ကွီးတို့က အားအင်အပြည့်နဲ့ ကြိုးစား နေလျက်ပါနဲ့ ဘာ့ကြောင့် မအောင်မြင် ရသေးသလဲဆိုတဲ့ အဖြေကို ခေါင်းခြောက်အောင် စဥ်းစားနေရပြီလား။

ဒါဆိုရင်တော့ အခုဖော်ပြမယ့် အချက်များနဲ့ ပြန်လည် ချိန်ထိုးကာ သုံးသပ်ကြည့်ပါ။ ကွီးတို့က ကြိုးစား နေရဲ့သားနဲ့ ဒီအချက်တွေကိုလည်း ပြုလုပ်နေတဲ့အတွက်ကြောင့် မအောင်မြင် ရသေးခြင်းဖြစ်ပါတယ်။​

(၁) ရည်မှန်းချက် ကြီးလွန်းခြင်း

success

ကွီးတို့က အောင်မြင်ဖို့ အတွက် ရည်မှန်းချက် ကြီးမားနေတာကြောင့် အမှား ပြုလုပ်မိမှာကို ကြောက်နေမိပြီလား။ အဲ့ဒါကြောင့်မို့လို့ ကြိုးစား နေပေမယ့် မအောင်မြင် ရခြင်းဖြစ်ပါတယ်။ လူအတော်များများက အမှား ပြုလုပ်မိမှာ၊ ရှုံးနိမ့်သွားမှာကို အင်မတန် ကြောက်ကြပါတယ်။ ထိုအကြောက်တရားကပဲ ကွီးတို့ကို မအောင်မြင်ဖို့အတွက် ဖိနှိပ်ထားတာဖြစ်ပါတယ်။

(၂) ကိုယ့်ရဲ့ ယုံကြည်ချက်ကို ချပြရမှာ သတ္တိမရှိခြင်း

colleagues

ကိုယ့်အဖွဲ့သားတွေနဲ့ ကိုယ်နဲ့ အမြင်ချင်း မတူကြတဲ့အချိန်မျိုးမှာ သူတို့နဲ့ သဘောထား ကွဲမှာကို မလိုလားတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ အမြင်ကို ချိုးနှိမ်လိုက်ရတဲ့ အခိုက်အတန့်မျိုး ရှိပါသလား။ ကိုယ့်ရဲ့ ယုံကြည်ချက်၊ ကိုယ့်ရဲ့ အမြင်ကို သတ္တိရှိရှိ မပြောရဲခြင်းကလည်း ကွီးတို့ မအောင်မြင်သေးရခြင်းရဲ့ အကြောင်းအရင်းတစ်ချက်ပါပဲ။

(၃) အလုပ်နဲ့ ပတ်သက်ပြီး ငြီးတွားလွန်းခြင်း

ကြိုးစား မအောင်မြင်

ကွီးတို့က ကြိုးတော့ ကြိုးစားနေပါရဲ့။ ဒါပေမဲ့ ပါးစပ်ကလည်း ငြီးငြူနေမယ်ဆိုရင် ကြိုးစားနေရတဲ့အရာအပေါ် သွားပြီး ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။​ ဥပမာ ကွီးတို့က ရာထူး တိုးချင်နေပါရဲ့။ ဒါပေမဲ့ အလုပ်အကြောင်း တစ်ချိန်လုံဂ ငြီးငြူနေမယ်ဆိုရင် အလုပ်အပေါ် ချစ်တဲ့ စိတ်တွေက တဖြည်းဖြည်း ပျောက်သွားမှာဖြစ်ပြီး ကိုယ့်ရဲ့ အလုပ်၊ ကိုယ့်ရဲ့ အလုပ်ရှင်အပေါ်မှာလည်း မကောင်းတဲ့ အမြင်တွေပဲ ပေါ်လာပါလိမ့်မယ်။

(၄) ကွီးတို့က မိမိကိုယ်ကို အခြားသူများနဲ့ နှိုင်းယှဥ်နေခြင်း

ကြိုးစား မအောင်မြင်

ကိုယ့်ရဲ့ အလုပ်ဖော်များ၊ သူငယ်ချင်းများက ကိုယ့်ထက် ပိုပျော်နေပါလား၊ ကိုယ့်ထက် ပိုအောင်မြင်နေပါလားဆိုပြီး ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ လိုက်နှိုင်းယှဥ်နေမယ်ဆိုရင်တော့ ဘယ်တော့မှ အောင်မြင်လာနိုင်စရာ အကြောင်းမရှိပါဘူး။ တော်ရုံသင့်ရုံ ယှဥ်ပြိုင်ခြင်းကတော့ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ချိန်လုံး အများနဲ့ လိုက်ပြိုင်နေမယ်ဆိုရင်တော့ ကွီးတို့အတွက် ပူလောင်ခြင်းကလွဲပြီး အခြား မရှိပါဘူး။

(၅) ကွီးတို့က နေ့တစ်ဝက်လောက်ကို အချိန်ဖြုန်းနေလို့

ကြိုးစား မအောင်မြင်

ငါက မနက်ပိုင်း မထနိုင်ဘူး၊ ညနေပိုင်းနဲ့ ညပိုင်းကျမှ အာရုံ ပိုစူးစိုက်နိုင်တာ၊ အလုပ် ပိုလုပ်နိုင်တာဆိုပြီး ဆင်ခြေမပေးပါနဲ့။ အဲ့ဒီလို ဆင်ခြေပေးနေလို့ကတော့ တစ်သက်လုံး အောင်မြင်လာနိုင်စရာ အကြောင်းမရှိပါဘူး။

မနက်တစ်ပိုင်းလုံးကို အလဟဿ အချိန်ဖြုန်းပစ်မယ့်အစား အရမ်း တွေ့စရာမလိုတဲ့ အလုပ်မျိုး (သို့) လွယ်ကူတဲ့ အလုပ်မျိုးကို မနက်တစ်ပိုင်းလောက်မှာ ပြီးသွားအောင် ပြုလုပ်ကြည့်ပါ။ ထို့နောက် ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ခက်ခဲတွေ အလုပ်တွေနဲ့ ဦးနှောက်ကို အလုပ်ပေးထားလိုက်ပါ။ ဒါဆိုရင်တော့ အလဟဿ အချိန်ကုန်ဆုံးတော့မှာ မဟုတ်ပါဘူး။

ကွီးတို့ရော အထက်ဖော်ပြပါ အချက်များကို ပြုလုပ်နေမိပြီလား။ ဒါဆိုရင်တော့ ထို အကျင့်ဆိုး များကို မြန်မြန် ဖျောက်ဖျက်ပစ်ဖို့ လိုအပ်နေပါပြီ။ မဖျောက်ဖျက်ဘဲ ဆက်လက် သိမ်းဆည်းထားမယ်ဆိုရင်တော့ ကွီးတို့ဘဝက အောင်မြင်လာနိုင်စရာ အကြောင်း မရှိတော့ပါဘူး။

Source: Economictimes.indiatimes

Featured Image: Ankaraikincielesyaalanyerler