ယနေ့ခေတ်လို ပွင့်လင်းမြင်သာမှုရှိတဲ့ ခေတ်ကြီးထဲမှာ တစ်ညတာ ပျော်ပါးခြင်းလို့ ခေါ်တဲ့ One Night Stand တွေက အများကြီး ပေါ်လာနေပါပြီ။ ကိုယ့် ချစ်သူ လက်တွဲဖော် တစ်ဦး တစ်ယောက်တည်းနဲ့သာ ချစ်တင်းနှောခြင်းထက် အခုလိုမျိုး တစ်ညတာ ပျော်ပါးတာမျိုးကိုမှ ခေတ်မီတယ်လို့ ထင်နေကြတဲ့လူတွေလည်း ရှိပါတယ်။ ပျော်တာ ရွှင်တာ ချစ်တင်းနှော တာလည်း နှောပေါ့၊​ ဒါပေမဲ့ ကိုယ့် အန္တရာယ်လည်း ကြည့် ရှောင် တတ်ဖို့ လိုအပ်ပါတယ်။

တစ်ညတာ ပျော်ပါးပြီး လက်တည့်စမ်းချင်တာကတော့ ကွီးတို့ရဲ့ လွတ်လပ်ခွင့်ပါပဲ။ ဒါပေမဲ့ အခုလို တစ်ညတာ ပျော်ပါးခြင်း One Night Stand တွေက များလာတာနဲ့အမျှ နောက်ကွယ်က ဆိုးကျိုးတွေကလည်း ရှိလာပါတယ်။ အကာအကွယ် မသုံးဘဲ တစ်ညတာလေး ပျော်ပါးဖို့အတွက် တစ်ဘဝလုံး ရင်းလိုက်ရတာတွေကလည်း ဒုနဲ့ ဒေးပါပဲ။

ကွီးတို့ရဲ့ ကျန်းမာရေးကို ကွီးတို့သာ ဂရုစိုက်ရမှာဖြစ်ပါတယ်။

အန္တရာယ်များတဲ့ ချစ်တင်းနှော ခြင်းမျိုး မဖြစ်ဖို့ရန်အတွက် အခုဖော်ပြမယ့် အချက်များကို ရှောင် ကြဥ်သင့်ပါတယ်။

couple in bed

  • အကာအကွယ် မသုံးဘဲ ချစ်တင်းနှောခြင်း
  • ပုလွေမှုတ်ခြင်း၊ ဘာဂျာမှုတ်ခြင်း၊ သီချင်းဆိုခြင်း စသည်ဖြင့် အမျိုးမျိုး ခေါ်ဆိုနေကြတဲ့ ပါးစပ်နဲ့ ညီလေး (သို့) ညီမလေးတို့ ထိတွေ့တဲ့အခါ အကာအကွယ် မသုံးခြင်း
  • အသက် မပြည့်သေးဘဲနဲ့ လက်တည့်စမ်းခြင်း
  • မြောက်မြားစွာသော လိင်ပါတနာများ ထားရှိခြင်း
  • မူးယစ်ဆေးဝါး အသုံးပြုသူများနှင့် ချစ်တင်းနှော ခြင်း အစရှိတဲ့ အချက်များကို ရှောင်ကြဥ်သင့်ပါတယ်။​

တချို့ တချို့တွေက ဘာ့ကြောင့် အန္တရာယ်ကင်းကင်း ချစ်တင်း မနှောကြတာလဲ ဆိုတာ အကြောင်းအရင်းများစွာ ရှိပါသေးတယ်။

ချစ်တင်းနှော ရှောင်

  • လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများက ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းသလဲဆိုတာ သူတို့ မသိကြလို့
  • ကိုယ့်ရဲ့ ပါတနာနဲ့ ဘေးအန္တရာယ်ကင်းကင်း ချစ်တင်းနှောဖို့အတွက် ဆွေးနွေးဖို့ စိတ်ကူး မရှိကြလို့
  • အကာအကွယ် ပစ္စည်းများကို သုံးရကောင်းမှန်း မသိလို့
  • လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများရဲ့ လက္ခဏာကို သတိမထားမိကြလို့
  • လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ခံစားရရင်တောင်မှ ဆေးကုသဖို့ ရှက်ကြောက်ကြခြင်းနှင့် အခြားသူကို မကူးစက်ဖို့အတွက် ကာကွယ်ဖို့ စိတ်ကူးလည်း မရှိလို့

ဒီအချက်များကြောင့် လိင်မှ တဆင့် ကူးစက်တတ်တဲ့ ရောဂါများသည် တဖြည်းဖြည်း များလာရခြင်းဖြစ်ပါတယ်။ ထိုအထဲမှာ ကွီးတို့လည်း ပါမသွားအောင် ကြိုတင်ကာကွယ်ကာ နေထိုင်ပြုမူတတ်ဖို့ လိုအပ်ပါတယ်။

ဘယ်လို ကြိုတင်ကာကွယ်မလဲ

ချစ်တင်းနှော ရှောင်

(၁) လိင်ဆက်ဆံဖော် အများကြီး မထားရှိပါနဲ့။ တစ်ဦးတစ်ယောက်တည်းနဲ့သာ ချစ်တင်းနှောပါ။

(၂) ပါတနာ ပြောင်းသွားခဲ့ရင်လည်း ကိုယ့် ကျန်းမာရေး ရာဇဝင်၊ သူ့ ကျန်းမာရေး ရာဇဝင်ကို သိရှိထားအောင် ပြုလုပ်ပါ။

(၃) ချစ်တင်းနှောတဲ့အခါတိုင်းမှာ ကွန်ဒုံး အသုံးပြုပါ။

(၄) ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူပါ။ ကာလသားရောဂါ၊ ဆီးပူညောင်းကျ ရောဂါနှင့် ကလိုင်မီးဒီးယား (Chlamydia) ရောဂါတို့ဆိုရင် တစ်နှစ်လျှင် တစ်ကြိမ်ခန့် ပုံမှန် စစ်ဆေးပါ။ တကယ်လို့ ကွီးတို့က လိင်ဆက်ဆံဖော် ပါတနာ အများကြီး ထားရှိတယ်ဆိုရင်တော့ ၃ လ တစ်ကြိမ်မှ ၆ လ တစ်ကြိမ်အထိ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

ကြိုတင် ကာကွယ်ခြင်းက ကုသခြင်းထက် အစွမ်းထက်တယ်ဆိုတဲ့အတိုင်း ကွီးတို့ရဲ့ ဘဝကို ကွီးတို့ရဲ့ ကျန်းမာရေး အသိနဲ့ ကာကွယ်ဖို့ စိတ်ဆန္ဒရှိရဲ့လား။

Source: Myhealth.alberta.ca

Featured Image: Tryonmed.com