လူ့အသိုင်းအဝိုင်းတစ်ခုတွင် လူတစ်ယောက်ရဲ့ အောင်မြင်ခြင်းကို ထိုသူရဲ့ ငွေကြေး ကြွယ်ဝချမ်းသာမှုနှင့် တိုင်းတာလေ့ရှိကြပါတယ်။ ဒါဆိုရင် ချမ်းသာချင်တဲ့ ကွီး တို့သည် အောင်မြင်ပြီး ချမ်းသာချင်တယ်ဆိုရင် သန်းကြွယ် သူဌေးများထံမှ ဘဝ သင်ခန်းစာ များကို ရယူသင့်ပါတယ်။

ကွီး တို့အနေနဲ့ သန်းကြွယ် သူဌေးများထံမှ ဘဝ သင်ခန်းစာ များ သင်ယူလေ့လာရုံနဲ့ ချမ်းသာကြွယ်ဝလာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သံသယ ဝင်ကောင်း ဝင်ပါလိမ့်မယ်။ သို့သော် သင်သည် ထိုကဲ့သို့ သံသယ ဝင်နေခြင်းမှ သင် ကိုယ်တိုင် လက်တွေ့ မစမ်းသပ်ရသေးလို့ပဲ ဖြစ်ပါတယ်။ တကယ်တမ်း လက်တွေ့ စမ်းသပ်ပြီး ကြိုးစားကြည့်လိုက်ပါ။ အမှန်တကယ် ချမ်းသာလာမလား၊ အောင်မြင်လာမလားဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသေးတယ်။

ပိုက်ဆံစုခြင်း အလေ့အကျင့်ကို စောစောစီးစီး အစပြုပါ

man saving

ပိုက်ဆံစုခြင်းသည် ကောင်းတဲ့ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ အချို့သောမိဘများသည် သူတို့ရဲ့ သားသမီးများကို ငယ်စဉ်ကတည်းက ပိုက်ဆံစုဆောင်းတတ်အောင် ပျိုးထောင်သင်ကြားပေးကြပါတယ်။ အကျိုးကျေးဇူးအနေနဲ့ကတော့ ထိုသူသည် အသက်အရွယ်တစ်ခုရလာသောအခါ ပိုက်ဆံစုရမယ့် အလေ့အကျင့်ကို တကူးတကကြီး လေ့ကျင့်စရာမလိုတော့ဘဲ လွယ်လွယ်ကူကူနဲ့ စုနိုင်သွားပါလိမ့်မယ်။

သင်သည် အသက် ၂၀ အရွယ်မှာ လုပ်ငန်းခွင် စဝင်တယ်ဆိုပါစို့။ ပထမလုပ်ခလစာ ရလာပြီဆိုတာနဲ့ ဒီလအတွက် ပိုက်ဆံ ဘယ်လောက်စုမလဲဆိုတာ ဆုံးဖြတ်ကာ စုမယ့်ပိုက်ဆံကို ဖယ်ထားလိုက်ပါ။ ကျန်တဲ့ဝင်ငွေကိုတော့ သင် ကြိုက်ရာ ပြုလုပ်နိုင်ပါတယ်။

သင့်ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို စုဆောင်းပါ

mobile banking

Photo: Finance Monthly

ဘယ်လောက် စုဆောင်းရမှန်းမသိဖြစ်နေပါသလား။ သင့်ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို စုဆောင်းပါ။ ထို့ထက်ပိုစုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အနည်းဆုံး ၁၅ ရာခိုင်နှုန်းကနေတော့ စစုဖို့လိုအပ်ပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ လစဉ် လတိုင်း စုသွားတဲ့အခါမှာတော့ နှစ်အတန်ကြာတဲ့အခါ ငွေပမာဏ အမြောက်အမြား စုဆောင်းမိနေပြီဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။

မလိုလားအပ်တဲ့ အရာတွေအတွက် ပိုက်ဆံ မဖြုန်းပါနဲ့

ကွီး သန်းကြွယ် သင်ခန်းစာ

ကွီး တို့သည် သန်းကြွယ် သူဌေးများထံမှ နောက်ထပ် သင်ယူလေ့လာသင့်တဲ့ သင်ခန်းစာ ကတော့ အပိုဝင်ငွေ မထွက်အောင် မဖြုန်းတီးမိအောင် ကြိုးစားခြင်းပဲဖြစ်ပါတယ်။ ပစ္စည်းတစ်မျိုး ဝယ်ချင်တဲ့အခါ ကိုယ့်ဆီမှာ ထိုပစ္စည်းနဲ့ ပုံစံတူပစ္စည်းမျိုး ရှိသလား။ ဘာ့ကြောင့် ဝယ်ချင်သလဲ။ အမှန်တကယ် လိုအပ်တဲ့ပစ္စည်းမျိုးလား စတဲ့ မေးခွန်းများဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်ပါ။ တစ်ရာ၊ နှစ်ရာ၊ တစ်ထောင်၊ နှစ်ထောင် ဆိုတာကလည်း ပိုက်ဆံပဲမို့လို့ အပိုဝင်ငွေ တစ်စိုးတစ်စိမျှ မထွက်ရလေအောင် ပိုက်ဆံကို စုဆောင်းသင့်ပါတယ်။

