Martini တွေကို Classic Cocktail တန်းမှာ ထည့်ပြောကြပါတယ်။ Martini က Gin နဲ့ Dry Vermouth ကို အခြေပြုပြီး ဖော်စပ်ထားတဲ့ Gin Cocktail ပါ။ Martini ကော့တ်တေးလ်တွေရဲ့ မူလအစကို ခြေရာခံဖို့ ခံပါတယ်။ ၁၉၀၅ ခုနှစ် တစ်ဝိုက်ကစပြီး လူကြိုက်များလာတယ်လို့ပဲ ပြောရမှာပါ။

Dry-Martini-cocktail

Photo : cocktail-society

Dry Martini တစ်ခွက် ဖော်စပ်ဖို့ Gin ၂ အောင်စခွဲ ၊ Dry Vermouth ၁/၂ အောင်စ ၊ Orange Bitter ၁ ဇွန်း နဲ့ သံပယိုခွံလေးပဲ လိုပါတယ်။ လုပ်ရတဲ့ နည်းလမ်းကလည်း ရှင်းပါတယ်။ Gin ၊ Dry Vermouth နဲ့ Orange Bitters တွေကို ရေခဲထည့်ထားတဲ့ Mixing Glass တစ်ခွက်ထဲ ထည့်ပြီး အေးသွားတဲ့အထိ မွှေပေးနေရမှာပါ။ ပြီးရင်တော့ အအေးခံထားတဲ့ Cocktail Glass ခွက်ထဲ လောင်းထည့်ရမှာပါ။ ပြီးရင်တော့ သံပယိုခွံလေးတစ်ခုနဲ့ ခွက်အပေါ်မှာ အလှဆင်ရုံပါပဲ။

Featured Photo : sbs