုခြင်းက ဘေးထွက်ဆိုးကျိုးတွေရှိပါသလား ?

Penis Pump

Photo : Healthline

ကျင့်ပြောင်းတွေကို လွဲမှားစွာအသုံးပြုမယ် နားလည်တက်ကျွမ်းတဲ့ ဆရာဝန်ရဲ့လမ်းညွှန်မှုမပါပဲ လျောက်လုပ်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

လိင်တံနာကျင်ခြင်း/ ပွန်းပဲ့ဒဏ်ရာရခြင်း – Penis Pump တွေဟာ လေဖိအားနဲ့ စုပ်ယူတဲ့အတွက် လိင်တံကို တင်းကြပ်စေပြီး အခန့်မသင်ရင် လိင်တံ နာကျင်တာ / ပွန်းပဲ့တာတွေ ဖြစ်နိုင်ပါတယ်။

သွေးခြည်ဥခြင်း – လိင်တံကို ဖိအားပြင်းပြင်းနဲ့ လျင်လျင်မြန်မြန် စုပ်ယူတဲ့အခါမှာ လိင်တံပေါ်မှာ Petechiae လို့ခေါ်တဲ့ သွေးခြည်ဥခြင်းလို အနီရောင်အစက်တွေ ထွက်လာနိုင်ပါတယ်။ ပြင်းထန်ပါက သွေးကြောတွေ ပေါက်ပြီး လိင်တံအရေးပြားပေါ်မှာ ခရမ်းရောင် အကွက်တွေကို တွေ့ရနိုင်ပါတယ်။

အာရုံခံစားမှု ကျဆင်းစေခြင်း – Penis Pump ကို အလွန်အကျွံ အသုံးပြုမယ်ဆိုပါက လိင်တံဟာ ထုံကျင်လာပြီး အတွေ့အထိ အာရုံခံစားမှုတွေ ကျဆင်းလာနိုင်ပါတယ်။

သုက်ရည်ပိတ်မိနေသလို ခံစားရခြင်း – သုက်လွှတ်တဲ့ အခါတိုင်းမှာ နာကျင်တာ သို့မဟုတ် သုက်ရည်အကုန် စွန့်မထုတ်နိုင်ပဲ သုက်ရည်တွေ ပိတ်မိနေသလို ထူးဆန်းတဲ့ခံစားချက်မျိုးလည်း ခံစားရစေနိုင်ပါတယ်။

Featured Photo : PHOENIX | Rise Again