ကျရှုံးမှု ဆိုတာသည် အောင်မြင်မှု သို့သွားတဲ့ ခရီးလမ်းကြောင်းမှာ ရင်ဆိုင်ရတတ်တဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ကျရှုံးမှု နဲ့ ရင်ဆိုင်ရတဲ့အခါ ချက်ချင်းအရှုံးပေးလိုက်မယ်ဆိုရင်တော့ အောင်မြင်မှု နဲ့ ဝေးကွာသွားမှာပဲဖြစ်ပါတယ်။

ရှုံးနိမ့်မှုသည် သင့်ကို ပိုပြီးသန်မာလာအောင် ကူညီပေးတဲ့ အထောက်အပံ့တစ်ခုပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးအကျယ်အောင်မြင်နေကြတဲ့ အောင်မြင်သူတွေသည်လည်း ရှုံးနိမ့်မှုတွေကို အလူးအလဲခံစားခဲ့ကြရတာ ဖြစ်ပါတယ်။ သို့သော် သူတို့သည် ရှုံးနိမ့်မှုကို ပဓာနမထားဘဲ လုပ်ဆောင်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်ကာ အကောင်းဆုံးရလဒ်ကို ရရှိအောင် စွမ်းဆောင်ခဲ့ကြတာဖြစ်ပါတယ်။

တကယ်လို့ ကွီးတို့အနေနဲ့ မယုံဘူးဆိုရင် အခုဖော်ပြပေးမယ့် လူပုဂ္ဂိုလ်များကို ဆက်ဖတ်ကြည့်လိုက်ပါ။ သူတို့သည် ကျရှုံးမှု တွေကို ကျော်ဖြတ်ခဲ့ကြပြီး အောင်မြင်မှု တွေကို လက်ဝယ်ပိုင်ဆိုင်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

Milton Hershey

Milton Hershey

သင်သည် နို့ချောကလက်ကို ကြိုက်နှစ်သက်သူတစ်ယောက်ပါလား။ ဒါဆိုရင်တော့ Milton Hershey ကို သိထားသင့်ပါတယ်။ သူသည် သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးကို မလုပ်ဆောင်ခင်မှာ သူ့မြို့မှာရှိတဲ့ သကြားလုံးစက်ရုံမှာ အလုပ်လုပ်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်အတိုင်း ကိုယ်ပိုင်စက်ရုံ တည်ထောင်လိုက်တဲ့အခါမှာတော့ ဝက်ဝက်ကွဲကို အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ရပြီးနောက် သူ့ရဲ့မိသားစုပိုင် လယ်မြေဆီသို့ ပြန်လာခဲ့ပါတယ်။ ထို့နောက်မှာ သူ သိပ်လုပ်ချင်တဲ့ နို့ချောကလက်ကို ထုတ်လုပ်ခဲ့ပြန်ပါတယ်။ ထိုအချိန်ကျတော့မှ လူအများနှစ်သက်တဲ့ အရသာကို လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

Theodor Giesel

Theodor Giesel

Theodor Giesel ဆိုသူကတော့ စာအုပ်ဖြန့်ချီရေး ကုမ္ပဏီတွေရဲ့ ငြင်းပယ်ခြင်းကို အကြိမ်ကြိမ်ခံခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။ သူ ရေးထားတဲ့စာတွေကိုလည်း အမှိုက်သာသာပဲ လို့ အပြောခံရတာဖြစ်ပါတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ ၂၇ ကြိမ်တိုင်တိုင်ပေါ့။ ဒါပေမဲ့လည်း သူသည် လက်မလျော့ခဲ့ပါဘူး။

တစ်ညမှာတော့ သူသည် သူ့ရဲ့သူငယ်ချင်းဟောင်းတစ်ဦးနှင့် တွေ့ဆုံကြုံကြိုက်ခဲ့ပါတယ်။ ထိုသူက ကလေးစာပေတွေကို တည်းဖြတ်ပေးရတဲ့ အယ်ဒီတာတစ်ယောက်ပါ။ ထိုသူက Giesel ရဲ့စာတွေကို ဖတ်ပြီးတဲ့နောက်မှာတော့ ထုတ်ဝေပေးဖို့ သဘောတူလိုက်ပါတယ်။ ဒီလိုနဲ့ Giesel ရဲ့ ပထမဦးဆုံး စာအုပ်သည် လူကြိုက်များပြီး တော်တော်လေးကို ပေါက်ခဲ့ပါတယ်။

Albert Einstein

ကျရှုံးမှု အောင်မြင်မှု

သူ့ကိုတော့ မသိသူ မရှိလောက်ပါဘူး။ ယနေ့ခေတ်မှာ ဉာဏ်ရည်ထက်မြက်ပြီး ပါရမီပါတဲ့သူတစ်ယောက်လို့ သတ်မှတ်ခံရပေမယ့် သူ့ရဲ့ဘဝအစကတော့ ကျနော်တို့အားလုံး မျှော်မှန်းထားသလို အဆင်ပြေလှတယ်တော့မဟုတ်ပါဘူး။ ကလေးအရွယ်မှာ သူသည် အသက် ၄ နှစ်အထိ စကားတစ်လုံးမှ မပြောခဲ့သူတစ်ယောက်ပါ။ နှစ်အနည်းငယ် ကြာလို့ ကျောင်းပို့တဲ့အခါမှာလည်း အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတဲ့ အများကြီး မေးလွန်းလို့ဆိုပြီး သူ့ကျောင်းက ဆရာမတွေက သူ့ကို ပျင်းရိသူတစ်ယောက်လို့ သတ်မှတ်ခဲ့တာပါ။

