ကျန်းမာခြင်းဟာ လာဒ်ကြီးတစ်ပါး ဆိုတာ တော်တော်များများ လက်ခံကြမှာပါ။ ကျန်းမာမှ အလုပ်လုပ်နိုင်ပြီး စိတ်သွားတိုင်း ကိုယ်ပါမှာပါ။ ကျန်းမာ ကြံ့ခိုင် သန်မာခြင်းက ကွီးတို့ကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ လိုအင်များကို ပြည့်စေရန် စွမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။ ထို့အတူ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုအရဆိုလည်း ကိုယ်တိုင်ကျန်းမာကြံ့ခိုင်မှ မိမိကိုယ်တိုင်ရော၊ မိမိလက်တွဲဖော်အတွက်ပါ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်မှာပါ။ ဒီလို ကျန်းမာကြံ့ခိုင်ဖို့အတွက် လေ့ကျင့်ခန်း တွေက ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ကြံ့ခိုင်သန်မာ ပြီး အိပ်ရာပေါ်မှာ ကွီးတို့အစွမ်းတွေ ပြနိုင်အောင် ကူညီပေးနိုင်မဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးချင်ပါတယ်။

အမြန်လမ်းလျှောက်ခြင်းနဲ့ ပြေးခြင်း

ကြံ့ခိုင်သန်မာ အိပ်ယာပေါ်မှာ

Photo : OnlyMy Health

ကျန်းမာ ကြံ့ခိုင်သန်မာ ပြီး အိပ်ရာပေါ်မှာ အစွမ်းပြနိုင်ဖို့အတွက် လုပ်သင့်တဲ့ လေ့ကျင့်ခန်းတစ်ခုကတော့ အမြန်လမ်းလျှောက်ခြင်းပါပဲ။ လမ်းလျှောက်ခြင်းက လူတိုင်းအသက်အရွယ် ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းဆိုလည်း မမှားပါဘူး။ လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် အနည်းဆုံး ကယ်လိုရီ ၂၀၀ ခန့်လောင်ကျွမ်းစေတဲ့ အေရိုးဗစ်လှုပ်ရှားမှု (နှစ်မိုင်အမြန်လမ်းလျှောက်ခြင်းနှင့် ညီမျှသည်) ကို ပြုလုပ်ခြင်းက လိင်အင်္ဂါမသန်စွမ်းမှု ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြေးခြင်းနှင့် ခပ်သွက်သွက် လမ်းလျှောက်ခြင်းကဲ့သို့ လှုပ်ရှားမှုများက Endorphins များကို ထုတ်လွှတ်ပေးပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ “တစ်ပတ်လျှင် သုံးကြိမ်မှ လေးကြိမ်အထိ လေ့ကျင့်ခန်းလုပ်ခြင်းက ပိုမိုကောင်းမွန်သော လိင်ပိုင်းဆိုင်ရာ လိုက်လျောညီထွေမှုကို ဖြစ်စေပြီး ခံနိုင်ရည်ရှိရန် များစွာအထောက်အကူပြုနိုင်တယ်” လို့ ကျွမ်းကျင်သူများက ဆိုထားပါတယ်။ ကွီးတို့အနေနဲ့ ကျန်းမာရေးအတွက်ရော၊ လိင်ပိုင်းဆိုင်ရာအတွက်ပါ တစ်နေ့လျှင် အနည်းဆုံး နာရီဝက်ခန့် ခပ်သွက်သွက်လမ်းလျှောက် သင့်ပါတယ်။

ယောဂ

ကြံ့ခိုင်သန်မာ အိပ်ယာပေါ်မှာ

Photo : Fabio Caio Yoga

ယောဂ လေ့ကျင့်ခန်းများက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုတယ်ဆိုတာ လက်ခံလာပြီးနောက် ယောဂကို လေ့လာလိုက်စားကြသူများလည်း များပြားလာပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက်လည်း အထောက်အကူပြုစေပါတယ်။

လိင်မှုဘဝအတွက် ပိုမိုကောင်းမွန်တဲ့ ပုံစံ အနေအထားတွေကို ယောဂကျင့်စဉ်တွေက ကူညီပေးနိုင်ပါတယ်။ ယောဂကျင့်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်ပျော့ပြောင်းမှုကို ကူညီပေးပြီး ပိုမိုကောင်းမွန်သော လိင်ဆက်ဆံမှုကို ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။ ကောင်းမွန်သော လိင်မှုဘဝ ရယူနိုင်ဖို့အတွက် ကျွမ်းကျင်သူတွေ အဆိုပြုထားတဲ့ ယောဂ ပို့စ်တွေကတော့

  • Cat and Cow Pose
  • Cobra
  • Supine Twists
  • Bridge Pose
  • Frog Pose စသည်တို့ပဲ ဖြစ်ပါတယ်။

Plank ထောက်ခြင်း

exercise

Photo : MARCA

ကွီးတို့ရေ ကြံ့ခိုင်သန်မာ ပြီး အိပ်ရာပေါ်မှာ အစွမ်းပြနိုင်ဖို့အတွက် လုပ်သင့်တဲ့ နောက်ထပ်လေ့ကျင့်ခန်း တစ်ခုကတော့ Plank ထောက်ခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသားတိုင်း Plank ထောက်ခြင်းနဲ့ စိမ်းမယ်မထင်ပါဘူး။ ရိုးရှင်းသော Plank လေ့ကျင့်ခန်းကို အချိန်အနည်းငယ်ပေးပြီး ပြုလုပ်ရုံနဲ့ အကျိုးများပါတယ်။

Plank က ကွီးတို့ရဲ့ လက်မောင်း၊ ပေါင်၊ တင်ပါးတို့နှင့်အတူ ဝမ်းဗိုက်ကြွက်သားများရဲ့ အနက်ရှိုင်းဆုံးအလွှာကို အားကောင်းစေရန် ပြီးပြည့်စုံသော လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Plank ထောက်ခြင်းက ကွီးတို့ရဲ့ ကြွက်သားများ ကြံ့ခိုင်ဖွံ့ဖြိုးမှု အတွက်ကို ထိရောက်သည်သာမက ၎င်းက လိင်မှုရေးရာမှာများစွာ အထောက်အကူပြုပါတယ်။

ကွီးတို့ရေ ကျန်းမာသန်စွမ်းပြီး အိပ်ရာပေါ်မှာ အစွမ်းတွေ ထုတ်ပြနိုင်ဖို့ အခုပဲ လေ့ကျင့်ခန်းတွေ လုပ်လိုက်ကြစို့ဗျာ။

Source : WebMD

Featured Photo : Pexels