ကျန်းမာရေးအတွက် Workout ကို လူကြီး လူငယ်မရွေးအချိန်ပေးပြီး လုပ်သင့်ပါတယ်။ Workout လုပ်နေရင်း စိတ်အားတတ်ကြွလာပြီး ပျော်ရွှင်စွာ စီးချက်ညီညီ လုပ်နိုင်ရန် သီချင်းလေးတွေ နားထောင်ရင်း လုပ်နိုင်ပါတယ်။ Workout လုပ်ရင်း သီချင်းနားထောင်မယ်ဆိုရင် Hip Hop သီချင်းတွေကို ရွေးလိုက်ပါ။ Hip Hop သီချင်းတွေဟာ သန်မာပြီး တတ်ကြွတဲ့အပြင် အလန်းစား Rap စာသားတွေနဲ့အတူ မြူးကြွတဲ့သံစဥ်တွေက ကွီးတို့ Workout လုပ်တဲ့နေရာမှာ ပိုမိုတတ်ကြွအောင် ကူညီပေးပါလိမ့်မယ်။ ဒါကြောင့် ကွီးတို့အတွက် Workout လုပ်နေရင်း နားထောင်ဖို့ Hip Hop သီချင်းကောင်းများ ကို ဝေမျှပေးချင်ပါတယ်။

Workout Hip Hop သီချင်းကောင်းများ

Photo : Men’s Journal

Workoutလုပ်နေရင်း ကွီးတို့ နားဆင်ဖို့ Hip Hop သီချင်းကောင်းလေးတွေကတော့………

(၁) “Lose Control” by Missy Elliot (Feat. Ciara, Fatman Scoop)

Source : Missy Elliott

Workout လုပ်နေရင်း နားထောင်ဖို့ Hip Hop သီချင်းကောင်းများ ကို ဖော်ပြရမယ်ဆိုရင် တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အမျိုးသမီး Hip Hop အနုပညာရှင် Missy Elliot ရဲ့ Lose Control နဲ့ စလိုက်ရအောင်။ ဒီသီချင်းကို Featuring အနေနဲ့ Ciara နဲ့ Fatman Scopp ကသီဆိုပေးထားပြီး ၂၀၁၅ မှာထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ စိတ်အားတတ်ကြွစေတဲ့ Rap စာသားများကြောင့် Workout လုပ်ရင်းနားထောင်ဖို့ အသင့်တော်ဆုံးပါပဲ။

(၂) “Victory” by Puff Daddy (feat. The Notorious B.I.G., Busta Rhymes)

Source : Bad Boy Entertainment

“Victory” ဆိုတဲ့ သီချင်းကိုတော့ Puff Daddy ကသီဆိုထားပြီး Featuring အနေနဲ့ The Notorious B.I.G နဲ့ Busta Rhymes တို့ကပါဝင်ထားပါတယ်။ ဒီသီချင်းထဲမှာ “Excellence is my presence, Never tense, Ever hesitant “စတဲ့ စိတ်ခွန်အားပေးတဲ့ Rap စာသားတွေကြောင့် လေ့ကျင့်ခန်းလုပ်ရင်းနားထောင်ဖို့ အသင့်တော်ဆုံးပါပဲ။ “Victory” အောင်ပွဲ ဆိုတဲ့ သီချင်းခေါင်းစဉ်အတိုင်း Workout လုပ်ပြီး ကွီးတို့လိုချင်တဲ့ Body Goal ကို အရယူလိုက်ပါ။

(၃) “‘Till I Collapse” by Eminem (feat. Nate Dogg)

Source : Mydelko

Eminem ကိုတော့ မကြိုက်တဲ့ လူတော်တော်ရှားပါလိမ့်မယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်နေရင်း နားထောင်ဖို့အတွက် Eminem ရဲ့ “Till I Collaspe” သီချင်းကို ထပ်ဖြည့်ပါရစေ။ ဒီသီချင်းကို Featuring အနေနဲ့ Nate Dogg က ပါဝင်သီဆိုပေးထားပါတယ်။ Eminem ရဲ့ Rap စာသားတွေက ပြောစရာမလိုအောင်ကို အမြဲတမ်းတတ်ကြွတဲ့အတွက် ကွီးတို့ Workout လုပ်နေရင်း စိတ်ခွန်အားကိုလည်း တိုးစေမှာပါ။

(၄)  “Ruff Ryders’ Anthem” by DMX

Source : DMX

ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်  Workout လေးတွေလုပ်ရင်း နားထောင်လို့ကောင်းတဲ့ Hip Hop သီချင်းကောင်းလေးကတော့ DMX ရဲ့ ” Ruff Ryders’ Anthem” သီချင်းပဲ ဖြစ်ပါတယ်။ သူရဲ့ Rap စာသားတွေနဲ့ သံစဥ်တွေက ကွီးတို့ကို တတ်ကြွစေပါလိမ့်မယ်။

(၅) “Go” by Killer Mike

Source : SGPrimo1

နောက်ထပ် သီချင်းလေးတစ်ပုဒ်ကတော့ Killer Mike ရဲ့ “Go” သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းဟာလည်း အရမ်းလန်းတဲ့ Rap စာသားတွေနဲ့ ဖွဲ့စည်းထားပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ထို့အပြင် စိတ်အားတတ်ကြွစေတဲ့ စာသားများကြောင့် ကွီးတို့ကိုလည်း ပိုမိုတတ်ကြွစွာ Workout လုပ်ဖို့ ကူညီပေးပါလိမ့်မယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ Workout လုပ်နေရင်း နားထောင်ဖို့ Hip Hop သီချင်းကောင်းများ ပဲ ဖြစ်ပါတယ်။ ဒီသီချင်းကောင်းလေးတွေကို အခုပဲ ကွီးတို့ Workout Playlist ထဲထည့်ပြီး နားဆင်လိုက်ပါ။

Source : Men’s Health

Featured Photo : Workout