“ ကြိမ်လွမ်း နေတာ မဟုတ်ဘူးနော် ဂိတ်ကြမ်း နေတာ” ဆိုတဲ့ စကားကို ဒီရက်ပိုင်းအတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက် အားပေးသူတွေက ဆိုရှယ်မီဒီယာပေါ်မှာ တွင်တွင်ကျယ်ကျယ်ကို သုံးနှုန်းလာကြပါတယ်။ အကြောင်းအရင်းကတော့ သူတို့ အားပေးနေတဲ့ ယူနိုက်တက်အသင်းက ဒီကာလလေးအတွင်းမှာပဲ ကစားသမားသစ် (၂)ဦးကို မြန်မြန်ဆန်ဆန်နဲ့ ခေါ်ယူနိုင်ခဲ့တာ ကြောင့်ပါပဲ။

manchester united transfer flops

Photo Credit: Goal

မန်ယူနိုက်တက်ဆိုတာ ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း ဥရောပရဲ့ ထိပ်သီး အသင်းတစ်သင်း ဆိုပေမယ့်လည်း နောက်ပိုင်းနှစ်တွေထဲ ဆက်တိုက်ဆိုသလို ကျဆင်းမှုတွေ ရှိခဲ့ရတာကြောင့် အသင်းဆီ ထိပ်တန်း ကစားသမားတွေ ခေါ်ယူဖို့ ကြိုးပမ်းရာမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဓိကအားဖြင့် အသင်းအတွင်းက ကဏ္ဍအသီးသီးကို တာဝန်ယူထားသူတွေရဲ့ လုပ်ကိုင်ဆောင်ရွှက်ပုံ ညံ့ဖျင်းမှုတွေကြောင့်လို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။ ဒီလူတွေရဲ့ လုပ်ကိုင်ဆောင်ရွှက်မှု အားနည်းချက်တွေကြောင့်ပဲ ယူနိုက်တက်ဟာ ကစားသမား ခေါ်ယူတိုင်းမှာ လိုအပ်တာထက် ကြေးပိုပေးရတာတွေ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ကြန့်ကြာနေရတာတွေက ခဏခဏ ဖြစ်ရတက်ပါတယ်။

zirkzee ten hag

Photo Credit: Goal

ဒါပေမယ့် အသင်းဆီကို ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS တို့ ရောက်ရှိလာချိန်မှာတော့ အသင်းက ပိုပြီးတော့ကို စနစ်ကျလာခဲ့ပါတယ်။ အသင်းမှာ အပြောင်းအလဲ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ နေရာတွေအတွက် အကုန်လုံး ပြောင်းလဲပစ်နိုင်ခဲ့သလို အခုလည်း သူတို့ရဲ့ ပထမဆုံး အပြောင်းအရွှေ့ ဈေးကွက် ရောက်လာချိန်မှာလည်း အသင်းအတွက် ကစားသမားသစ် (၂)ဦးကို လျင်လျင်မြန်မြန်နဲ့ ခေါ်ယူပေးနိုင်ခဲ့ပါတယ်။ ပထမဆုံး ခေါ်ယူပေးခဲ့တာကတော့ ဂျိုရှုအာ ဇက်ခ်ဇီပါ။ ဘိုလော့ဂ်နာ တိုက်စစ်ကစားသမားလေးကို ယူနိုက်တက်က ယူရို (၄၂.၅)သန်းကို (၃)နှစ် ပေးချေမှု ပုံစံနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

leny yoro man utd

Photo Credit: Football365

ဇက်ခ်ဇီကို ခေါ်ယူအပြီး သိပ်မကြာခင်မှာပဲ ရီးယဲလ်မှ ရီးယဲလ် ဖြစ်နေတဲ့ လိုင်လီ နောက်ခံလူ ယိုရိုကိုပါ ထပ်မံ ခေါ်ယူလိုက်နိုင်ပါတယ်။ ယူနိုက်တက်က ဒီကစားသမားလေးအတွက် ယူရိုသန်း(၅၀)နဲ့ ကမ်းလှမ်းထားတာကို လိုင်လီဘက်က လက်ခံထားခဲ့သည့်တိုင် ကစားသမားက ရီးယဲလ်ကိုပဲ ပြောင်းချင်နေလို့ ဆွေးနွေးမှုတွေ အသေအချာ လုပ်ဆောင်ခဲ့ရပြီး အခုတော့ ယိုရိုကိုယ်တိုင်ပါ စိတ်ပြောင်းသွားပြီး မန်ချက်စတာကိုပဲ ရွေးချယ်လိုက်ပါတယ်။ ကစားသမား (၂)ဦးကို လျင်လျင်မြန်မြန် ခေါ်ယူလိုက်နိုင်တဲ့ ယူနိုက်တက်ကတော့ ဆက်လက်ပြီးတော့ ဂိတ်ကြမ်း သွားဖို့ ရှိနိုင်ပါသေးတယ်။

Featured Photo: Bleacher Report Football