တိုက်ခတ်သတ်ပုတ်ရတဲ့ ခပ်ကြမ်းကြမ်း ခပ်မိုက်မိုက် ဂိမ်းတွေမှ ခရေဇီဖြစ်တဲ့ ဂိမ်းချစ်သူ ကွီးတို့ အတွက် ဒီတစ်ခေါက်မှာတော့ ကွီးတို့ လုံးဝသဘောကျရမယ့် အမိုက်စား တိုက်ခိုက်ရေး ဂိမ်းတွေကို ပြောပြပေးချင်ပါတယ်။ စိတ်လှုပ်ရှားစရာ ၊ ရင်ခုန်ပျော်ရွှင်စရာတွေ ပေးစွမ်းမယ့် ဂိမ်း မိုက်မိုက်လေးတွေ ဖြစ်တာကြောင့် ကွီးတို့ ဆော့ရကျိုး နပ်စေမှာပါ။ ဘယ်ဂိမ်းတွေဖြစ်မလဲ ဆက်ဖတ်ကြည့်ရအောင်။

(၁) EA Sports UFC Mobile 2

EA Sports UFC Mobile 2

Photo : Android Authority

EA ကနေ UFC Mobile ဂိမ်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းတုန်းက Discontinued လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတဖန် EA Sports UFC Mobile 2 ဆိုပြီး အသစ်ထွက်လာပါပြီ။ ဒီဂိမ်းက အရင်ထွက်ခဲ့တဲ့ UFC Mobile ဂိမ်းနဲ့ တော်တော်လေး ကွဲပြားတာတွေ့ရပါတယ်။ Controls ပိုင်းတွေရော Graphic ပိုင်းပါ ပိုကြမ်းပိုလန်း လာပါတယ်။ ထိုးကြိတ်သတ်ပုတ် အမှန်အကန် ဖိုက်ချင်တဲ့ ကွီးတို့ကတော့ EA Sports UFC Mobile 2 ဂိမ်း လေးကိုသာ ဆော့ကြည့်ဖို့ ညွှန်းချင်ပါတယ်။

(၂) Street Fighter IV Champion Edition

Source : CapcomChannel

Street Fighter IV Champion Edition ကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ လူကြိုက်အများဆုံး တိုက်ခိုက်ရေး ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Characters တွေ တော်တော်များများ ရွေးချယ်နိုင်သလို Fighting Mechanics တွေလည်း အများကြီး ပါပါတယ်။ ဒီဂိမ်းက Bluetooth Controller Support ပေးသလို Online PvP ပြိုင်ပွဲတွေကိုလည်း ကစားနိုင်မှာပါ။ အရင်ခေတ်စတိုင် ဂိမ်းပုံစံလေး ဖြစ်တာကြောင့် ကွီးတို့သေချာပေါက် အကြိုက်တွေ့စေမယ်လို့ ယုံကြည်ပါတယ်။

(၃) Mortal Kombat

Mortal Kombat

Photo : Android Authority

Mortal Kombat ကတော့ ဂိမ်းချစ်သူတွေကြားမှာ နာမည်ကြီးပြီးသား ဂိမ်းတစ်ခုပါ။ ဂိမ်း Characters တွေရဲ့ အမိုက်စား ပုံစံတွေကြောင့်ပဲ ဂိမ်းချစ်သူတွေကြားမှာ ရေပန်းစားလူသိများတာ ဖြစ်ပါတယ်။ Mobile ဗားရှင်းနဲ့ PC ဗားရှင်းနှစ်ခုကြားမှာတော့ မတူတာလေးတွေ နည်းနည်းရှိပါတယ်။ Fighting Mechanics တွေ Controls တွေ ပြောင်းသွားတဲ့အတွက် Gameplay က နည်းနည်း မတူတော့တာပါ။ ဘာပဲဖြစ်ဖြစ် တိုက်ခိုက်ရေးဂိမ်းတွေထဲမှာတော့ ဒီနေ့ထိ ရေပန်းစားနေတဲ့ လူကြိုက်အများဆုံး ဂိမ်း တွေထဲကတစ်ခုအဖြစ် ရှိနေပါသေးတယ်။

(၄) Streets of Rage 4

Source : Playdigious

Streets of Rage 4 ကတော့ လွန်ခဲ့တဲ့ ၂၅ နှစ်က အော်ရီဂျင်နယ်ဂိမ်းကို ပြန်ပြီးအသက်သွင်း ထားတာပါ။ ဒီဂိမ်းက Classic Beat-’Em-Up Mechanics‌ တွေ ပါပါတယ်။ ဇာတ်ကောင်တစ်ကောင်ရွေးပြီး Level အလိုက် လူဆိုးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်သွားရမှာ ဖြစ်ပါတယ်။ ရွေးချယ်စရာ Characters တွေ တော်တော်များသလို ဂိမ်း Modes တွေလည်း တော်တော်ပြောင်းသွားပြီး Levels တော်တော်များများ ပါလာပါတယ်။ ကစားရတာတဲ့ ဖီလင်ကတော့ Smooth တယ် ၊ ပေါ့ပေါ့ပါးပါးနဲ့ လုံးဝမိုက်တဲ့ ဂိမ်း အတွေ့အကြုံကို ရရှိစေမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ Try ကြည့်လိုက်ပါဦး။

Featured Photo : Eurogamer