ကျွန်တော်တို့ အပါအဝင် လူအများစုက ချမ်းသာ ချင်ကြပါတယ်။ ဒါပေမဲ့ လူတိုင်းတော့ မချမ်းသာကြပါဘူး။ ချမ်းသာဖို့ဆိုတာ အပြောလွယ်သလောက် တကယ့်လက်တွေ့မှာတော့ ထင်သလောက်မလွယ်ကူပါဘူး။ ကိုယ် ကိုယ်တိုင်က သာမာန်ဘဝကနေ ကြီးပွား ချမ်းသာဖို့အတွက် ဆိုရင် ကြိုးစားအားထုတ်မှုတွေ၊ ရင်းနှီးမြှပ်နှံရမဲ့ အချိန်တွေ စသည်ဖြင့်လိုအပ်ပါတယ်။ ဒါ့အပြင် ကွီးတို့လိုချင်တဲ့ ပန်းတိုင်ရောက်အောင် ပံ့ပိုးနိုင်မဲ့ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းလေးတွေလည်း သိထားဖို့လိုအပ်ပါသေးတယ်။ ဒါကြောင့် ကွီးတို့အတွက် ကြီးပွားချမ်းသာဖို့ လိုက်နာသင့်တဲ့ နည်းလမ်း ကောင်းလေးတွေ ကိုဝေမျှပေးချင်ပါတယ်။

(၁) ထိုက်သင့်သော ကြိုးစားအားထုတ်မှု ရှိပါစေ

ကြီးပွားချမ်းသာဖို့ နည်းလမ်း

Photo : Sticky Branding

ကွီးတို့အနေနဲ့ ကြီးပွားချမ်းသာဖို့ သာမက မည်သည့်အရာကိုမဆို ရယူပိုင်ဆိုင်နိုင်ဖို့အတွက် လိုက်နာသင့်တဲ့ နည်းလမ်း ကတော့ ကြိုးစားအားထုတ်မှု ပဲ ဖြစ်ပါတယ်။ ကြိုးစားအားထုတ်မှုလို့ ဆိုတဲ့နေရာမှာ ကွီးတို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝိရိယ အားလုံးကို ဟန်ချက်ညီညီ စိုက်ထုတ်ဖို့လိုပါတယ်။ ကွီးတို့က အတတ်ပညာတွေကို လေ့လာသင်ယူနေဆဲလား၊ ဒါဆိုရင် အကောင်းဆုံးဖြစ်အောင် ကြိုးစာလိုက်ပါ။ ဒါမှမဟုတ် ကွီးတို့က လုပ်ငန်းခွင်မှာ နေရာတစ်ခု ရပြီးသားသူတစ်ယောက်ဖြစ်ပါသလား၊ ထို့အတူပဲ ကွီးတို့ရောက်တဲ့ နေရာကနေ အကောင်းဆုံး မိမိတာဝန်များကို အကောင်းဆုံးကြိုးစားလုပ်ဆောင်ပါ။ ဘယ်အရာကိုမဆို ကြိုးစားလုပ်ဆောင်ခြင်းဟာ ကွီးတို့ တိုးတတ်ကြီးပွားဖို့အတွက် ပတမဆုံးခြေလှမ်းပဲ ဖြစ်ပါတယ်။ ကြိုးစားတဲ့ နေရာမှာလည်း မဟာဗျးဟာ ကျကျ ကွီးတို့လိုချင်တဲ့ ပန်းတိုင်တစ်ခုကို သေချာစွာချမှတ်ပြီး ကြိုးစားဖို့လိုပါတယ်။

(၂) အချိန်ကို တန်ဖိုးထားပါ

ကြီးပွားချမ်းသာဖို့ နည်းလမ်း

Photo : The Street

ကွီးတို့ရေ ကြီးပွားချမ်းသာခြင်းနဲ့ အချိန်ကို တန်ဖိုးထားခြင်းက တိုက်ရိုက်ကို ဆက်စပ်နေပါတယ်။ ငွေကြေးဟာ အားလပ်ရက်တွေ၊ နားချိန်တွေ မသိပါဘူး။ အမြဲစဉ်ဆက်မပြတ် စီးဆင်းနေတာပါ။ အောင်မြင်လိုသူ၊ ကြီးပွားချမ်းသာလိုသူ တစ်ယောက်အတွက် အချိန်ဆွဲတာ အချိန်ကို တန်ဖိုးမထားတာက သင်္ကေတကောင်းတစ်ခု မဟုတ်ပါဘူး။ ယနေ့ခေတ်မှာ ကြီးပွားတိုးတတ်အောင်မြင်မှုကို ရခဲ့တဲ့ သူတွေဟာ အချိန်ကိုအကျိုးရှိရှိ အသုံးချပြီး ၎င်းတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် တတ်လှမ်းခဲ့ကြတာပါ။ ဒါ့အပြင် ကြီးပွားချမ်းသာခြင်းဟာ နေ့ခြင်းညခြင်း၊ တစ်နေ့တည်းနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ အချိန်အတိုင်းအတာ တစ်ခုကို အကျိုးရှိရှိ ရင်းနှီးမြှပ်နှံဖို့လိုပါတယ်။

