လီဗာပူးလ်အသင်းဟာ မိုနာကို ကွင်းလယ်ကြယ်ပွင့် အော်ရယ်လီယန် ချူအာမေနီကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

Aurelien Tchouameni

Photo: Metro

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ လီဂူးဝမ်းရဲ့ အလားအလာအရှိဆုံး လူငယ်ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ယခုနှစ်နှောင်းပိုင်း ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်သစ်လက်ရွေးစင်လူစာရင်းမှာ တစ်နေရာ ရရှိထားသူဖြစ်ပါတယ်။ ဥရောပတလွှားက ကလပ်အသင်းအများအပြားဟာ ချူအာမေနီကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီးတို့ကလည်း မိုနာကို ကွင်းလယ်ကစားသမားကို စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ယခုလအစောပိုင်းတုန်းက သတင်းတွေရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက် နည်းပြသစ်ဖြစ်လာမယ့် အဲရစ် တန်ဟက်ဂ်ဟာ ယခုနွေရာသီမှာ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့အတွက် ချူအာမေနီကို ခေါ်ယူမှုအဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း FootMercato ရဲ့ သတင်းအရ လီဗာပူးလ်ဟာ လက်ရှိမှာ ချူအာမေနီကို ခေါ်ယူမယ့် ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး မိုနာကိုကွင်းလယ်ကစားသမားရဲ့ ကိုယ်စားလှယ်တွေကိုတောင် ချဉ်းကပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Liverpool begin talks to sign Monaco midfielder Aurelien Tchouameni ahead of Manchester United, Chelsea and Real Madrid

Photo: The Sun

ကလော့ပ်ရဲ့အသင်း မိုနာကိုအသင်းက ချုအာမေနီအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ထက် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားချင်နေတယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။ ချူအာမေနီဟာ ပြီးခဲ့တဲ့ရာသီက လီဂူးဝမ်းရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပြီး ပြင်သစ်လိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုရာသီမှာ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ မိုနာကိုအသင်းရဲ့ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးနေတာဖြစ်ပါတယ်။

Featured Photo: Metro