ကြက်သွန်နီ နဲ့ဖျော်တဲ့ ကော့လ်တေး လို့ ပြောရင် “ဟင်ဘယ်လိုကြီးလဲ ဟုတ်မှဟုတ်ပါ့မလား” လို့ တွေးနေလောက်မယ် ထင်ပါရဲ့။ မယုံမရှိပါနဲ့ ရိုးရိုးလေးနဲ့ ဆန်းသလို ထူးထူးခြားခြား ကြက်သွန်နီ ပါတဲ့ Classic Gin ကော့လ်တေး တကယ်ရှိပါတယ်။ ဒါကတော့ Gibson ကော့လ်တေးလို့ ခေါ်ပါတယ်။

ကြက်သွန်နီ ကော့လ်တေး

Photo : A Couple Cooks

Martini Lovers တွေကတော့ Gibson ကော့လ်တေးကို အမှန်တကယ် ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။ Gin နဲ့ Dry Vermouth နှစ်မျိုးတည်းကိုပဲ အချိုးကျကျပေါင်းစပ် ဖျော်ထားပြီး ကြက်သွန်နီဥလေးတွေနဲ့ အလှဆင်ထားတာပါ။ သူ့ရဲ့အရသာကတော့ အေးအေးရှရှနဲ့ မွှေးတေးတေးလေး ဖြစ်ပါတယ်။ Gibson ကော့လ်တေးရဲ့အသက်က သံပုရာသီးတို့ သံလွင်သီးတို့နေရာမှာ အချဉ်ဖောက်ထားတဲ့ ကြက်သွန်နီကို တွဲဖက်တည်ခင်းရတာ ဖြစ်ပါတယ်။

ပါးစပ်ရာဇဝင်တွေအရတော့ Gibson ကော့လ်တေးကို Walter D.K လို့အမည်ရတဲ့ စီးပွားရေးသမားတစ်ဦးက ၁၈၉၈ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာလို့ ဆိုပါတယ်။ ကြက်သွန်နီစားတာက အအေးမိဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် ဆေးဖက်ဝင်တဲ့ ကော့လ်တေးတစ်ခွက်အဖြစ် Walter D.K က ဖျော်စပ်ဖန်တီးခဲ့တာလို့ ပြောကြပါတယ်။ အအေးမိဖျားနာခြင်းတွေ အဖြစ်များတဲ့ အခုလို ဆောင်းရာသီနဲ့တော့ Gibson ကော့လ်တေးက အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ ကဲဒါဆို ဖျော်စပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

ကြက်သွန်နီ ကော့လ်တေး

Photo : A Couple Cooks

အရင်ဆုံးကော့လ်တေးဖျော်စပ်ဖို့ ဖန်ခွက်တစ်ခုထဲမှာ Gin ၃ အောင်စတဲ့ နဲ့ အဖြူရောင် Dry Vermouth အောင်စဝက်တို့ကို ရောထည့်ပြီး ရေခဲအနည်းငယ် ပေါင်းထည့်ကာ အေးလာတဲ့အထိ စက္ကန့် ၃၀ လောက် အဆက်မပြတ်မွှေပေးပါ။ ပြီးတဲ့နောက် ရလာတဲ့ကော့လ်တေးဖျော်ရည်ကို အအေးခံထားတဲ့ Martini ဖန်ခွက်ထဲပြောင်းထည့်ကာ ကော့လ်တေးကြက်သွန်နီလေး အနည်းငယ်အလှဆင်ပြီး အေးအေးရှရှနဲ့ မွှေးတေးတေး Gibson ကော့လ်တေးတစ်ခွက် အသင့်သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။ အရမ်းကိုပဲလွယ်ကူရိုးရှင်းပြီး အခုလိုဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ကော့လ်တေးတစ်ခွက် ဖြစ်တာကြောင့် ကွီးတို့အိမ်မှာ ကိုယ်တိုင်ဖျော်စပ်မြည်းစမ်းကြည့်လိုက်ပါဦးဗျ။

Featured Photo : Food & Wine