ကွီးတို့ရေ အမျိုးသားများအတွက် ကျန်းမာရေး ဆိုတာ ပြီးပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေး ကောင်းမွန်သည့် အခြေအနေတစ်ခုဖြစ်ပြီး အနာရောဂါမရှိခြင်းကို ဆိုပါတယ်။ အသက်အရွယ်မရွေး အမျိုးသားများအနေနဲ့ အောက်ပါ ကျန်းမာရေး ဆိုင်ရာ အကြံပြုချက်များ ကို လိုက်နာခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ကျန်းမာရေးဟာ အရေးကြီး တယ်လို့ သိနေပေမဲ့ အများစုကတော့ ပိုမိုဆိုးရွားသောကျန်းမာရေးပြဿနာမပေါ်မချင်း အလေးဂရု မပြုတတ်ကြပါဘူး။

ကျန်းမာရေးကို ထိပ်တန်းဦးစားပေးလုပ်ပါ

ကျန်းမာရေး အကြံပြုချက်များ

Photo : Yoga Digest

ကွီးအနေနဲ့ မျက်စိမှိတ်ပြီး ဒီနှစ်မှာ လုပ်ချင်တဲ့အရာတွေအားလုံးကို တွေးတောလိုက်ပါ။ ကျန်းမာရေး အတွက်ရော တွေးမိပါရဲ့လား။ ကျန်းမာရေးသည် ကွီးအတွက် နံပါတ်တစ် ဦးစားပေးဖြစ်သင့်ပေမဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ မိသားစုများကိစ္စတွေနဲ့ မကြာခဏ အလုပ်များနေတဲ့အတွက် သတိ မမူမိပါဘူး။ ကျန်းမာရေးပြဿနာကို စောစောဖြေရှင်းကုသသင့်ပါတယ်။ ဒါအပြင် စိတ်ကျန်းမာရေး ဟာလည်း ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကဲ့သို့ပင် အရေးကြီးကြောင်းကိုလည်း သိထားဖို့လိုပါတယ်။

ကွီးအနေနဲ့ ကျန်းမာရေးကို ဦးစားပေးလုပ်ဆောင်ခြင်းက တစ်ကိုယ်ကောင်းဆန်တယ်လို့ မယူဆပါနှင့်။ အကြောင်းကတော့ ကွီးပိုမိုကျန်းမာလာလေလေ၊ မိသားစု၊ သူငယ်ချင်းများကို ဂရုစိုက်နိုင်ပြီး ကွီးရဲ့ အသက်မွေးလုပ်ငန်းကို ပိုလုပ်နိုင်မှာ ဖြစ်ပါတယ်၊ ။ လေ့လာမှုများစွာအရ လူတစ်ဦးသည် စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာလေလေ အောင်မြင်မှု ပိုရလေလေဖြစ်ပါတယ်။ ကွီးအနေနဲ့ တခြားဘာမှ မလုပ်ခင် ကွီးရဲ့ ကျန်းမာရေးကို ဦးစားပေးခြင်းဟာ အမျိုးသားတို့လိုက်နာသင့်တဲ့ ကျန်းမာရေး ဆိုင်ရာ အကြံပြုချက်များ ထဲကတစ်ချက် ဖြစ်ပါတယ်။

ဆရာဝန်နှင့်ပြသပါ

ကျန်းမာရေး အကြံပြုချက်များ

Photo : Times Now

ကွီးအနေနဲ့ ဆရာဝန်နှင့် ပုံမှန်ပြသသင့်ပါတယ်။ ကွီးတို့အနေနဲ့ ဆရာဝန်ဆီ သွားဖို့ အချိန်မရှိလို့၊ စောင့်ရတာကြာလို့ ဆိုပြီး အကြောင်းပြတတ်ပါတယ်။ ကွီးအနေနဲ့ ဆရာဝန်ထံ မသွားနိုင်တဲ့ အခြေအနေမျိုးမှာ အွန်လိုင်းကနေ ဖြစ်ဖြစ် တိုင်ပင်ဆွေးနွေးနိုင်ပါ။ အိမ်အရောက် ကျန်းမာရေး စောင့်ရှောက်မှုကိုလည်းသူ ရယူနိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက်ဆိုရင် ဆရာဝန်နှင့် ပုံမှန် သွားရောက်ပြသဖို့ အချိန်ဇယားဆွဲထားသင့်ပါတယ်။ ဆရာဝန်နှင့်ကျန်းမာရေးပုံမှန် စစ်ဆေးခြင်းက လိုက်နာသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်ကို လိုက်နာတာ ဖြစ်ပါတယ်။

