ကွီးတို့ရေ ကျောက်ကပ် ဟာ သွေးထဲက ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေတဲ့ပစ္စည်းများ စွန့်ထုတ်ပေးတာ၊ ‌သွေးဖိအားကို ထိန်းညှိတာကို လုပ်ဆောင်ပေးတဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျောက်ကပ်ရောဂါဟာ အသံတိတ် လူသတ်သမားလို့ ပြောပါတယ်။ ဒါ့ကြောင့် ကွီးတို့ ကျောက်ကပ် ကျန်းမာရေး အတွက် ဆောင်ရန် ရှောင်ရန် နည်းလမ်းကောင်းတွေကို ပြောပြပေး လိုက်ပါတယ်။

(၁) ခန္ဓာကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

ကျောက်ကပ်-ကျန်းမာရေး

Photo : Intermountain Healthcare

အလွန်အမင်းဝခြင်းဟာ ကျောက်ကပ် ကျန်းမာရေး ကို တနည်းနည်းဖြင့် ထိခိုက်စေပါတယ်။ အသက်အရွယ်အလိုက် ရှိသင့်တဲ့ အလေးချိန်ကို ထိန်းသိမ်းနိုင်ဖို့ နေ့စဉ်လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်းတွေကို လုပ်ဆောင်ပေးပါ။ နာတာရှည် ကျောက်ကပ် ရောဂါဖြစ်ခြင်းကို လျော့နည်း စေပါတယ်။

(၂) အာဟာရ ပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသောက်ပါ

ကျောက်ကပ်-ကျန်းမာရေး

Photo : Health Food Guide

အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ဆိုတာ လူတစ်ဦး အတွက် နေ့စဉ်လိုအပ်သော အသားဓါတ်၊ အဆီဓါတ်၊ ဗီတာမင် နှင့် သတ္တုဓါတ်၊ အမျှင်ဓါတ်နှင့် စွမ်းအင်တို့ အလုံအလောက်ပါဝင်သော အစားအသောက်မျိုး ဖြစ်ပါတယ်။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်တွေကို စနစ်တကျစားသောက်ခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါ တယ်။ သွေးတိုး ကျစေပါတယ်။ ဆီးချိုရောဂါ နှလုံးရောဂါ ၊ နာတာရှည် ကျောက်ကပ်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ နေ့စဉ်စားသောက်တဲ့ အစာတွေထဲမှာ ပါဝင်တဲ့ ဆား Salt ပမာဏကို လျော့ချခြင်းဖြင့် ကျောက်ကပ်ထိခိုက်ပျက်းစီးမှုကို ကာကွယ်နိုင်ပါတယ်။ သာမန် လူတစ်ယောက်နေဖြင့် နေ့စဉ်အစားအသောက်ထဲမှာ ဆားပမာဏ လ္ဘက်ရည်ဇွန်းတစ်ဇွန်းစာ ( ၅-၆ ဂရမ်) ပါဝင်ရင် လုံလောက်ပါတယ်။ အပိုဆောင်း ဆား စားသုံးဖို့ မလိုအပ်ပါဘူး။ အသင့်စားနှင့် တာရှည်ခံအစားအသောက်တွေမှာ အသုံးပြုထားတဲ့ ဓါတုပစ္စည်းများဟာ ကျောက်ကပ် ကျန်းမာရေး ကို အန္တရာယ်ဖြစ်စေတဲ့အတွက် အလွန်အမင်း စားသောက်ခြင်းလုပ်ပါနဲ့။

(၃) သွေးတွင်းသကြားဓါတ်ပမာဏ Blood Sugar level ကို စစ်ဆေးပါ၊ ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ

ကျောက်ကပ်-ကျန်းမာရေး

Photo : Diabetes UK

ဆီးချို သွေးချိုရောဂါရှိသူ ၅၀ ရာခိုင်နှုန်းလောက်ဟာ မိမိတို့မှာ ရောဂါရှိနေကြောင်း သတိမပြုမိကြပါဘူး။ ဆီးချို သွေးချိုရောဂါရှိသူ ထက်ဝက်လောက်ဟာ ကျောက်ကပ်ထိခိုက်ပျက်စီးမှု ရှိတာတွေ့ရှိပါတယ်။ သွေးတွင်းသကြားဓါတ်များခြင်း သွေးချိုဆီးချိုရောဂါဟာ ကျောက်ကပ် ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် မိမိတို့ရဲ့ သွေးတွင်းသကြားဓါတ်ကို ပုံမှန်စစ်ဆေးပါ။ လိုအပ်တဲ့ ကုသမှုနဲ့ နေထိုင် စားသောက်မှုပုံစံကို ဂရုပြုပါ။

