Workout လေ့ကျင့်ခန်းများ ဆော့ကစားတဲ့အခါမှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကြွက်သားအစိတ်အပိုင်း တစ်ခုချင်းစီကို မျှခြေဖြစ်အောင် ဆော့ကစားသင့်ပါတယ်။ ခန္ဓာကိုယ် အပေါ်ပိုင်း ကြွက်သားတွေ၊ လက်မောင်းကြွက်သားတွေကိုပဲ ဦးစားပေးပြီး ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သား တွေကို မေ့ထားမယ်ဆိုရင်တော့ နားကား သွားပြီလို့ပဲ မှတ်လိုက်ပါတော့။ ဘာ့ကြောင့်လဲဆိုတော့ ခန္ဓာကိုယ် အပေါ်ပိုင်းကြွက်သားတွေပဲ ကြီးနေပြီး အောက်ပိုင်းကြွက်သားတွေ သေးနေမယ်ဆိုရင် ကြည့်ကောင်းမှာ မဟုတ်ပါဘူး။
ကွီးတို့အနေနဲ့ အောက်ပိုင်း ထိုင်တဲ့ နေ့တွေမှာလည်း သေသေချာချာ ဆော့ကစားသင့်ပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သားတွေကို ကြီးထွားလာစေဖို့အတွက် ကူညီပေးမယ့် လေ့ကျင့်ခန်းများကတော့ …
လေ့ကျင့်ခန်း (၁)
Source: Tenor
အလေးတန်းကို ပုခုံးပေါ်မှာ တင်ထားပြီးနောက် တင်ပါး နောက်ပစ်ကာ Squat ထိုင်ရမှာပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကြွက်သားတွေကို ကြီးထွားသန်မာလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၈ ကြိမ်မှ ၁၀ ကြိမ်အထိ၊ ၄ ကျော့ ကစားရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
Source: Tenor
အလေးချိန်ကို ကိုယ်နိုင်သလောက် အလေးချိန်ဖြင့် အစပြုရပါမယ်။ လောဘမကြီးပါနဲ့။ စစချင်းမှာ အလေးတုံး နည်းနည်းနဲ့ စပြီး တဖြည်းဖြည်းချင်းစီ အလေးတုံး တင်ပေးရမှာပဲ ဖြစ်ပါတယ်။
ခြေထောက်ကိုလည်း ပုံပါအတိုင်း အနည်းငယ်စီ ချဲထားပေးဖို့ မမေ့ပါနဲ့။
သူ့ကိုတော့ ၈ ကြိမ်မှ ၁၂ ကြိမ်၊ စုစုပေါင်း ၄ ကျော့ ကစားရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃)
Source: Menshealth
အလေးတုံး နှစ်တုံးကို ကိုင်ထားကာ ပုံပါအတိုင်း ဘယ်တစ်လှည့် ညာတစ်လှည့် Lunge ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ၁၀ ကြိမ်၊ ၁၂ ကြိမ်၊ ၁၄ ကြိမ်ဆိုပြီး ၃ ကျော့ ဆော့ကစားရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄)
Source: Tenor
ဒီလေ့ကျင့်ခန်းကိုတော့ ၁ ကြိမ်၊ ၁၀ ကြိမ်၊ ၁၂ ကြိမ်ဆိုပြီး ၃ ကျော့ ဆော့ကစားရမှာ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သားများအတွက် အမှန်တကယ် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၅)
Source: Bodybuilding-wizard
ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားကာ အလေးတုံးကို ဆွဲမပြီး လေ့ကျင့်ခန်း ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ် အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းချတဲ့အခါ ခါးမကုန်းမိဖို့ သတိထားရမှာပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ၈ ကြိမ်၊ ၁၀ ကြိမ်၊ ၁၂ ကြိမ်ဆိုပြီး ၃ ကျော့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၆)
Source: Gfycat
ဒီလေ့ကျင့်ခန်းကတော့ အလေးတုံးကို ခြေထောက်မှာ ညှပ်ထားကာ ခြေထောက်နှစ်ဖက်ကို စုံလိုက် ဆွဲမရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ စုစုပေါင်း ၈ ကြိမ်၊ ၁၀ ကြိမ်၊ ၁၂ ကြိမ် ဆိုပြီး ၃ ကျော့တိတိ ဆော့ကစားရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၇)
Source: Gfycat
ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ ထို့နောက် ပုံပါအတိုင်း ခြေဖနောင့်ကို ကြွပေးရမယ့် လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၂ ကြိမ်၊ ၁၂ ကြိမ်၊ ၂၀ ကြိမ်၊ ၂၀ ကြိမ်ဆိုပြီး ၄ ကျော့ ဆော့ကစားရမှာ ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းများနဲ့ ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သား များကို သေချာ ထရိန်းပေးမယ်ဆိုရင်တော့ နားကား တော့မှာ မဟုတ်ပါဘူး။
Source: Bodybuilding
Featured Image: Freepik