ကျန်းမာရေး အလေ့အကျင့်ဆိုးများကို ရှောင်ကြဉ်ပါ

ကျန်းမာရေး အကြံပြုချက်များ

Photo : Fortune

ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေး သို့မဟုတ် အခြားမူးယစ်စေတတ်သော အရာများ သုံးစွဲခြင်းနဲ့ အန္တရာယ်များသော လိင်ပိုင်းဆိုင်ရာ အပြုအမူများနှင့် ထိတွေ့ဆက်ဆံမှု တွေက ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြဿနာက ကင်ဆာရောဂါနဲ့ နာတာရှည်အဆုတ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ။ အန္တရာယ်များတဲ့ လိင်ဆက်ဆံမှုကနေ အိတ်ချ်အိုင်ဗွီလို ကူးစက်ရောဂါရရှိနိုင်သလို လူမှုပြဿနာကိုလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတို့ လိုက်နာသင့်တဲ့ ကျန်းမာရေး ဆိုင်ရာ အကြံပြုချက်များ ထဲက ကျန်းမာရေး အလေ့အကျင့် ဆိုးများကို ရှောင်ကြဉ်ပါဆိုတဲ့ အချက်ကို လိုက်နာဖို့ အကြံပြုပါရစေ။

လှုပ်လှုပ်ရှားရှားနေပါ

Healthy Living

Photo : Runner’s World

အမေရိကန်နှလုံးရောဂါအသင်းက လှုပ်ရှားမှုအဆင့်အသင့်အတင့်ဖြင့် ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံး မိနစ်(၁၅၀) လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုထားပါတယ်။ လူအများစုက အချိန်မှတ်စက် နဲ့ တစ်နေ့လျှင် ခြေလှမ်း ၁၀,၀၀၀ လှမ်းပြီး လုံလောက်သည်ဟု ထင်မြင်ကြပါတယ်။ နေကောင်းနေ ချိန်မှာ ကွီးရဲ့နှလုံးခုန်နှုန်းကို မြှင့်တင်ပေးတဲ့လှုပ်ရှားမှု လုပ်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ကွီးအနေနဲ့ လမ်းလျှောက်ခြင်း၊ ပြေးခြင်း သို့မဟုတ် ရေကူးခြင်းတို့လို အလယ်အလတ်လေ့ကျင့်ခန်းကို တစ်ပတ် လျှင်မိနစ်(၁၅၀) သို့မဟုတ် ပြင်းထန်သော နှလုံးခုန်ခြင်း သို့မဟုတ် ကြွက်သားအားကောင်း စေသော လှုပ်ရှားမှုများ ကို တစ်ပတ်လျှင် အနည်းဆုံး(၇၅) မိနစ်ကြာ ပြုလုပ်ပါ။ ဒါဆိုရင် ကွီးရဲ့နှလုံး ကောင်းကောင်း ညှစ်ထုတ်လိုက်တဲ့အတွက် ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေဆီ သွေးရောက်ကောင်းပြီး သန်စွမ်းလာပါလိမ့်မယ်။ ဒီ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်ကို လိုက်နာပါ။

ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ကိုစားပါ

Healthy Living

Photo : Men’s health

လူအများစုက ကယ်လိုရီကို ကန့်သတ်ဖို့ အစားအသောက် လုံလောက်စွာ မစားကြပါ။ ဒါက ကျန်းမာရေးအတွက် မမှန်ပါဘူး။ မှန်ကန်တဲ့ကယ်လိုရီကို ပိုစားဖို့ လိုပါတယ်။ ဒါမှသာ ကွီးပိုသန်မာပြီး ကျန်းမာလာပါလိမ့်မယ်။ ကွီးနဲ့ သင့်တော်မဲ့ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်အတွက် အာဟာရပညာရှင်ရဲ့ အကြံပြုချက်ကို ယူပါ။ ကျန်းမာရေးအတွက် အစားအသောက်ကို အာရုံစိုက်ပါ။

လုံလောက်စွာအိပ်စက်ပါ

Healthy Living

Photo : Men’s Health

ကွီးရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကို ပြေလျော့စေပြီး နုပျိုစေဖို့အတွက် တစ်ညကို အနည်းဆုံး ခုနစ်နာရီ အိပ်သင့်ပါတယ်။ အိပ်စက်ခြင်းဆိုတာ လုံးဝကို စိတ်ရော ခန္ဓာကိုယ်ကို အနားပေးတာကို ဆိုလိုတာပါ။ အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေဖို့ အကောင်းဆုံးနည်းလမ်းက မအိပ်ခင် တစ်နာရီအလိုမှာ တီဗွီကြည့်တာ၊ ဖုန်းနှင့် ကွန်ပျူတာနှိပ်တာတွေကို မလုပ်ဖို့လိုပါတယ်။ အိပ်စက်ခြင်းက စိတ်ဖိစီးမှုနဲ့ ပြောင်းလဲမှုတွေကို လိုက်လျောညီထွေဖြစ်အောင် ခန္ဓာကိုယ် လုပ်ဆောင်နိုင်စွမ်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် အမြဲအိပ်စက် အနားယူချိန်ကို လုံ‌လောက်စေဖို့ သတိပြုပါ။

ကွီးတို့ အမျိုးသားတိုင်းက အခုဖော်ပြထားတဲ့ လိုက်နာသင့်တဲ့ ကျန်းမာရေး ဆိုင်ရာ အကြံပြုချက်များ ကို အလေးဂရုပြုမယ်ဆိုရင် ကျန်းမာရေးသက်ရှည်စွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

Source : Orlando Health Club

Featured Photo : Healthy Living