ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ လူသားမျိုးနွယ်အတွက် အမှန်တကယ်ပင် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ ကျန်းမာရေး အပါအဝင် နယ်ပယ်ပေါင်းစုံမှာ နည်းပညာ အကူအညီနဲ့ ပိုမို လွယ်ကူလျင်မြန်လာအောင် လုပ်ဆောင်နိုင်လာပါတယ်။ ရောဂါရှာဖွေခြင်း ကဲ့သို့သော ဆေးဘက်ဆိုင်ရာ အသုံးချပရိုဂရမ်များတွင် နည်းပညာပါဝင်မှုများသည် လူနာများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအတွက် ပိုမို အကျိုးရှိစေကာ ၊ ယခင်က မကုသနိုင်သော ရောဂါများကိုပင် တိုက်ဖျက်ရန် အခွင့်အလမ်းသစ်များကို ဖန်တီးပေးပါတယ်။ ကျန်းမာရေး ကဏ္ဍမှာ နည်းပညာများကို ပိုမို အသုံးချနိုင်အောင် ကြိုးစားလုပ်ဆောင်လျက်ရှိပြီး လက်ရှိမှာလည်း အရှိန်အဟုန်နဲ့ ဆက်လက် တိုးတက်လျက်ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကျန်းမာရေး စောင့်ရှောက်မှုမှာ အကျိုးပြုလျက်ရှိတဲ့ ထိပ်တန်း နည်းပညာ ရေစီးကြောင်းများကို ဝေမျှပေးချင်ပါတယ်။

Artificial Intelligence (AI)

ကျန်းမာရေး နည်းပညာ

Photo : Forbes

နည်းပညာများထဲက အရေးပါသော နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို ပြောပါဆိုရင် မြန်မာလို ဉာဏ်ရည်တု လို့ခေါ်တဲ့ Artificial Intelligence (AI) ကို ချန်ထားခဲ့လို့ မရပါဘူး။ AI ကို နယ်ပယ်ပေါင်းစုံမှာ အသုံးချလာသည်သာမက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများစွာတွင်လည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး လက်ရှိတွင်လည်း အသုံးချလျက် ရှိပါတယ်။ လူနာများရဲ့ အချက်အလက်နှင့် အခြားဒေတာများကို စစ်ဆေးခြင်းနှင့် ဆေးဝါးအသစ်များ ဖန်တီးခြင်းနှင့် ရောဂါရှာဖွေရေး လုပ်ထုံးလုပ်နည်းများရဲ့ ထိရောက်မှုကို တိုးတက် ကောင်းမွန်စေခြင်း ကဲ့သို့သော အသုံးချပရိုဂရမ်များစွာဖြင့် AI သည် အရေးကြီးဆုံး ကျန်းမာရေး စောင့်ရှောက်မှု ထိပ်တန်း နည်းပညာ များထဲမှ တစ်ခုဖြစ်လာပါတယ်။

AI အမျိုးအစား တစ်ခုဖြစ်သည့် Machine Learning သည် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအပေါ်  ကြီးမားသောသက်ရောက်မှု ရှိပါတယ်။ ဥပမာအားဖြင့် ထိုနည်းပညာသည် ကိုရိုနာဗိုင်းရပ်ရဲ့ သက်ရောက်မှုများကို ကုသရန်အတွက် CT စကင်န်များကို ခွဲခြမ်းစိတ်ဖြာရန် ကူညီပေးပါတယ်။ ဒါ့အပြင် AI ဖြင့် ကင်ဆာရောဂါရှာဖွေမှုများကိုလည်း တိုးတက်စေခဲ့ပါတယ်။

