လူကြီးရုပ်ရှင် တွေဟာ ဖျော်ဖြေရေးသပ်သပ်ဖြစ်ပြီး လက်တွေ့ဘဝနဲ့ ကွာဟနေတဲ့ အချက်တွေအများကြီး ရှိပါတယ်။ ကင်မရာအယူအဆတွေ ၊ ဖြတ်ညှပ်ကပ် တည်းဖြတ်မှုတွေနဲ့ ကြည့်ရှုသူတွေ ရသမြောက်အောင် ပုံဖော်ဖန်တီးထားတာပါ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ မသိသေးတဲ့ လူကြီးရုပ်ရှင်တွေရဲ့ နောက်ကွယ် အမှန်တရား အချို့ကို ဖော်ထုတ်ပြောပြ ပေးချင်ပါတယ်။

(၁) လက်နက် အရွယ်အစား

Couple

Photo : Grid.ID

လူကြီးရုပ်ရှင် တွေမှာ မြင်ရတဲ့ သရုပ်ဆောင်တွေရဲ့ လက်နက် ဆိုဒ်အရွယ်အစားကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာတကယ့်ကို အမှားကြီးပါလို့ ပြောချင်ပါတယ်။ တကယ်တော့ ကင်မရာရှုထောင့်တွေ ၊ ရုပ်ရှင်တည်းဖြတ် ဖန်တီးမှုတွေနဲ့ သရုပ်ဆောင်တွေရဲ့ လက်နက်အရွယ်အစားတွေကို ပိုကြီးပိုကိတ်သယောင် ထင်ရအောင် ရိုက်ပြထားတာပါ။ လက်တွေ့မှာတော့ ထင်သလောက် ကွဲပြားနေတာမျိုး မဟုတ်ပါဘူး။

(၂) ကြာမြင့်တဲ့ စွမ်းဆောင်ရည်

Couple

Photo : Tribunnews.com

တစ်ဆက်တည်းမှာပဲ နာရီနဲ့ ချီပြီး ချစ်တင်းနှောတဲ့ လူကြီးရုပ်ရှင် တွေကို ကြည့်ဖူးကြမယ် ထင်ပါတယ်။ တကယ်တော့ ဒါဟာလည်း အမှန်မဟုတ်ပါဘူး။ ဗီဒီယိုတွေကို အကြိမ်ကြိမ် ရိုက်ကူးပြီး တစ်ဆက်တည်းထင်ရအောင် ဖြတ်ညှပ်ကပ် ပြန်ဆက်ထားတာပါ။ တကယ့်လက်တွေ့မှာ ဘယ်သူမှ နာရီပေါင်းများစွာ တစ်ဆက်တည်း စွမ်းဆောင်ရည် မပြနိုင်ကြပါဘူး။

(၃) ချောမွေ့မြန်ဆန်တဲ့ အနေအထားအပြောင်းအလဲ

Couple

Photo : Liputan6.com

လူကြီးရုပ်ရှင် တွေမှာ ချစ်တင်းနှော နေစဉ် သရုပ်ဆောင်တွေရဲ့ Position အနေအထား အပြောင်းအလဲတွေက သိပ်ကိုမြန်ဆန်ပြီး ချောမွေ့လွယ်ကူနေတာမျိုး မြင်တွေ့ရမှာပါ။ ဒါကလည်း ကြည့်ရှုသူတွေအတွက်တော့ အားကျချင်စရာပဲ မဟုတ်လား။ တကယ်တာ့ လက်တွေ့မှာ အဲ့လောက်ထိ လွယ်ကူချောမွေ့နေမှာ မဟုတ်ပါဘူး။ ဒါက ရုပ်ရှင်တည်းဖြတ်ပညာနဲ့ သရုပ်ဆောင်တွေရဲ့ ကျွမ်းကျင်တဲ့ သရုပ်ဆောင်ချက်တွေ ပေါင်းစပ်ပြီး ကြည့်ရှုသူတွေ ရသမြောက်အောင် ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။

(၄) ပြီးမြောက်မှုအပိုင်း

Couple

Photo : Women’s Health

ချစ်တင်းနှော ခြင်းရဲ့ ခံစားမှုအမြှင့်ဆုံး ပြီးမြောက်မှုအပိုင်းမှာလည်း လှည့်ကွက်နဲ့ မရိုးသားမှုတွေ အများကြီး ရှိပါတယ်။ ကြည့်ရှုသူတွေအတွက် အထွက်အထိပ် ခံစားမှုရစေတဲ့ ဖီလင်ကို ပေးစွမ်းဖို့ ပြင်ပလက်တွေ့ဘဝနဲ့ မတူညီနိုင်တဲ့ ပြကွက်တွေကို ပြသလေ့ရှိကြပါတယ်။ ရုပ်ရှင်တွေထဲမှာ ပြီးမြောက်မှုအခန်းဆိုရင် များသားအားဖြင့် အမျိုးသားသရုပ်ဆောင်တွေအနေနဲ့ များပြားလှတဲ့ သုတ်ရည်တွေကို စွန့်ထုတ်တာ ဒါမှမဟုတ် အမျိုးသမီးသရုပ်ဆောင်တွေမှာဆိုရင်လည်း Squirting လို့ခေါ်တဲ့ လိင်အင်္ဂါအရည်တွေကို အများအပြား စွန့်ထုတ်တာမျိုး တွေ့ရတက်ပါတယ်။ ဒါတွေက တကယ်တော့ အစားထိုးပစ္စည်းတွေနဲ့ ကြည့်ကောင်းအောင် ဖန်တီးထားခြင်း သပ်သပ်ဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ ဒီလိုမဖြစ်နိုင်ပါဘူး။

(၅) လွယ်ကူလွန်းတဲ့ ပါးစပ်နဲ့ ချစ်တင်းနှောပုံ

 

Couple

Photo : Patheos

လူကြီးရုပ်ရှင် တွေမှာ ပါးစပ်နဲ့ ချစ်တင်းနှောတာဟာ အရမ်းကိုလွယ်ကူပြီး ပေါ့ပေါ့ပါးပါးဖြစ်တယ်လို့ ထင်ရပါတယ်။ တကယ့်လက်တွေ့မှာတော့ ကြိုတင်ပြင်ဆင်မှု မရှိရင် အဆင်မပြေတာတွေ အများကြီး ဖြစ်လာနိုင်သလို အကာကွယ်မဲ့ ပါးစပ်နဲ့ ဆက်ဆံမယ်ဆိုရင် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။

Source : My Fit Brain

Featured Photo : Medical News Today