တက်စတိုစတီရုန်း (Testosterone ) လို့ခေါ်တဲ့ ကျားဟော်မုန်းဟာ အမျိုးသားတစ်ယောက်အတွက် အရေးကြီးပါတယ်။ ကျားဟော်မုန်းဟာ လူပျိုဖော်ဝင်ချိန်ကနေ စတင်ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားလာဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် အသက်အရွယ် ပြောင်းလဲမှုအရ ကျားဟော်မုန်းပမာဏဟာ တဖြည်းဖြည်း ကျဆင်းလာတက်တယ် ဆိုတာကိုတော့ သတိပြုရပါတယ်။ ကျားဟော်မုန်း ကျဆင်းတာက အမျိုးသားတွေရဲ့ လိင်မှုဘဝအပေါ် အနှောင့်အယှက် ဖြစ်စေနိုင်သလို ခန္ဓာကိုယ်ရဲ့ အလုံးစုံ ကျန်းမာရေးကိုပါ သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အခုပြောပြမယ့် အစားအစာတွေကို ပုံမှန်လေး စားသုံးပေးမယ်ဆိုရင် ကျားဟော်မုန်း ပြန်တက်လာစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

(၁) ကမာ

Oysters

Photo : Corrie Cooks

ဇင့်က မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဇင့်ဓာတ်ချို့တဲ့ မှုရှိတဲ့ အမျိုးသားတွေမှာ တက်စတိုစတီရုန်း (Testosterone ) လုံလောက်စွာ မထုတ်နိုင်တဲ့ ပြဿနာ ကြုံရနိုင်ပြီး လိင်အင်္ဂါသန်စွမ်းမှုနဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ပိုင်း ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။ ကမာ (Oysters) ကတော့ ဇင့် ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် စားသုံးပေးမယ်ဆိုရင် တက်စတိုစတီရုန်း (Testosterone ) ပမဏကို တက်စေမှာ ဖြစ်ပါတယ်။

(၂) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

Leafy green vegetables

Photo : Unlock Food

ဟင်းနုနွယ် ၊ ကိုက်လန် အပါအဝင် အခြားသော အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာအတွက် ခန္ဓာကိုယ်ရဲ့ တက်စတိုစတီရုန်း (Testosterone ) အဆင့်ကို တိုးစေနိုင်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာအခြားသော အာဟာရဓာတ်များစွာလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ထောက်ပံ့ပေးနိုင်ပါတယ်။

(၃) ငါး/ ငါးကြီးဆီ

Fatty fish and fish oil

Photo : HealthifyMe

ကျန်းမာတဲ့ အဆီဓာတ်ဟာ တက်စတိုစတီရုန်း (Testosterone ) ထုတ်လုပ်မှုကို အထောက်အပံ့ ဖြစ်စေပါတယ်။ အဆီများတဲ့ငါးနဲ့ ငါးကြီးဆီတွေမှာ Omega-3 Fatty Acids ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အဆိုပါ ဒြပ်ပေါင်းတွေဟာ ကျားဟော်မုန်း ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ပြီး နှလုံးနဲ့ ကြွက်သား ၊ အဆစ်အမြစ် ကျန်းမာရေးကိုပါ အကျိုးကျေးဇူး များစွာရှိစေပါတယ်။

(၄) ကြက်သွန်နီ

Onions

Photo : Livestrong.com

ကြက်သွန်နီမှာ အာဟာရဓာတ်များစွာနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ၂၀၁၉ ခုနှစ်က လေ့လာမှုတစ်ခုအရ ကြက်သွန်နီဟာ ဟော်မုန်းထုတ်လုပ်မှုကို ပံ့ပိုးပေးနိုင်ပြီး Antioxidant လုပ်ဆောင်ချက်ကို တိုးစေသလို အလုံးစုံ တက်စတိုစတီရုန်း (Testosterone ) ပမာဏကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကြက်သွန်နီ များများစားသုံး ပေးမယ်ဆိုရင် ကျားဟော်မုန်း ပမဏ တိုးမြင့်လာစေမှာပဲ ဖြစ်ပါတယ်။

(၅) ဂျင်း

Ginger

Photo : Epicurious

ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် အမယ်တစ်မျိုးဖြစ်တဲ့ ဂျင်းကိုတော့ ရာစုနှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဂျင်းဟာ ကျားဟော်မုန်း တက်စတိုစတီရုန်း (Testosterone ) ထုတ်လုပ်မှုကို မြင့်တက်စေသလို သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေပြီး ပန်းသေပန်းညိုးနဲ့ လိင်အင်္ဂါ ကမောက်ကမ ဖြစ်ခြင်း ပြဿနာတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

Source : Medical News Today

Featured Photo : Healthline