ဝင်ငွေများများ ပိုဝင်အောင် ကြိုးစားပါ

busy man

ဝင်ငွေများများ ပိုဝင်ဖို့ဆိုရင် လုပ်ဆောင်ရမယ့် နည်းလမ်း (၃) မျိုးရှိပါတယ်။ ပထမတစ်နည်းက လစာ တိုးတောင်းဖို့ ပြောတာ၊ ဒုတိယတစ်နည်းကတော့ အချိန်ပို ဆင်းတာ၊ နောက်ဆုံးတစ်နည်းကတော့ ပထမအလုပ်လုပ်နေရင်းနဲ့ပဲ ထိုအလုပ်ချိန်နဲ့ လွတ်မယ့် အချိန်ပိုင်းအလုပ်တစ်ခု လုပ်ကိုင်တာ စတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။

ထိုနည်းလမ်းများထဲမှ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းကို အသုံးပြုကာ ဝင်ငွေများများ ဝင်အောင် ကြိုးစားလိုက်ပါ။ သင် စုဆောင်းထားတဲ့ ငွေသည် သင် လိုချင်တဲ့ ပမာဏရဖို့အတွက်ဆိုရင်တော့ အနည်းဆုံး ၁ နှစ်ကနေ ၃ နှစ်အထိ ကြာနိုင်ပါတယ်။

ပိုရလေ ပိုသုံးလေ မလုပ်ပါနဲ့

ကွီး သန်းကြွယ် သင်ခန်းစာ

ဝင်ငွေကတော့ တိုးလာပါရဲ့။ တိုးလာတဲ့အတိုင်း တိုးပြီး မစုဘဲ တိုးပြီး အသုံးပြုမယ်ဆိုရင်တော့ မဟန်သေးပါဘူး။ သင် အလုပ်ပိုလုပ်ရပြီး ပိုပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။ ကျားကြီး ခြေရာကြီး လုပ်လို့မရပါဘူး။

ဥပမာ သင်သည် ယခင်က လစာ ၅ သိန်း ဝင်ရာကနေ နောက်ထပ် အလုပ်တွေ တိုးလုပ်လိုက်တာ တစ်လ ဝင်ငွေ ၁၀ သိန်းအထိ တိုးသွားတယ်ဆိုပါစို့။ ယခင် ငှားနေတဲ့တိုက်ခန်းက တစ်လကို ၁ သိန်းခွဲ၊ ၂ သိန်း ဝန်းကျင်ပေးရာကနေ လစာ တိုးလာလို့ဆိုပြီး ၅ သိန်းတန် တိုက်ခန်းမှာ သွားငှားနေဖို့ လိုပါမလား။

ဒါ့ကြောင့် ကျားကြီး ခြေရာကြီး ဆိုတဲ့ စကားအတိုင်းမဖြစ်ဖို့လိုအပ်ပါတယ်။ သင့် စိတ်ကို သင် မနိုင်ဘူးဆိုရင်တော့ နောက်ထပ် အလုပ်က ရတဲ့ လစာကို (လုံးဝ) မထိဘဲ စုဆောင်းထားပါ။ အသုံးစရိတ်တွေအတွက်ကိုတော့ ပထမအလုပ်ကရတဲ့ လစာကနေသာ ဆက်လက်သုံးစွဲကာ မိမိစိတ်ကို ထိန်းသင့်ပါတယ်။

နေ့တိုင်း စာဖတ်ပါ

ကွီး သန်းကြွယ် သင်ခန်းစာ

Elon Musk တစ်ယောက် အာကာသယာဉ်များ၊ ဒုံးပျံများ တည်ဆောက်ဖို့ ဘယ်လိုလေ့လာသလဲလို့ အမေးခံရတဲ့အခါ သူသည် စာအုပ်တွေ ဖတ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး Warren Buffet ဆိုရင်လည်း တစ်ရက်လျှင် စာမျက်နှာ ၅၀၀ ခန့် ဖတ်ရှုကာ ဗဟုသုတများကို စုဆောင်းကာ လက်တွေ့ဘဝမှာ ပြန်လည်အသုံးချလေ့ရှိတယ်လို့ ပြောကြားထားပါတယ်။

ကွီးတို့သည်လည်း အောင်မြင်ပြီး ချမ်းသာကြွယ်ဝချင်တယ်ဆိုရင်တော့ စာများများဖတ်ဖို့လည်း လိုပါတယ်။

ထိုနည်းလမ်းများကတော့ ကွီး တို့အနေနဲ့ ယူတတ်ရင် တန်ဖိုးရှိတဲ့ သန်းကြွယ် သူဌေးများရဲ့ ဘဝ သင်ခန်းစာ များပဲဖြစ်ပါတယ်။ လက်တွေ့ အသုံးချကြည့်ပြီး အောင်မြင်မှု၊ ချမ်းသာကြွယ်ဝမှုကို ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်လိုက်ပါ။

Source: Investopedia

Featured Image: Cleverism