ဒီနေ့ခေတ်ဟာ နည်းပညာခေတ် ဖြစ်ပါတယ်။ နည်းပညာတွေ ပြောင်းလဲတိုးတက်လာတာနဲ့ အမျှ ကဏ္ဍပေါင်းစုံမှာ ပြောင်းလဲ တိုးတက်လာခဲ့ပါတယ်။ အရှိန်အဟုန်နဲ့ တိုးတက် ဖွံ့ဖြိုးလာနေတဲ့ နည်းပညာ ကြောင့် မကောင်းတဲ့ အကျိုးသက်ရောက်မှု အနည်းငယ်ရှိနိုင်သော်လည်း နယ်ပယ်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှာ အမှန်တကယ်ပင် ကြီးမားသော အကျိုးဖြစ်ထွန်းတယ်ဆိုတာတော့ ငြင်းလို့မရနိုင်ပါဘူး။ ထို့အတူ ကျွန်တော်တို့ဟာ နည်းပညာခေတ်မှာ ရှင်သန်နေတာကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ မှာလည်း နည်းပညာ ရဲ့ လွှမ်းမိုးမှုတွေ အများကြီးရှိလာပြီး ပိုမိုလွယ်ကူလာတယ်လို့ ပြောလို့ရပါတယ်။

အင်တာနက်

နေ့စဉ်ဘဝ နည်းပညာ

Photo : Rappler

နည်းပညာ ရဲ့ အကြီးမားဆုံး တိုးတက်မှုနဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ အပေါ် အကြီးမားဆုံးသော လွှမ်းမိုးမှုကို ပြောပါဆိုရင် အင်တာနက် ပါပဲ။ အင်တာနက်ရဲ့ စွမ်းအားက အရာအားလုံးကို ပြောင်းလဲစေခဲ့ပြီး ကမ္ဘာတစ်ခုလုံးကို ရွာငယ်လေးတစ်ခုအဖြစ် ပြောင်းလဲစေခဲ့တယ်ဆိုလည်း မမှားပါဘူး။ အင်တာနက်ဖြင့် ကျွန်တော်တို့ နေ့စဉ်ထိတွေ့နေရတဲ့ ပညာရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့ နယ်ပယ်ပေါင်းစုံမှာ သိသိသာသာကို တိုးတက်ကောင်းမွန်လာပါတယ်။

ဆက်လက်ပြီးတော့ နည်းပညာက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝအပေါ် ဘယ်လိုအပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေရှိလဲဆိုတာ ဆက်လက်ပြီး ကြည့်လိုက်ရအောင်။

ဆက်သွယ်ရေး

နေ့စဉ်ဘဝ နည်းပညာ

Photo : Tech Quintal

အင်တာနက်ကို အခြေခံပြီး ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးကွန်ရက်ဟာ အမှန်တကယ်ပင်ကောင်းမွန် တိုးတက်လာပါတယ်။ လူသားတွေ နေ့စဉ်အသုံးပြုနေတဲ့ ဆက်သွယ်ရေးနည်းပညာက နည်းပညာ အဆင့်မြင့်လာမှုရဲ့ ပြယုဒ် တစ်ခုဆိုလည်းမမှားပါဘူး။ လက်ရှိနေ့စဉ်ဘဝမှာ လူမှုကွန်ရက်နှင့် စာတိုပေးပို့ခြင်း၊ ကမ္ဘာအနှံ့ချက်ချင်း နည်းလမ်းပေါင်းစုံနဲ့ ဆက်သွယ်ပြောဆိုနိုင်ခြင်းတို့က ဆက်သွယ်ရေးအတွက် တကယ်ကို ထိမိသော အခြေခံဖြစ်ပါတယ်။ ထို့အပြင် ယနေ့ခေတ်မှာ သတင်းအချက်အလက် ဖလှယ်မှုဟာ စက္ကန့်မခြားပဲ ချက်ချင်း ဖလှယ်နိုင်ပါတယ်။ မိုင်ပေါင်းများစွာဝေးသောလူတစ်ဦးထံ ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် SMS ပေးပို့ခြင်း၊ သတင်းအချက်အလက် ထပ်ဆင့်ပို့ခြင်း စတဲ့ လွယ်ကူမှုသည် ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝများကို ကြီးမားသော ကောင်းကျိုး သက်ရောက်မှု ရှိပါတယ်။

