ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူနိုင်ဖို့ ရုန်းကန်နေရပြီလား ? ရောဂါကြောင့် မဟုတ်ဘဲ ပုံမှန်အခြေအနေမှာ အိပ်မပျော်တာကိုတော့ အသက်ရှုနည်းစနစ်တွေနဲ့ ကုသနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေးအတွက် အကျိုးပြုပြီး ကောင်းစွာ အိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ ယောဂ လေ့ကျင့်ခန်းလေးကို မျှဝေပေးပါမယ်။
(၁) Child’s Pose (Balasana)
Photo : The Yoga Collective
ဒီလေ့ကျင့်ခန်းက ကျောနဲ့လည်ပင်းရှိ ကြွက်သားတွေရဲ့ တင်းကြပ်မှုကို သက်သာပြေလျော့စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။
(၂) Cat-Cow Stretch (Marjaryasana-Bitilasana)
Photo : Liforme
ဒီလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်ရဲ့ သက်တောင့်သက်သာ ဖြစ်မှုကို မြှင့်တင်ပေးပြီး ကျောရိုးရှိ တင်းမာမှုတွေကို ပြေလျော့သက်သာ စေကာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
(၃) Legs Up The Wall Pose (Viparita Karani)
Photo : Yogalily | Yoga Taichi Qigong
ဒီ ယောဂကစားနည်းက ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဟောက်တာ သက်သာစေပါတယ်။ ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိစေဖို့လည်း ကူညီပေးပါတယ်။
(၄) Corpse Pose (Savasana)
Photo : Yoga by D
ဒီလေ့ကျင့်ခန်းက စည်းချက်မှန်မှန် အသက်ကို ရှုသွင်းရှုထုတ် ပြုလုပ်ရတဲ့ ယောဂနည်းပါ။ စိတ်နဲ့ခန္ဓာကိုယ်ရဲ့ တင်းကျပ်မှုတွေကို ပြေလျော့သက်သာစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။
(၅) Bridge Pose (Setu Bandhasana)
Photo : The Yoga Collective
ဒီယောဂနည်းက နောက်ကျော ကြွက်သားတွေရဲ့ တင်းမာမှုကို ပြေလျော့သက်သာစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ လုပ်ဆောင်မှုကို တိုးတက်ကာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။
Source : The Sleep Company
Featured Photo : Yogateket