ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပြီး ကြွက်သားပြန်လည် တည်ဆောက်ဖို့အတွက်ဆို TRX လေ့ကျင့်ခန်းတွေ ကစားနိုင်ပါတယ်။ TRX လေ့ကျင့်ခန်းတွေက ကယ်လိုရီလောင်ကျွမ်းမှုနဲ့ ကြွက်သားတည်ဆောက်မှုကို ဟန်ချက်ညီညီလုပ်ဆောင်ပေးတဲ့အပြင် ကြံ့ခိုင်မှုတိုးစေပြီး ဝိတ်မလေ့ကျင့်ခန်းတွေထက် ဒဏ်ရာရနိုင်ခြေလည်း နည်းပါတယ်။ အကယ်၍ ကွီးတို့က ပိုလျှံနေတဲ့ အဆီပိုတွေလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြွက်သား အစိတ်အပိုင်းတစ်ခုချင်းစီကို ကျစ်လစ်သန်မာချင်တယ်ဆိုရင် အခုပြောပြမယ့် TRX လေ့ကျင့်ခန်း တွေ ကစားနိုင်ပါတယ်။
(၁) TRX Chest Press
Source : Fantastical Mr Fox
TRX Chest Press လေ့ကျင့်ခန်း က ရင်ဘတ် ၊ လက်မောင်း ၊ ပခုံးနဲ့ ဝမ်းဗိုက် တဝိုက်မှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး ကြွက်သား ကျစ်လစ်သန်မာစေဖို့ ကူညီပေးပါလိမ့်မယ်။ ပခုံးတွေရဲ့ ဆုံအားကို တိုးတက်ကောင်းမွန်စေပြီး အပေါ်ပိုင်း ဘော်ဒီတောင့်တင်း ကြံ့ခိုင်စေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခုပါပဲ။
(၂) TRX Bicep Curl
Source : Fantastical Mr Fox
Bicep ကြွက်သားတွေ ကြီးထွားလာစေဖို့ စက်တွေ ၊ Dumbbells တွေရှိမှ မဟုတ်ပါဘူး။ TRX နဲ့လည်း ကစားလို့ရပါတယ်။ ဒီလေ့ကျင့်ခန်းက Bicep ကြွက်သား တွေကို ကျစ်လစ်သန်မာစေရုံမက ခန္ဓာကိုယ်ရဲ့ဟန်ချက်ကို ညီမျှစေဖို့ ကူညီပေးပါတယ်။
(၃) TRX Side Jack Knife
Source : Fantastical Mr Fox
ခါးဘေးလိုင်းက အဆီပိုတွေကို ကျစေပြီး V-Cut Abs ကြွက်သားတွေ ထွက်ချင်တယ်ဆိုရင် ဒီ လေ့ကျင့်ခန်း ကိုသာ မှန်မှန်လုပ်ပေးပါ။ TRX Side Jack Knife လေ့ကျင့်ခန်းက ဝမ်းဗိုက်ဘေးဘက်မှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေရုံမက Core ကြွက်သား အုပ်စုတစ်ခုလုံးကိုပါ ထိရောက်မှုရှိစေပြီး ကျစ်လစ်ကြံ့ခိုင်တဲ့ ဝမ်းဗိုက်ကြွက်သားပြင်ကို ရရှိပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။
(၄) TRX Reverse Lunge
Source : Fantastical Mr Fox
ပေါင်ကြွက်သားတွေနဲ့ အောက်ပိုင်းဘော်ဒီကို တောင့်တင်းကြံ့ခိုင်လာဖို့အတွက် TRX Reverse Lunge လေ့ကျင့်ခန်း ကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက Lower ဘော်ဒီအတွက်ပဲ မဟုတ်ပါဘူး။ ဝမ်းဗိုက်မှာရှိတဲ့ အဆီပိုတွေကိုလည်း လောင်ကျွမ်းစေဖို့ ကူညီပေးပါတယ်။
(၅) TRX Low Row
Source : Fantastical Mr Fox
TRX Low Row လေ့ကျင့်ခန်းကတော့ နောက်ကျောအပေါ်ပိုင်း ကြွက်သားတွေကို အဓိက ကျစ်လစ်သန်မာ စေတဲ့အပြင် ပခုံး ၊ လက်မောင်းနဲ့ ရင်ဘတ် ကြွက်သား အစိတ်အပိုင်းတွေ ကိုလည်း ထိရောက်မှု ရှိစေပါတယ်။
လေ့ကျင့်ခန်း တစ်ခုစီကို ၄၅ စက္ကန့်ခန့် ပြုလုပ်ပေးရမှာ ဖြစ်ပြီး ၃ ကျော့ကနေ ၅ ကျော့အထိ ကစားနိုင်ပါတယ်။ ကဲဒါဆို ကြွက်သားတွေ ကျစ်လစ်သန်မာပြီး အမိုက်စား ဘော်ဒီရဖို့ TRX လေ့ကျင့်ခန်းတွေ ကစားလိုက်တော့ဗျာ။
Featured Photo : Men’s Health