စိတ်ကျန်းမာရေးအတွက် နည်းပညာကို အသုံးချခြင်း

ကျန်းမာရေး နည်းပညာ

Photo : www.tsukuba.ac.jp

ကွီးတို့ရေ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ ကမ္ဘာတစ်ဝှမ်းတွင် စိတ်ကျန်းမာရေးပြဿနာများဟာ တစ်နှစ်ထက်တစ်နှစ် တိုးလာနေပါတယ်။ ယနေ့ခေတ်တွင် လူ ၅ ယောက်လျှင် ၁ ယောက်ခန့်သည် စိတ်ကျန်းမာရေး ပြဿနာများရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့သောနှစ်များတွင် လူနာတစ်ဦးရဲ့ စဉ်ဆက်မပြတ် စိတ် ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော နည်းပညာ အသစ်များစွာကို တီထွင်ခဲ့ပါတယ်။

လက်ရှိတွင်လည်း အသုံးပြုလျက်ရှိပြီး အကျိုးသက်ရောက်မှုများစွာ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စိတ် ကျန်းမာရေးဆိုင်ရာအတွက် AI နည်းပညာကို အက်ပ်များတွင် အသုံးပြုရုံသာမက ၊ ကျွန်ုပ်တို့ရဲ့ ဦးနှောက်အတွင်းရှိ ဓာတုပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ လက္ခဏာများအပါအဝင် ရောဂါလက္ခဏာများကို ခွဲခြားသတ်မှတ်ရာတွင်လည်း အသုံးပြုနိုင်ပါတယ်။

ဒစ်ဂျစ်တယ်ကုထုံးများ

Healthcare in technology

Photo : Healthark Insights

နာတာရှည်ရောဂါ လူနာများသည် ၎င်းတို့ရဲ့ သမားတော်များရဲ့ စောင့်ရှောက်မှုကို မကြာခဏ လိုအပ်ပါတယ်။ ဤကဲ့သို့ စောင့်ရှောက်မှုတွင် လူနာကိုစစ်ဆေးခြင်း ၊ ရောဂါလက္ခဏာစောင့်ကြည့်ခြင်း ၊ ဆေးချိန်ညှိခြင်းနှင့် အပြုအမူပြောင်းလဲမှုများ ပါဝင်ပြီး ထိုကဲ့သို့ စဉ်ဆက်မပြတ် စောင့်ကြည့်နေခြင်းက ငွေကုန်ကြေးကျ များရုံသာမကဘဲ ဆေးဘက်ဆိုင်ရာဝန်ထမ်းများရော လူနာများအတွက်ပါ အချိန်ကုန်စေပါတယ်။ ထိုကဲ့သို့ အခြေအနေများကို ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ် ဖန်တီးရန် နည်းပညာကို အသုံးပြုပြီး ဒစ်ဂျစ်တယ် ကုထုံးအသစ်များကို ဖန်တီးခဲ့ကြပါတယ်။

ဒစ်ဂျစ်တယ်ကုထုံးများကို လူနာတစ်ဦးအား ၎င်းတို့ရဲ့ သီးခြားကျန်းမာရေး အခြေအနေအတွက် ဆရာဝန်က ညွှန်ကြားပြီး ဤခေတ်မီဆန်းပြားသော ဆော့ဖ်ဝဲလ်ပရိုဂရမ်များကို လူနာရဲ့ စမတ်ဖုန်းပေါ်ရှိ အက်ပ်များအဖြစ် သို့မဟုတ် ကိုယ်ပိုင်ကွန်ပြူတာမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ လူနာများက အက်ပ်လီကေးရှင်းကို အသုံးပြုသည့်အခါ ၎င်းတို့ရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ၎င်းတို့၏ သမားတော်ထံ ပြန်လည်တင်ပြနိုင်ပါတယ်။ ယင်းကြောင့် ဆရာဝန်များက လူနာများကို ပုံမှန်ကြည့်ရှုရန်မလိုဘဲ စောင့်ကြည့်စစ်ဆေးနိုင်သည့်အပြင် လူနာတစ်ဦးသည် ရက်ချိန်းစောင့်ဆိုင်းရန် လိုအပ်သည့် အချိန်ထက် များစွာစော၍ ပြဿနာများကို တွေ့ရှိနိုင်ပါတယ်။

Source : Know How, MTS

Featured Photo : EY.com