သက်သောင့်သက်သာဖြစ်တဲ့ Comfort Zone ထဲကနေ ရုန်းထွက် ပါ။ ကွီးတို့ ဘဝက Comfort Zone ရဲ့ အပြင်ဘက်မှာ တည်ရှိပါတယ်။ သက်သောင့်သက်သာရှိတဲ့ နေရာမှာပဲ ကြိတ်မှိတ်နေမယ်ဆိုရင် ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး အစရှိတဲ့ စကားသံတွေကို ကွီးတို့ ကြားဖူးပါလိမ့်မယ်။

ဒါပေမဲ့ အဲ့ဒါက တကယ် မှန်လို့လား။ အမှန်တကယ်ပဲ Comfort Zone ထဲကနေ ရုန်းထွက် သင့်လို့လား။ ထိုင်နေတုန်းက အကောင်း၊ ထခါမှ ကျိုးမှန်းသိ ဆိုသလို၊ Comfort Zone ထဲမှာ နေတုန်းကတော့ သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေး နေရသလောက် ရုန်းထွက် မိခါမှာ စိတ်ဖိစီးမှုပေါင်း သောင်းခြောက်ထောင်နဲ့ စိတ်ချနေရပါသလား။ ကွီးတို့ စိတ်ထဲမှာလည်း ဝေခွဲမရဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်ပြီး ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြည့်လိုက်ပါ။

Comfort Zone ထဲကနေ ရုန်းထွက်လိုက်ပါဆိုတဲ့ အိုင်ဒီယာ စတင်လာပုံ

man standing

စိတ်ရောဂါ အထူးကု ပညာရှင် နှစ်ယောက်ဖြစ်တဲ့ Robert M. Yerkes နဲ့ John Dillingham Dodson တို့သည် ၁၉၀၈ ခုနှစ်တုန်းက သုတေသနတစ်ခုကို အတူတူ ပြုလုပ်ခဲ့ကြပါတယ်။ ထိုသုတေသနထဲတွင် လေ့လာတွေ့ရှိခဲ့ရတာကတော့ ကွီးတို့ရဲ့ စိတ်ဖိစီးမှုက မြင့်လာလေလေ ကွီးတို့ရဲ့ လုပ်နိုင်စွမ်းက တိုးတက်လာလေလေဖြစ်ပြီး၊ စိတ်ဖိစီးမှု ကင်းဝေးလေလေ ကွီးတို့ရဲ့ အရည်အချင်းနဲ့ လုပ်နိုင်စွမ်းက လျော့ကျသွားလေလေပါပဲ။

ကွီးတို့သာ သက်သောင့်သက်သာဖြစ်နေတဲ့ နေရာကနေ ရုန်းထွက်ဖို့ ကြိုးစားမယ်ဆိုရင်

Comfort Zone ရုန်းထွက်

ခံစားရမယ့် အကျိုးကျေးဇူးများကတော့ တစ်ခုမကပါဘူး။ အများကြီးပါပဲ။

(၁) ကွီးတို့ရဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူး အိပ်မက်တွေ ပြည့်မြောက်လာမယ်။

(၂) မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာမယ်။

(၃) ကွီးတို့ရဲ့ ကမ္ဘာကြီးက ပိုကျယ်လာပြီး အမြင်ပိုကျယ်လာမယ်။

(၄) အလွယ်တကူ အရှုံးမပေးတတ်တဲ့ စိတ်၊ ခံနိုင်ရည် ပိုကောင်းလာတဲ့ စိတ်တွေ များလာမယ်။

(၅) ကိုယ့်အကြောင်း ကိုယ် ပိုသိလာပြီး ကိုယ့်စိတ်ကို အလိုမလိုက်တော့ဘဲ ပိုမို စည်းစနစ်ကျလာမယ် အစရှိတဲ့ အကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင်ပါတယ်။

သက်သောင့်သက်သာဖြစ်နေတဲ့ ဇုန်ထဲကနေ ဘယ်လို ရုန်းထွက်ရမလဲ

Comfort Zone ရုန်းထွက်

အရင်ဦးဆုံး ကွီးတို့ရဲ့ ပန်းတိုင် တစ်ခုကို ချမှတ်ထားပါ။ ထိုပန်းတိုင်က လက်တွေ့ဆန်တဲ့ ပန်းတိုင် တစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်။ ထိုပန်းတိုင်ကို ဘယ်အချိန်မှာ ပြည့်ဝအောင် လုပ်ရမလဲဆိုတဲ့ အချိန်သတ်မှတ်ချက်တစ်ခုလည်း ထားရှိဖို့ လိုအပ်ပါတယ်။

အစီအစဥ် ချမှတ်ထားပါ။ ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်လိုမျိုး လုပ်မယ် စတာတွေကို အစီအစဥ် ရေးဆွဲထားဖို့ လိုအပ်ပါလိမ့်မယ်။ ကွီးတို့မှာ အစီအစဥ် မရှိဘူးဆိုရင်တော့ ကျရှုံးဖို့ များပါလိမ့်မယ်။

အမှန်တကယ် လုပ်ဆောင်ပါ။ ပန်းတိုင်လည်း ချမှတ်ပြီးပြီ၊ အစီအစဥ်လည်း ဆွဲပြီးပြီဆိုရင် အမှန်တကယ် လုပ်ဆောင်ဖို့ လိုအပ်ပါပြီ။ ဒီအဆင့်မှာ ကွီးတို့သည် အကြောက်တရားအချို့နဲ့ ဖုံးလွှမ်းနေပါလိမ့်မယ်။ ထိုအကြောက်တရားကို ဖယ်ရှားနိုင်မှသာလျှင် ကွီးတို့သည် လုပ်စရာရှိတာတွေကို လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ လုပ်ဆောင်နေစဥ်အတွင်းမှာလည်း ကိုယ့်ရဲ့ ပန်းတိုင်ကို သေချာ အာရုံစိုက်ထားပါ။ အဆင်မပြေပါလား၊ ငါ လုပ်တာတွေ မှားနေပါလား၊ ငါ လုပ်နိုင်ပါ့မလား အစရှိတဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သံသယ မဝင်ပါနဲ့။ ကိုယ် လုပ်စရာ ရှိတာကို တစ်စိုက်မတ်မတ် လုပ်ဆောင်မယ်ဆိုရင်တော့ ကွီးတို့သည် Comfort Zone ထဲကနေ ရုန်းထွက် နိုင်ပြီပဲဖြစ်ပါတယ်။

ကွီးတို့ရော Comfort Zone ထဲမှာပဲ နေချင်နေတာလား။ အပြင်ကို မထွက်ချင်တော့ဘူးလား။

Source: Summer.harvard.edu

Featured Image: Proctorgallagherinstitute