ကွီးတို့ရေ လူ့ခန္ဓာကိုယ်ဟာ အံ့သြဖွယ်ကောင်းလောက်အောင် အပြန်အလှန်ဆက်နွှယ်မှုရှိပါတယ်။ ဒီလိုဆက်နွယ်မှုတွေကို လူတွေက သဘောပေါက်ပေမဲ့ ပေါ့ပေါ့ ဆဆ နေလေ့ရှိပါတယ်။ ကွီးရဲ့ခန္ဓာကိုယ်မှာ ပြဿနာရှိနေကြောင်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သဲလွန်စ တွေကို အမြဲပေးပါတယ်။ ကွီးအနေနဲ့ ပေါ့ပေါ့ဆဆ နေလိုက်မယ်ဆိုရင် ပြဿနာကို အချိန်နှောင်းသွားသည်အထိ မသိနိုင်ပါ။ ခန္ဓာကိုယ်ကပြတဲ့ သဲလွန်စတွေကို ဂရုစိုက်လိုက် မယ်ဆိုရင် ကျန်းမာရေးပြဿနာကို စောစောသိပြီး သက်သက်သာသာနဲ့ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က ပြောပြနေတဲ့ ကျန်းမာရေး ဆိုင်ရာ လျစ်လျူမရှုသင့်တဲ့ အချက်များ ကို ရှာဖွေတင်ပြပေးလိုက ပါတယ်။

လျှာ အရောင်

ကျန်းမာရေး လျစ်လျူမရှုသင့်တဲ့

Photo : The Healthy

ကွီးတို့အနေနဲ့ လျှာကို နေ့စဉ် စစ်ဆေးသင့်ပါတယ်။ အကယ်၍ ကွီးရဲ့လျှာဟာ ပုံမှန်ထက်ပို၍ အရောင်တောက်နေရင် အထူးသဖြင့် အမဲသားနီရောင်လို ဖြစ်နေမယ်ဆိုရင် ကွီးမှာ သံဓာတ် သို့မဟုတ် ဗီတာမင် B12 ချို့တဲ့နေသည်ဟု ဆိုနိုင်ပါတယ်။ အဖြူရောင်လျှာက သွေးအားနည်းနေတာ ရောဂါလက္ခဏာ ဖြစ်နိုင်ပါတယ်။ လျှာအရောင် သိသိသာသာ‌ ပြောင်းနေလျှင် ကွီးတို့အနေဲ့ လျစ်လျူမရှုဘဲ မိမိ ကျန်းမာရေးကို ပြန်သုံးသပ်သင့်ပါတယ်။

ချွေးနံ့

ကျန်းမာရေး လျစ်လျူမရှုသင့်တဲ့

Photo : Best Deodorant

ချွေးအနံ့ဟာ လူအများစုအတွက် မနှစ်မြို့စရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ချွေးက ခန္ဓာကိုယ်ရဲ့ ပြဿနာတစ်ခုခု ကို ညွှန်ပြပေးနိုင်ပါတယ်။ ချွေးအနံ့က Acetone (အသီးအချိုအနံ့) ထွက်နေရင် သွေးတွင်းသကြားဓာတ် နည်းတာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ချွေးက အမိုးနီးယားလို အနံ့နည်းနည်းရရင် အသည်း ဒါမှမဟုတ် ကျောက်ကပ်ပြဿနာတွေရဲ့ အစောပိုင်းလက္ခဏာတွေကို ညွှန်ပြနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပုံမှန်နဲ့ မတူတဲ့ ချွေးနံ့ထွက်ခြင်းက ကျန်းမာရေး ဆိုင်ရာ လျစ်လျူမရှုသင့်တဲ့ အချက်များ ထဲမှာ ပါဝင်ပါတယ်။

နားပြင်ပပုံသဏ္ဍာန် နဲ့ကျောက်ကပ်

ကျန်းမာရေး လျစ်လျူမရှုသင့်တဲ့

Photo : TEar pits

ကွီးတို့ရဲ့ နားက ကျောက်ကပ်ကျန်းမာရေးကို ညွှန်ပြနိုင်တယ်ဆိုရင် အံ့ဩစရာပါ။ လေ့လာမှုတစ်ခုအရ ပြားချပ်နေသော သို့မဟုတ် ရှုံ့တွနေသော နားရွက်များက ကလေးများတွင် ကျောက်ကပ်မဖွံ့ဖြိုးခြင်းနှင့် ဆက်စပ်နေကြောင်း ပြသခဲ့ပါတယ်။ နားနှင့် ကျောက်ကပ်များဟာ သားအိမ်အတွင်း၌ သန္ဓေတည်နေဆဲ အချိန်မှာပဲ တစ်ချိန်တည်း ဖွံ့ဖြိုးလာကြောင်းကိုလည်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။ နားပြင်ပပုံသဏ္ဍာန်မမှန်ခြင်းက အခြားသော ကျောက်ကပ်ဆိုင်ရာ ပြဿနာများကို ညွှန်ပြနိုင်ပါတယ်။ နားတွင်းများက ကျောက်ကပ် ဆိုင်ရာချို့ယွင်းမှုနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများစွာကို ညွှန်ပြနိုင်ပါတယ်။

