လေ့လာမှုတွေအရ အမျိုးသားတော်တော်များများဟာ သူတို့ရဲ့လိင်အင်္ဂါ အရွယ်အစားနဲ့ ပတ်သတ်ပြီး ကျေနပ်မှု ရာခိုင်နှုန်း နည်းကြတယ်လို့ ဆိုပါတယ်။ အများစုကတော့ ပိုကြီးပိုကိတ်တဲ့ ဖွားဘက်တော် အရွယ်အစားကို လိုချင်ကြတာပါ။ အဓိက,ကတော့ ကိုယ့်လက်တွဲဖော်ပါတနာအတွက် ကျေနပ်မှုရှိစေဖို့နဲ့ အမျိုးသားတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိဖို့ဆိုတဲ့ အကြောင်းပြချက်တွေပေါ်မူတည်ပြီး လိင်အင်္ဂါဆိုဒ်ကို ပိုကြီးအောင် ပြောင်းလဲချင်ကြတာ ဖြစ်ပါတယ်။ တကယ့် အမှန်တရားကတော့ လိင်တံအရွယ်အစားဟာ လူအနည်းငယ်အတွက်သာ အရေးကြီးတာ မှန်ပေမယ့် လူအများစုအတွက်ကတော့ အဲ့လောက်ထိ အရေးမကြီးဘူးလို့ ပြောလို့ရပါတယ်။

penis size

Photo : The Guardian

ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ရဲ့လိင်တံဟာ ထောင်မတ်နေချိန်မှာ ၅ လက်မကနေ ၇ လက်မကြား အရှည်ရှိနိုင်ပါတယ်။ အချို့မှာ လုံးပတ်အရွယ်အစား သေးငယ်ကြပြီး အချို့ကတော့ အရွယ်အစား ပိုကြီးကြပါတယ်။ အချို့က လိင်တံထောင်မတ်နေချိန်နဲ့ ထောင်မတ်မှုမရှိတဲ့အချိန် အရွယ်အစားဟာ သိပ်ပြီးကွာခြားမှုမရှိပေမယ့် တစ်ချို့ကလည်း ကွာခြားမှုရှိပါတယ်။ ဒါတွေက လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇ ၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေအပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

လိင်တံဆိုတာကလည်း ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အခြားအစိတ်အပိုင်းတွေလိုပဲ မတူညီတဲ့ ပုံသဏ္ဍာန် ၊ အရွယ်အစားနဲ့ လာပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်တာကလည်း ဖြစ်ရိုးဖြစ်စဉ် သာမန်အနေအထား တစ်ခုပါပဲ။ ဆန့်ကျင်ဘက် ပါတနာကို ဆွဲဆောင်နိုင်မှု ဆိုတာဟာလည်း အဲ့ဒီ ပါတနာရဲ့ အမြင်နဲ့ စိတ်နေစိတ်ထားပေါ်မှာပဲ မူတည်နေတာပါ။ အချို့ကလည်း လိင်တံအရွယ်အစား ကြီးတာကို ကြိုက်ကြသလို အချို့အတွက်တော့ အရွယ်အစားဟာ အဓိကမကျပဲ လိင်တံအရွယ်အစားနဲ့ မသက်ဆိုင်တဲ့ လူတစ်ယောက်ရဲ့ ပင်ကိုယ်အရည်အသွေးတွေအပေါ်ကိုပဲ နှစ်သက်သဘောကျကြတာ ဖြစ်ပါတယ်။

ဆိုတော့ မူလမေးခွန်းကို ပြန်ကောက်ရမယ်ဆိုရင် အမျိုးသားတို့အနေနဲ့ မိမိတို့ရဲ့လိင်တံကို မုန်လာဥကနေ အရွယ်အစားကနေ သခွားသီဖြစ်အောင် ပြောင်းလို့ ရလားဆိုရင်တော့ သိသိသာသာကြီး အရွယ်အစားကြီးထွားလာအောင် ပြောင်းလဲဖို့တော့ မဖြစ်နိုင်ပါဘူး။ ဆေးထိုးတာ ၊ ဆီလီကွန်ထိုးတာ ကဲ့သို့ သဘာဝနည်းမဟုတ်တဲ့ ပြောင်းလဲနည်းတွေနဲ့တော့ ပြောင်းလဲလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုနည်းတွေက ကျန်းမာရေးရှု့ထောင်အရ စမ်းသပ်လုပ်ဆောင်ခြင်းမပြုဖို့ တားမြစ်ထားတဲ့ နည်းလမ်းတွေပါ။ အန္တရာယ် အင်မတန်များသလို နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေကလည်း အများကြီး ရှိပါတယ်။ အကယ်၍ သင်ဟာ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ လိင်တံအရွယ်အစားမှာ ရှိမနေဘူးလို့ ကိုယ့်ကိုယ်ကိုခံစားရတယ်ဆိုရင် ဝိတ်ချတာ ၊ နေထိုင်မှုပုံစံပြောင်းလဲတာ ၊ လေ့ကျင့်ခန်းလုပ်တာ စတာတွေ လုပ်ဆောင်နိုင်ပြီး လိုအပ်ပါက နားလည်တက်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ကာ ကုထုံးနည်းတွေ ၊ ခွဲစိတ်ကုသနည်းတွေ ခံယူလို့ရပါတယ်။

Penis Size

Photo : Rolling Stone

လိင်တံအရွယ်အစားဟာ ယောက်ျားပီသခြင်း ရှိ/မရှိနဲ့ မသက်ဆိုင်သလို ကိုယ့်ပါတနာရဲ့ လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု ပေးနိုင်/မပေးနိုင်ဆိုတာနဲ့လည်း မသက်ဆိုင်ပါဘူး။ ဒါကြောင့် သဘာဝကပေးလာတဲ့ သင့်ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းမှုပုံစံကို လက်ခံဖို့နိုင်ဖို့ ကြိုးစားတာကအကောင်းဆုံးဖြစ်ပြီး လူတိုင်းကိုယ့်ခန္ဓာကိုယ်ကို တန်ဖိုးထားချစ်တတ်ဖို့ သင်ယူခြင်းက အကောင်းဆုံး အဖြေတစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : PHOENIX | Rise Again