လိင်မှုရေးရာ ဖိုမဆက်ဆံရေးမှာတော့ ကွန်ဒုံ တွေက မရှိမဖြစ်အရေးပါတဲ့ ပစ္စည်းတစ်ခုလို့ ပြောရမှာပါပဲ။ လိင်ဆက်ဆံမှုတိုင်းအတွက် ကွန်ဒုံးအသုံးပြုပေးဖို့လိုသလို ကွန်ဒုံးဟာ ရိုးရှင်းထိရောက်တဲ့ သားဆက်ခြားနည်းတစ်ခုဖြစ်ပြီး လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါများ (STIs) ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကွန်ဒုံး အသုံးပြုမယ်ဆိုရင်တော့ အသုံးမပြုခင် စစ်ဆေးရမယ့် အချက်တွေ ရှိနေပါတယ်။ Safe ဖြစ်ဖြစ်နဲ့ အချစ်ပင်လယ်ထဲ ရွက်လွင့်ချင်တယ်ဆိုရင် အခုပြောပြမယ့် အချက်တွေကို သိထားရပါမယ်။

(၁) Expiry Dates စစ်ပါ

Condoms

Photo : Northwestern Medicine

ကွန်ဒုံး သုံးတော့မယ်ဆို မသုံးခင်မှာ ရက်လွန်ခြင်းရှိမရှိ သိနိုင်ဖို့ Expiry Dates ကို အမြဲစစ်ဆေးဖို့ လိုပါတယ်။ Expiry Dates ကို ကွန်ဒုံးအိတ်ရဲ့ အနောက်ဘက်ခြမ်းမှာ ဖော်ပြထားလေ့ရှိပါတယ်။ ရက်လွန်နေတဲ့ ကွန်ဒုံးတွေကို လုံးဝအသုံးမပြု သင့်ပါဘူး။

(၂) ထုပ်ပိုးမှုပုံစံ ပျက်စီးမှုရှိမရှိ ကြည့်ပါ

Condoms

Photo : Healthline

ကွန်ဒုံးရဲ့ ထုပ်ပိုးထားတဲ့ Packaging ပုံစံအနေအထားကိုလည်း စစ်ဆေးကြည့်ဖို့ လိုပါတယ်။ အကယ်၍ ကွန်ဒုံး အိတ်က ပေါက်ပြဲနေတယ် ၊ ပွင့်နေတယ် ၊ စုတ်ရာပြဲရာတွေရှိ နေတယ်ဆိုပါက အဆိုပါ ကွန်ဒုံးကို လုံးဝအသုံးမပြုမိဖို့ အရေးကြီးပါတယ်။ ဒါက လုံခြုံစိတ်ချမှုမရှိတဲ့ အခြေအနေပါ။

(၃) BSI Kitemark ပါမပါ စစ်ပါ

Condoms

Photo : BSI

BSI Kitemark ဆိုတာကတော့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းဟာ ထုတ်လုပ်မှု စံချိန်စံနှုန်းတွေနဲ့အညီ စံချိန်မှီကြောင်း ၊ အရည်အသွေးပြည့်မှီပြီး အသုံးပြုဖို့ ဘေးကင်းတယ်ဆိုတာကို စမ်းသပ်ပြီးကြောင်း ဖော်ပြတဲ့ အမှတ်အသား ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ Kitemark ပါတဲ့ ကွန်ဒုံးတွေကို အသုံးပြုတာက ပိုမို လုံခြုံစိတ်ချရမှု ရှိစေမှာပါ။

(၄) ဆက်ဆံမှုတိုင်းအတွက် ကွန်ဒုံးအသစ်တစ်ခု သုံးဖို့ မမေ့ပါနဲ့

Condoms

Photo : Insider

ဆက်ဆံမှုတစ်ကြိမ်စီမှာ ကွန်ဒုံးကို တစ်ခုစီသုံးဖို့ အရေးကြီးပါတယ်။ နောက်ထပ်တစ်ကြိမ် အတူနေမယ်ဆိုရင် နောက်ထပ် ကွန်ဒုံးအသစ်တစ်ခုကို သုံးပေးရပါမယ်။ ပြီးတော့ ပါးစပ် ၊ မိန်းမကိုယ် ၊ စအို စသည်ဖြင့် မတူညီတဲ့ ဆက်ဆံမှုအတိုင်းအတွက်လည်း တစ်ကြိမ်စီမှာ ကွန်ဒုံးတစ်ခုစီကို သုံးပေးဖို့ လိုအပ်ပါတယ်။

(၅) ကွန်ဒုံးဖောက်တဲ့အခါ သတိထားပါ

Condoms

Photo : Men’s Health

ကွန်ဒုံး အိတ်ကို ဖောက်တဲ့အခါ အထုပ်ကိုမဖွင့်မီ ကွန်ဒုံးကို ဘေးဘက်သို့ တွန်းထားပြီးမှာ ဖောက်ပေးပါ။ ဒါက အသုံးမပြုခင် ကွန်ဒုံးကို ထိခိုက်ပျက်စီးမှု မရှိစေဖို့ သေချာစေပါတယ်။ နောက်ပြီး ကွန်ဒုံးကို သွား ၊ လက်သည်းရှည် သို့မဟုတ် ချွန်ထက်တဲ့ ကိရိယာတွေနဲ့ ဖွင့်ဖောက်ခြင်းကိုလည်း ရှောင်ရပါမယ်။ ကွန်ဒုံးကို အသုံးမပြုခင် ထိခိုက်ပျက်စီးမှု မရှိစေဖို့ သတိပြုပါ။

Featured Photo : EXPT