မကြာခဏ ဆီးသွားခြင်း

ကျန်းမာရေး လျစ်လျူမရှုသင့်တဲ့

Photo : Male UltraCore

အမျိုးအစား (၂) ဆီးချိုရောဂါက ခန္ဓာကိုယ်မှ အင်ဆူလင်ကို အသုံးပြုဖို့အတွက် လိုအပ်ပါတယ်။ ဒီရောဂါက လူတွေကို ပုံမှန်ထက်ပိုပြီး ရေငတ်တယ်လို့ ခံစားရတဲ့အတွက် မကြာခဏ ဆီးသွားတတ်ပါတယ်။ ရေကို ခန္ဓာကိုယ်ရဲ့ အသုံးနည်းသော အစိတ်အပိုင်းများမှ လမ်းကြောင်းပြောင်းပြီး သွေးကျဲစေကာ ဂလူးကို့စ်လုပ်ငန်းစဉ်ကို ကူညီပေးပါတယ်။ ဒါကြောင့် ရေငတ်ခြင်းကို ခံစားရပြီး ရေကို မကြာခဏသောက်ခြင်းက ဆီးသွားခြင်းကို ပိုဖြစ်စေပါတယ်။ ဒီလို အခြေအနေမျိုးကလည်း ကျန်းမာရေး ဆိုင်ရာ လျစ်လျူမရှုသင့်တဲ့ အချက်များ ထဲမှာ ပါတာကြောင့် ကွီးတို့ အနေနဲ့ ဆီးချိုရောဂါ ရှိ၊ မရှိကို စစ်ကြည့်သင့် ပါတယ်။

လက်သည်းများ

healthy

Photo : Shared

အဆစ်အမြစ်ရောင်ရောဂါက သန်းပေါင်းများစွာသော လူများခံစားနေရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အကြောအဆစ်နာခြင်းက ရောဂါရဲ့ အစောပိုင်းလက္ခဏာဖြစ်နိုင်တာကို သတိထားပါ။ လက်သည်းခြေသည်းအပေါက်ဖြစ်ခြင်း (Nail Pitting) က နာကျင်မှုရှိတဲ့ ရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ Nail pitting က လူတစ်ယောက်တွင် အရေပြားရောဂါ ရှိမရှိကိုလည်း ညွှန်းပြနိုင်ပါတယ်။ ဒါကြောင့် ကွီးအနေနဲ့ လက်သည်းခြေသည်းများရဲ့ ပြောင်းလဲမှုကို စစ်ဆေးဖို့ မမေ့ပါနဲ့။။

ဆံပင်ကျွတ်ခြင်းကို အလေးထားပါ

healthy

Photo : Real Man, Real Style

ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းတွေက အမျိုးသားတွေမှာ နှလုံးရောဂါနှင့် ကိုလက်စထရောပမာဏ မြင့်မားခြင်း ဖြစ်နိုင်ကြောင်း ညွှန်ပြပါတယ်။။ ဒီအမျိုးသားတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ လေ့လာမှုတစ်ခုအရ ဆံပင်အပြည့်ရှိတဲ့ အမျိုးသားတွေက ကိုလက်စထရော ပမာဏနည်းတာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ပုံမှန်ထက်ပိုပြီး ဆံပင်ကျွတ်လာပြီဆိုရင်တော့ ကွီးတို့အနေနဲ့ ဆရာဝန်နှင့် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ခြေဖဝါးများနဲ့ခြေထောက်များ ရောင်ရမ်းခြင်း

healthy

Photo : Heart Vascular

ခြေဖဝါးနှင့် ခြေထောက်များ ရောင်ရမ်းနေသူတစ်ဦးသည် နှလုံးသွေးကြောပိတ်ခြင်းကို ခံစားရနိုင်ခြေ ရှိပါတယ်။ နှလုံးရောဂါဖြစ်လာရင် အထူးသဖြင့် ခန္ဓာကိုယ်အစွန်အဖျားသို့ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေပါတယ်။ ဒီအခြေအနေက အသည်းနှင့် အစာခြေစနစ်ကိုလည်း ထိခိုက်စေသောကြောင့် ဆရာဝန်ထံ ပြသဖို့ လိုပါတယ်။ ကွီးတို့ရဲ့ ခြေထောက်များ ရောင်ရမ်းနေလျှင် မပေါ့ဆပါနဲ့။

ကွီးတို့ရေ အနာရောဂါတစ်ခုခု စွဲကပ်တော့မယ်ဆိုရင် ခန္ဓာကိုယ်က ရှေ့ပြေးနိမိတ်လက္ခဏာတွေ ပြတတ်ပါတယ်။ ရှေ့ပြေး နိမိတ်လက္ခဏာတွေဟာ ခန္ဓာကိုယ်က ပြောပြနေတဲ့ ကျန်းမာရေး ဆိုင်ရာ လျစ်လျူမရှုသင့်တဲ့ အချက်များ ဖြစ်တာကြောင့် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ရောဂါမဖြစ်မီ ကြိုတင်ကာကွယ် ကုသနိုင်ပြီး ကျန်းမာသုခကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Source : Relieved

Featured Photo : Real Man, Real Style