(၃) ငွေကြေးနဲ့ဆိုင်တဲ့ ပန်းတိုင်များထားရှိပါ

ကြီးပွားချမ်းသာဖို့ နည်းလမ်း

Photo : Youtube

ကွီးတို့အနေနဲ့ ငွေကြေးနဲ့ဆိုင်တဲ့ ပန်းတိုင်လေးများထားရှိခြင်းကလည်း ကြီးပွားချမ်းသာဖို့အတွက် တကယ်ကို အထောက်အကူပြုစေပါတယ်။ ငွေကြေးနဲ့သက်ဆိုင်သော ပန်းတိုင်လိုဆိုရာတွင် ကွီးတိုဟာ ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူဆိုပါက ဒီလ ထက်နောက်လဝင်ငွေပမာဏ ပိုများအောင်ကြိုးစားခြင်း၊ လစာဝင်ငွေ ပုံသေရတဲ့ လုပ်ငန်းခွင်က ကွီးတို့ကတော့ ကိုယ်ပိုင် Budget ထက်ကျော်လွန်မသုံးစွဲမိခြင်း၊ လစဉ်ပိုငွေ သို့မဟုတ် စုငွေ ပိုများအောင် သတိထားပြုမူနေထိုင်ခြင်း စသည်တို့ ပဲဖြစ်ပါတယ်။ ထိုအပြင် ဘယ်အချိန်အတိုင်းအတာတွင် ငွေကြေးပမာဏ လောက်စုမိရမယ် စတဲ့ပန်းတိုင်မျိုးလည်း ထားရှိပါ။ ငွေကြေးနဲ့ဆိုင်တဲ့ ပန်းတိုင်လေးများ ထားရှိခြင်းကလည်း ကွီးတို့အတွက် ငွေကြေးကို စနစ်တကျ သုံးစွဲတတ်စေရုံသာမက အနာဂတ်မှာ ကြီးပွားချမ်းသာဖို့ အတွက် အုတ်မြစ်ချပြီးသားဖြစ်စေတဲ့ နည်းလမ်း ကောင်းတစ်ခု ဖြစ်ပါတယ်။

(၄) အကြွေးယူခြင်း သို့မဟုတ် မလိုအပ်တဲ့ ငွေကြေး သုံးစွဲမှုကို‌ရှောင်ပါ

Rich

Photo : The Motley Fool

ကွီးတို့အတွက် ကြီးပွားချမ်းသာဖို့ လုပ်ဆောင်တဲ့နေရာမှာ အဓီက အနှောင့်အယှက်တော့ အကြွေးယူခြင်းနဲ့ မလိုအပ်ပဲ ငွေကြေးသုံးစွဲခြင်းပါပဲ။ အကြောင်းတစ်ခုခုကြောင့် ဘဏ်ကယူသည်ဖြစ်စေ၊ အခြားသူတစ်ယောက်ဆီက ယူသည်ပဲဖြစ်စေ ထိုချေးယူသောငွေအတွက် အတိုးပေးရသော ငွေပမာဏဟာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကွီးတို့အတွက် ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုး ဖြစ်လာနိုင်ပါတယ်။ ထိုနည်းလည်းကောင်း မလိုအပ်တဲ့အရာအတွက် ကွီးတို့သုံးတဲ့ ငွေ ၅ သောင်းခန့်ဟာ ရင်းနှီးမြှုပ်နှံနိုင်တဲ့အခါငွေ ၅ သောင်း နည်းစေပါတယ်။ ဒါကြောင့် မလိုအပ်ပဲ ငွေကြေးသုံးစွဲတာကို ရှောင်ပါ။

(၅) ကိုယ်ပိုင်လုပ်ငန်းစတင်ပါ သို့မဟုတ် ရင်းနှီးမြှပ်နှံပါ

Money

Photo : Forbes

“ဆင်းဆင်းရဲရဲ မွေးဖွားလာတာ သင့်အပြစ်မဟုတ်ပါဘူး၊ ဆင်းဆင်းရဲရဲ သေဆုံးသွားရင်တော့ မင်းအပြစ်ဖြစ်သွားပြီ” လို့ Bill Gates ကပြောခဲ့တာ ကွီးတို့အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါကြောင့် ကွီးတို့အနေနဲ့ ကိုယ်ပိုင် လုပ်ငန်းစတင်ဖို့ စဉ်းစားနေရင် ယုံကြည်ချက်ရှိရှိ ရဲရဲကြီးသာစတင်လိုက်ပါ။ ကြွယ်ဝချမ်းသာသူတော်တော်များများဟာ ကိုယ်လုပ်မဲ့ အလုပ်ကို ယုံကြည်မှုအပြည့်၊ ကြိုးစားမှုအပြည့်နဲ့ အမြင့်ဆုံးကို တတ်လှမ်းနိုင်ခဲ့ကြတာပါ။ ထို့အပြင်ကွီးတို့ရဲ့ ငွေကြေးတွေကို တိုးပွားလာစေဖို့ အလားအလာရှိတဲ့ လုပ်ငန်းတွေမှာ သေချာစွာလေ့လာပြီး ရင်းနှီးမြှပ်နှံပါ။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကြီးပွားချမ်းသာဖို့ အတွက် လိုက်နာသင့်တဲ့ နည်းလမ်း ကောင်းလေးတွေ ပဲ ဖြစ်ပါတယ်။ ဘဝမှာ ချမ်းချမ်းသာသာနေနိုင်ဖို့ ဆိုရင် လိုက်နာရမဲ့ အချက်တွေ၊ ကျင့်သုံးရမဲ့ နည်းလမ်းတွေ အပြင် ကွီးတို့ရဲ့ ကြိုးစားအားထုတ်မှုကလည်း အရေးပါပါတယ်။ ဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက အောင်မြင် ကြီးပွားဖို့ ကြိုးစားနေတဲ့ ကွီးတို့အတွက် အမှန်တကယ်ပင် အထောက်အကူပြုမှာ အသေအချာပါပဲ။

Featured Photo : Lifestyle