(၄) သွေးတိုးရောဂါ Blood Pressure ရှိမရှိ စစ်ဆေးပါ

blood pressure

Photo : Health Care

သွေးတိုးရောဂါရှိနေတဲ့ လူတွေရဲ့ ၅၀ ရာနှုန်းဟာ သွေးတိုးနေတာကို မသိကြပါဘူး၊ အသက်အရွယ်ကို လိုက်ပြီး ပုံမှန်ရှိသင့်တဲ့ သွေးဖိအား ထက်များနေခြင်းဟာ ကျောက်ကပ် ကျန်းမာရေး ကို ထိခိုက်စေပါတယ်။ အရွယ်ရောက်သူတစ်ဦးရဲ့ သွေးဖိအား Blood Pressure ဟာ ၁၂၀/၈၀ မီလီမီတာပြဒါး ဖြစ်ပါတယ်။ သွေးတိုးရောဂါရှိနေရင် လိုအပ်တဲ့ကုသမှုခံယူပြီး ကျောက်ကပ် ကျန်မားရေးကို မထိခိုက်အောင် ပြုမူနေထိုင်ဖို့လိုပါတယ်။

(၅) လုံ‌လောက်တဲ့ ရေပမာဏကို နေ့စဉ်သောက်ပါ

water

Photo : The Daily Meal

ကျန်းမာတဲ့ လူတစ်ဦးအနေနဲ့ နေ့စဉ် ရေ ရှစ်ခွက် ( ၂ လီတာ)သောက်သင့်ပါတယ်။ ဒါပေမယ့် အမှန်တကယ် လိုအပ်ချက်ဟာ တစ်ဦးချင်းပေါ် မူတည်ပါတယ်။ ရာသီဥတုပူပြင်းတာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရေများများသောက်ရန်မသင့်တဲ့ ရောဂါဖြစ်နေတဲ့အခါတွေမှာ ရေ လိုအပ်ချက် အ ပြောင်းအလဲ ရှိနိုင်ပါတယ်။ လုံလောက်သော ရေပမာဏကို သောက်သုံးခြင်းဟာ ကျောက်ကပ်ရဲ့ လုပ်ငန်းကို များစွာ အကျိုးရှိ စေပါတယ်။ သို့သော်လည်း ရေများများ မသောက်သင့်တဲ့ ရောဂါရှိသူတွေအတွက် ဆရာဝန် ညွှန်ကြားချက်ကို လိုက်နာဖို့လိုပါတယ်။

(၆) ဆေးလိပ် မသောက်ပါနဲ့

smoking

Photo : Living Well

ကွီးတို့ရေ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေကြောင်း အားလုံးသိကြပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ကျောက်ကပ်ဆီကို သွေးစီးဆင်းမှု နှေးကွေးပြီး ကျောက်ကပ်ရဲ့ ပုံမှန်လုပ်ငန်းကို ထိခိုက်စေပါတယ်၊ ဆေးလိပ်သောက်သူတွေမှာ ဆေးလိပ် မသောက်သူတွေထက် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းပိုပါတယ်။

(၇) အရောင်ကျဆေး/ အကိုက်အခဲပျောက်ဆေးတွေကို အလွန်အကျွံ မသောက်ပါနဲ့

medicine

Photo : Healthline

ကွီးတို့ရေ အရောင်ကျဆေးတွေ အကိုက်အခဲပျောက်ဆေးတွေကို အလွယ်အကူ ဝယ်လို့ ရတဲ့အတွက် အချို့လူတွေဟာ အလွန်အကျွံ သောက်မိတတ်ကြပါတယ်။ ဒီဆေးတွေကို စွဲစွဲမြဲမြဲ အလွန်အကျွံ သောက်သုံးခြင်းကြောင့် ကျောက်ကပ် ကျန်းမာရေး ကို ထိခိုက်စေနိုင်ပါတယ်။ တက​ယ်လို့ ကွီးတို့မှာ ကျောက်ကပ်ရောဂါဖြစ်နေရင် သို့မဟုတ် ကျောက်ကပ်လုပ်ငန်း Kidney Function ကျဆင်းနေမယ်ဆိုရင် အရောင်ကျဆေး သို့မဟုတ် အကိုက်အခဲပျောက်ဆေး ပမာဏ အနည်းငယ် သောက်ရုံနဲ့ ကျောက်ကပ် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ကွီးတို့မှာ ဆီးချို သွေးချိုရောဂါရှိတာ၊ သွေးတိုးရောဂါဖြစ်တာ၊ အဝလွန်တာ၊ မိသားစုရာဇဝင်မှာ ကျောက်ကပ်ရောဂါ ရှိခဲ့ဖူးတာ စတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာ တစ်ခုခု ရှိနေမယ်ဆိုရင် ကျောက်ကပ်လုပ်ဆောင်မှု စစ်ဆေးခြင်း Kidney Function Test ပြုလုပ်သင့်ပါတယ်။

အထက်မှာ တင်ပြထားတဲ့ ကျောက်ကပ် ကျန်မားရေး ဆိုင်ရာ အကြံပြုချက်တွေကို လိုက်နာခြင်းဖြင့် ကွီးတို့ ကျောက်ကပ်ရောဂါ ဖြစ်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

Source : 8 Golden Rules

Featured Photo : Healthcentral