ကူးသန်းရောင်းဝယ်နိုင်ခြင်း

နေ့စဉ်ဘဝ နည်းပညာ

Photo : Business Intelligence Group

နည်းပညာက ယခုအခါ ကူးသန်းရောင်းဝယ်ရေးရဲ့ အချက်အချာ ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။ လူတွေဟာ ဝယ်ယူနိုင်ဖို့ ထုတ်ကုန်အမျိုးမျိုးအကြောင်း အချက်အလက်တွေရချင်တဲ့အခါ နည်းပညာဘက်ကို လှည့်လာကြပါတယ်။ ကျွန်တော်တို့ဟာ အဝတ်အစားများ၊ ကိရိယာများ၊ အစားအသောက်များနှင့် အခြားလိုအပ်တာတွေကို အွန်လိုင်းမှာ လူတော်တော်များများ ဝယ်ဖူးကြတယ် မဟုတ်ပါလား။ နည်းပညာကြောင့် ဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင်လိုက်ကြည့်ကာ ဈေးဝယ်ထွက်ခြင်း ၊ ဈေးနှုန်းများ နှိုင်းယှဉ်ခြင်း စတာတွေ ပြုလုပ်စရာမလိုတော့ပါဘူး။ အွန်လိုင်းမှ တဆင့် ဈေးဝယ်တာ ၊ မတူညီသောစတိုးဆိုင်များမှ စျေးနှုန်းများကိုလည်း နှိုင်းယှဉ်နိုင်တာ အစရှိသဖြင့် အချိန်မကုန် လူမပန်းဘဲ လွယ်လွယ်ကူကူ ပြုလုပ်လာနိုင်ပါတယ်။

သတင်းအချက်အလက်များ ရယူနိုင်ခြင်း

technology and daily life

Photo : Knowing Technologies

နည်းပညာကြောင့် ကျွန်တော်တို့ အတွက်လိုအပ်တဲ့ သတင်းအချက်အလက်တွေ လွယ်လွယ်ကူကူ ရယူနိုင်လာပါတယ်။ ကျွန်တော်တို့ သိချင်တဲ့ အရာတစ်ခုကို ရှာဖွေဖို့အတွက် အချိန်ကုန်တာ ၊ ခက်ခဲတာမျိုး မရှိတော့ပါဘူး။ လက်တော့များ ၊ စမတ်ဖုန်းများကနေတစ်ဆင့် အချိန်ခဏအတွင်းမှာ Goggling လုပ်လိုက်ရုံပါပဲ။ ထို့အတူ ယခုအခါ ကျောင်းသားများဖြစ်စေ ၊ တစ်ခုခုကို သင်ယူလေ့လာလိုသူများဖြစ်စေ ၊ ကိုယ်လေ့လာချင်တဲ့ အကြောင်းအရာ အချက်အလက်များကို လွယ်လွယ်ကူကူ အွန်လိုင်းမှ သင်ယူနိုင်ပါတယ်။ ထို့အတူ လုပ်ငန်းရှင်များကလည်း ၎င်းတို့ရဲ့ လုပ်ငန်းများတွင် တိုးတက်အောင်မြင်ရန် ရရှိနိုင်သော အချက်အလက်များကိုလည်း လေ့လာ အသုံးပြုနိုင်ပါတယ်။ အနှစ်သာရအားဖြင့် ဆိုရလျှင် ကျွန်ုပ်တို့ နေ့စဉ်ဘဝအတွက်သာမက လုပ်ဆောင်သမျှဟာ နည်းပညာကို ဗဟိုပြုနေပါတယ်။

နေရာမရွေး အလုပ်လုပ်နိုင်ခြင်း

technology and daily life

Photo : Entrepreneur

ကွီးတို့ရေ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ မှာအရေးကြီးဆုံးလို့ ဆိုနိုင်တဲ့ အသက်မွေးဝမ်းကြောင်း အပေါ်မှာလည်း နည်းပညာ ရဲ့ လွှမ်းမိုးမှု ရှိပါတယ်။ ဥပမာအားဖြင့် Freelancers တစ်ဦးအနေနဲ့ မိမိ အိမ်ကနေ ဘယ်နေရာကို လှမ်းပြီး အလုပ်လုပ်လို့ရခြင်း ၊ Covid 19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်လွှားမှာ Work Form Home ကဲ့သို့ မိမိအိမ်မှ အလုပ်လုပ်ခြင်းကို ကျယ်ပြန့်စွာ အသုံးပြုလာခြင်း စတာတွေဟာ အင်တာနက်နှင့် မိုဘိုင်းလ် စက်ပစ္စည်းများ ရှိခြင်းကြောင့် အိမ်မှအလုပ်လုပ်နိုင်ခြင်း ဖြစ်ပါတယ်။ ဒါတွေအားလုံးက နည်းပညာကြောင့်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။

အထက်မှာ ဖော်ပြခဲ့သော အရာများသည် ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝများကို ကောင်းမွန်စေရန်အတွက် သက်ရောက်မှုရှိသော နည်းပညာအချို့ပါတယ်။ နည်းပညာက ကျွန်ုပ်တို့ရဲ့ဘဝတွေကို ဘယ်လို အကျိုးသက်ရောက်တယ်ဆိုတာ ရှင်းပါတယ်။ ဆက်သွယ်ရေးမှ ခရီးသွားလာမှုအထိ နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ၊ ကျွန်ုပ်တို့လုပ်သမျှမှာ နည်းပညာသည် မည်သို့မျှ ဘယ်ထုတ်လို့မရသော အရာတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် နည်းပညာများက တစ်နေ့ထက် တစ်နေ့ ဆက်လက် တိုးတက်လာနေလျက် ရှိပါတယ်။

Source : ENOS TECH

Featured Photo : Forbes