တေးဂီတတွေ၊ သီချင်းတွေဆိုတာ ဖျော်ဖြေရေး သက်သက်သာ မဟုတ်ဘဲ လူတစ်ယောက်ရဲ့ စိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် စိတ်အားထက်သန်မှုနှင့် စိတ်ခံစားချက်ကို ထိန်းကျောင်းပေးသည့် ရင်းမြစ်တစ်ခုလို့လည်း ဆိုလို့ရပါတယ်။ တစ်ခါတစ်လေကျရင် ဘဝမှာ စိတ်ဓာတ်ကျတာ သို့မဟုတ် အားကိုးရာမဲ့ခြင်း စသည်တို့ကို ခံစားရပြီး မည်သူနှင့်မျှ ဆွေးနွေးလိုခြင်းမရှိသည့်အခါ၊ ကွီးတို့ကို သီချင်းများက နှစ်သိမ့်မှု ပေးနိုင်မှာပါ။ တစ်ခါတရံမှာ ကွီးတို့ရဲ့ပန်းတိုင်ကိုရောက်ဖို့အတွက် လှုံ့ဆော်မှုနဲ့ စိတ်အားတတ်ကြွမှုကို သီချင်း တွေက ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ ကြိုးစားချင်စိတ်ကို မြှင့်တင်ပေးနိုင်မဲ့ သီချင်း ကောင်းများ ကိုဝေမျှပေးချင်ပါတယ်။

(၁) We are the Champions by Queen

Source : Queen Offical

ကွီးတို့ရဲ့ ကြိုးစားချင်စိတ်ကို မြှင့်တင်ပေးနိုင်မဲ့ ပထမဆုံးဖော်ပြချင်တဲ့ သီချင်း ကတော့ Queen ရဲ့ We are the Champions ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။ ဒီသီချင်းလေးမှာပြောချင်တာကတော့ အမှားလုပ်မိပြီး ခံစားနေရတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျရှုံးမှုများမှ သင်ယူကာ ကိုယ့်ရဲ့ဘဝ ပန်းတိုင်ဆီအရောက်သွားဖို့ အရေးကြီးတဲ့အကြောင်း သီဆိုထားပါတယ်။

(၂) Just Like Fire by Pink

Source : P!NK

Pink ရဲ့ Just Like Fire သီချင်းကတော့ ကျွန်ုပ်တို့ မိမိကိုယ်ကို ယုံကြည်ချက်ရှိမှသာ ကျွန်ုပ်တို့အလိုရှိသော အရာတိုင်းကို ရယူပိုင်ဆိုင်နိုင်မှာ ဖြစ်ကြောင်း သီဆိုထားပါတယ်။

(၃) Hall of Fame by The Script

Souce : The Script

The Script ရဲ့ Hall of Fame သီချင်းဟာ စိတ်အားထက်သန်စေတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပါ။ လူတွေဟာ ကြိုးကြိုးစားစားလုပ်မယ်ဆိုရင် မဖြစ်နိုင်တာတွေ ကိုတောင်မှ ဖြစ်အောင်လုပ်နိုင်လာပါလိမ့်မယ်။ ဘယ်အရာမဆို ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ကြိုးကြိုးစားစားနဲ့ စိတ်ပိုင်းဖြတ်ပြီး လုပ်ကိုင်ပါ။ ကွီးတိုဆန္ဒရှိရာ ဘယ်အရာမဆို ရအောင်လုပ်နိုင်မှာ ဖြစ်တဲ့အကြောင်း သီဆိုထားပါတယ်။

(၄) Fight Song by Rachel Platten

Source : Rachel Platten

ကွီးတို့ရဲ့ ကြိုးစားချင်စိတ်ကို မြှင့်တင်ပေးနိုင်မဲ့ သီချင်း ကောင်းများကိုဖော်ပြပေးတဲ့ နေရာမှာ Rachel Platten ရဲ့ Fight Song သီချင်းကလည်း မပါမဖြစ်ပါ။ ဒီသီချင်းက ကွီးတို့ကို မိမိတိုကိုယ်ကို ယုံကြည်မှုရှိရန်နှင့် မည်သိုပင်အတားအဆီးများ ရှိနေစေကာမူ ရှေ့ဆက် လျှောက်လှမ်းဖို ခွန်အားပေးထားပါတယ်။ ကြိုးစားပါ။ လိုချင်တဲ့အရာကို အရယူပါ။

(၅) Skyscraper by Demi Lovato

Source : Demi Lovato

ဘဝဆိုတာ သင်ယူဖို့ဖြစ်ပြီး သင်ဟာ သန်မာတယ်ဆိုရင် သင်ရည်ရွယ်ထားတဲ့အရာကို အောင်မြင်အောင်လုပ်ဖို့ ဘယ်အတားအဆီးမှ မတားဆီးနိုင်ပါဘူး။ Demi Lovato ရဲ့ Skyscraper ဒီသီချင်းက မင်းရဲ့ နှလုံးသားထဲမှာ မီးတောက်လောင်နေပြီး လိုချင်တဲ့ အရာကို ကြိုးစားပြီး အနိုင်ယူနိုင်ရန် သီဆိုထားတဲ့ သီချင်းပဲ ဖြစ်ပါတယ်။

Source : Lifehack

Featured Photo : Tenth Day