သို့သော်သူသည် ယနေ့ခေတ်မှာ ကျနော်တို့ လွယ်လွယ်နဲ့ နားမလည်နိုင်တဲ့ Relativity သီအိုရီများကို ဖော်ထုတ်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

Benjamin Franklin

ကျရှုံးမှု အောင်မြင်မှု

Benjamin Franklin သည် သိပ္ပံပညာရှင်တစ်ဦး၊ စာရေးဆရာတစ်ဦးလည်းဖြစ်သလို တီထွင်သူ၊ သံအမတ်၊ စာအုပ်ဖြန့်ချီသူတစ်ယောက်၊ နိုင်ငံရေးတွေးခေါ်ပညာရှင်တစ်ဦး စသည်ဖြင့် နယ်ပယ်မျိုးစုံမှာ ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့ငယ်ဘဝသည်လည်း ကျောထောက်နောက်ခံကောင်းကောင်း မရှိခဲ့ပါဘူး။ သူသည် သူ့အိမ်ရဲ့ ငွေရေးကြေးရေး အခြေအနေကြောင့် အသက် ၁၀ နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့သင်ယူချင်စိတ်ကို ထိုအရာက မရပ်တန့်နိုင်ခဲ့ပါဘူး။ ရရင်ရသလို သင်ယူလေ့လာပြီး စာအုပ်တွေကိုလည်း အသည်းအသန် ကြိုးစားရှာဖတ်ခဲ့ပါတယ်။ ဒီလိုကနေ ယခုလို စွယ်စုံရပညာရှင်တစ်ဦး ဖြစ်လာခဲ့တာပါ။

Stephen King

ကျရှုံးမှု အောင်မြင်မှု

King ကတော့ ယနေ့ခေတ်မှာ အောင်မြင်နေတဲ့ စာရေးဆရာတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စာအုပ်ပေါင်း သန်း ၃၅၀ ရောင်းချခဲ့ပြီးပြီဖြစ်ပါတယ်။ ရောင်းအားအကောင်းဆုံး စာရေးဆရာတစ်ဖြစ်လည်း အောင်မြင်နေတဲ့ Stephen King သည် သူ့ရဲ့ပထမဦးဆုံးစာအုပ်သည် အကြိမ်ရေ ၃၀ တိတိ ပယ်ချခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူကိုယ်တိုင်တောင် ထိုစာအုပ်ကို အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့တာဖြစ်ပါတယ်။ သို့သော် သူ့မိန်းမရဲ့ အားပေးစကားများကြောင့် ပြန်လည်ကြိုးစားခဲ့ရာမှာ ယခုလို အောင်မြင်နေတဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာခဲ့တာပါ။

Thomas Edison

ကျရှုံးမှု အောင်မြင်မှု

Thomas Edison သည် ရှုံးနိမ့်မှုအများဆုံး လူသားတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ပရောဂျက်တစ်ခု အောင်မြင်ဖို့ အကြိမ် တစ်သောင်းတိတိ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ သို့သော် သူသည် ထိုအရာကို အရှုံးလို့ မသတ်မှတ်ခဲ့ပါဘူး။ မီးလုံးတစ်လုံး လင်းဖို့ရန်အတွက် မကူညီပေးနိုင်တဲ့ နည်းလမ်းပေါင်း တစ်သောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သတ်မှတ်ခဲ့သူတစ်ယောက်ပါ။

Thomas Edison ထံမှ ပညာယူသင့်တာကတော့ အရှုံးဆိုတဲ့အရာသည် ကိုယ်ကိုယ်တိုင်က အရှုံးမပေးသရွေ့ အရှုံးမမည်ပါဘူး။ ဒါ့ကြောင့် လက်မလျော့ဘဲ အကောင်းမြင်စိတ်ဖြင့် ဆက်လက်ကြိုးစားရမှာဖြစ်ပါတယ်။

ဘဝမှာ စိတ်ဓာတ်ကျစရာ၊ အရှုံးပေးချင်စရာတွေသည် တစ်ကွေ့မဟုတ် တစ်ကွေ့တော့ ကြုံတွေ့ရစမြဲပါပဲ။ ထိုအချိန်မျိုးမှာ လွယ်လွယ်နဲ့ ကျရှုံးမှု ကို အသိအမှတ်ပြုလိုက်မယ်ဆိုရင် အောင်မြင်မှု နဲ့ ဝေးသထက် ဝေးသွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အခုဖော်ပြပေးတဲ့သူတွေထံမှ သင်ခန်းစာယူကာ ဘဝကို အရှုံးမပေး၊ ဒူးမထောက်ဘဲ အောင်မြင်မှုဆီ ရဲရဲကြီး ချီတက်ရမှာပဲဖြစ်ပါတယ်။

Source: Entrepreneur

Featured Image: Fashionangelwarrior