ကွီးတို့အနေဖြင့် နေ့စဉ်လုပ်မိသည်ဖြစ်စေ၊ မလုပ်မိသည်ဖြစ်စေ အချို့သော လုပ်ရပ်များသည် ကျန်းမာသန်စွမ်းရန် အနှောက်အယှက်ဖြစ်စေပါတယ်။ ထိုလုပ်ရပ် အ​လေ့အကျင့်များသည် ကျန်းမာရေးဆိုင်ရာ မကောင်းသော အလေ့အကျင့်များ ဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ မကောင်းသော အလေ့အကျင့်များကို ရပ်တန့် ပြောင်းလဲပစ်ရန် လိုပါတယ်။ သို့မှသာ ကွီးတို့ ကျန်းမာသန်စွမ်း ရောဂါကင်းတဲ့ ဘဝ ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ကွီးတို့မှာတွေ့နိုင်တဲ့ ကျန်းမာရေးဆိုင်ရာ မကောင်းသော အလ့အကျင့်များထဲက တစ်ချို့ကို ပြောပြလိုက်ပါတယ်။

(၁) ‌ရေကို ပြည့်ဝ လုံလောက်အောင် မသောက်ခြင်း

ကျန်းမာရေးဆိုင်ရာ မကောင်းသေ

Photo : Eat This, Not That

ကွီးတို့ရဲ့ ခန္ဓာကိုယ် ၆၀ ရာခိုင်နှုန်းကို ရေဖြင့်ဖွဲ့စည်းထားပါတယ်။ ရေ ဟာကျွန်းမာရေးအတွက် အရေးပါတဲ့ အခန်းကနေပါဝင်ပါတယ်။ နေ့စဉ် လိုအပ်တဲ့ ရေ ပမာဏကို ရအောင် မသောက်ဘူးဆိုရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓါတ်အပြည့်ရှိမယ်ဆိုရင် မှတ် ဉာဏ်ကို ကောင်းစေပါတယ်။ အရေပြားကို အေးမြ စိုပြေစေပါတယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေကို ကျောက်ကပ်မှတဆင့် ဖယ်ထုတ်ခြင်းကို ကူညီပေးပါတယ်။ ကြွက်သားနှင့်အရိုးအဆစ်တွေ ကောင်းစွာ အလုပ်လုပ်အောင်ကူညီပေးပါတယ်။

ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေက နေ့စဉ်ရေ (၁၃) ခွက် သောက်ဖို့ အကြံပြုထားပါတယ်။ နေ့စဉ် စားသောက်တဲ့ အစားအသောက်တွေထဲက ရေ နှစ်ခွက်ခွဲ လောက်ရရှိပါတယ်။ ခန္ဓာကိုယ်မှာ ရေ လိုအပ်ချက်ရှိမရှိကို သင့်ရဲ့ ဆီး အရောင်ကိုကြည့်ပြီး ပြောနိုင်ပါတယ်။ ဆီး အရောင်ဟာ အဝါဖျော့ Light Yellow ဖြစ်မယ်ဆိုရင် ရေ ဓါတ်အပြည့်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ရေဟာ ကျန်းမာရေးအတွက် အရေးကြီးတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ကွီးတို့မှာ ရေသောက်နည်းတဲ့ ကျန်းမာရေးဆိုင်ရာ မကောင်းတဲ့ အလေ့အကျင့် ကို ယခုဘဲ ရပ်တန့်လိုက်ပါ။

(၂) ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မှန်မှန် မလုပ်ခြင်း

EXERCISE

Photo : The Guide Liverpool

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကို လူတိုင်းမလုပ်ကြပါဘူး။ ဒါဟာ ကျန်းမာရေးဆိုင်ရာ မကောင်းတဲ့ အလေ့အကျင့်ဘဲ ဖြစ်ပါတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပါတယ်။ တက်ကြွ လန်းဆန်းစေပြီး အသက်ကို ပိုရှည် စေပါတယ်။ နှလုံးကျန်းမာရေးကောင်းစေပါတယ်။ နာတာရှည်ရောဂါဖြစ်စေမယ့် အန္တရာယ်တွေကိုလည်း လျော့ကျစေပါတယ်။ ဦးနှောက်သို့ သွေးလည်ပတ်မှု ကောင်းစေပါတယ်။ သွေးတွင်းသကြားဓါတ် ထိန်းရာမှာလည်း အထောက်အကူပြုပါတယ်။

မှန်မှန်သွက်သွက် လမ်းလျှောက်ခြင်းကို ရက်သတ္တပတ်လျှင် နာရီ(၁၅၀)၊ သို့မဟုတ် အပြေးကျင့်ခြင်းကို ရက်သတ္တပတ်လျှင် (၇၅)နာရီ လုပ်ခြင်းဖြင့် ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့မှာ လေ့ကျင့်ခန်းမှန်မှန် မလုပ်ဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ မကောင်းတဲ့ အလေ့အကျင့်ရှိနေရင် ချက်ချင်းရပ်တန့်လိုက်ပါ။ နေ့စဉ် ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို အမြန်ဆုံး စတင် လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

(၃) ဆိုဒီယမ် (ဆား) အလွန်အကျွံ စားသုံးခြင်း

SALT

Photo : Times of India

ဆိုဒီယမ် (ဆား) ဟာ အစားအစာထဲမှာပါဝင်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး အိမ်သုံးဆားဟာ ဆိုဒီယမ်နဲ့ ကလိုရင်း ဒြပ်ပေါင်းဖြစ်ပါတယ်။ ကြွက်သားနှင့်အာရုံကြောများ ပုံမှန်လုပ်ငန်းလုပ်ဆောင်ဖို့ ဆိုဒီယမ် လိုအပ်ပါတယ်။ ကိုယ်တွင်းရေဓါတ်ထိန်းသိမ်းရာမှာ အရေးကြီးတဲ့ အပိုင်းကနေပါဝင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ချက်က နေ့စဉ် ဆိုဒီယမ်(ဆား) လိုအပ်ချက်ဟာ (၂) ဂရမ် ဖြစ်ပါတယ်။ ကွီးတို့နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေထဲက စည်သွတ်ဘူးအစာတွေ၊ ကြက်/ဝက်အူကြောင်း တွေ၊ ဆားနှင့်လှော်ထားတဲ့ အစေ့အဆန်တွေ၊ အသင့်စားအစာတွေမှာ ဆိုဒီယမ်(ဆား) ပါဝင်မှု များပါတယ်။

ဆိုဒီယမ်(ဆား)ပါဝင်မှုများတဲ့ အစားအသောက်တွေကို စားသုံးမှု များရင် သွေးတိုးရောဂါ၊ နှလုံးရောဂါ နှင့် သွေးတွင်းကယ်လ်ဆီယမ်ဓါတ် နည်းတဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့မှာ ဆိုဒီယမ်(ဆား) အလွန်အကျွံ စားတတ်တဲ့ ကျန်းမာရေးဆိုင်ရာ မကောင်းသော အလေ့အကျင့် ရှိခဲ့ရင် ချက်ချင်းရပ်တန့်လိုက်ပါလို့ အကြံပေးပါရစေ။

Source : Eating Well

Featured Photo : Amitahealth