ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အားကောင်းစေတဲ့ အာဟာရဓာတ်တွေပါပဲ။ အမျိုးသားတွေမှာဆိုရင် မရှိမဖြစ် သေချာပေါက်လိုအပ်တဲ့ ဗီတာမင် ဓာတ်တစ်မျိုး ရှိပါတယ်။ အဲ့ဒါကတော့ ဗီတာမင်ဒီ ဓာတ်ပါ။ ဗီတာမင်ဒီ ဓာတ်ဟာ ကျွန်တော်တို့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအတွက် ကောင်းကျိုးများစွာ ပေးနိုင်ရုံမကပဲ လိင်မှုဆိုင် ရာ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး အကျိုးကျေးဇူးများစွာကိုလည်း ပေးစွမ်းပါတယ်။ ဗီတာမင်ဒီ ဓာတ်ကို နေရောင်ခြည် ၊ အစားအသောက်နဲ့ ဖြည့်စွက်ဆေးဝါးတွေကနေတဆင့် ရရှိနိုင်ပြီး ဒီတစ်ခေါက်မှာတော့ အမျိုးသား တွေအတွက် ဗီတာမင် ဒီ ဓာတ်ရဲ့ အရေးပါပုံတွေကို ပြောပြပေးပါမယ်။

(၁) အရိုးကျန်းမာရေးအတွက် ကောင်းတယ်

man sitting on bed

Photo : India.Com

ဗီတာမင်ဒီဓာတ်ရဲ့ ကောင်းကျိုးတွေထဲက တစ်ခုကတော့ အရိုးကျန်းမာရေးကို ကောင်းမွန်စေတာပါ။ အရိုးသိပ်သည်းဆ လျော့ကျတာ ၊ မကြာခဏဆိုသလို အရိုးတွေ နာကျင်ကိုက်ခဲတာ ၊အရိုးကျိုးလွယ်တာ စတဲ့ အချက်တွေဟာ ဗီတာမင် ဒီဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဗီတာမင်ဒီဓာတ်ကို ပြည့်စုံလုံလောက်စွာ မှီဝဲရရှိမယ်ဆိုရင် အရိုးအဆစ်တွေပြန်လည်သန်စွမ်းလာစေမှာဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုပါ မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

(၂) တက်စတိုစတီရုန်း ထုတ်လုပ်မှုကို အထောက်အကူပြုတယ်

couple in bed

Photo : Pexels

ဗီတာမင်ဒီဓာတ်ဟာ ကျားဟော်မုန်းလို့ လူသိများတဲ့ တက်စတိုစတီရုန်း ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။ လိင်စိတ်တက်ကြွမှု Libido ကျဆင်းတာ ၊ ကွီးတို့ရဲ့ ညီလေးကောင်းကောင်း မထောင်မတ်နိုင်တာစတဲ့ ပြဿနာတွေဟာ ကျားဟော်မုန်းကျဆင်းမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ခန္ဓာကိုယ်မှာ လုံလောက်တဲ့ ဗီတာမင် ဒီဓာတ် ရရှိတဲ့အခါမှာတော့ တက်စတိုစတီရုန်း ပမာဏကို တိုးမြှင့်ပေးနိုင်ပြီး လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေရုံမက သာယာကျေနပ်ဖွယ် လိင်မှုဘဝကို ရရှိပိုင်ဆိုင်နိုင်စေမှာပဲ ဖြစ်ပါတယ်။

(၃) မျိုးပွားမှုစနစ်ကို အားကောင်းစေတယ်

fertility

Photo : NDTV

လိင်စိတ်နည်းပါးတာ ၊ လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှု လျှော့ကျတာတွေကြောင့် အမျိုးသားအများစုမှာ မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့နေကြရပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဗီတာမင် ဒီဓာတ်ကတော့ ဆရာကြီးပါပဲ။ ဗီတာမင်ဒီဓာတ်ရဲ့ အကျိုးကျေးဇူးများထဲမှတစ်ခုမှာ လိင်စိတ်ဆန္ဒနည်းပါးခြင်းနဲ့ မျိုးပွားနိုင်စွမ်းကို တိုးမြင့်လာစေခြင်းပင် ဖြစ်ပါတယ်။ ဗီတာမင်ဒီဓာတ် လုံလောက်စွာရရှိခြင်းဟာ သဘာဝအတိုင်း သုတ်ပိုးအရေအတွက်နဲ့ ချစ်တင်းနှောလိုစိတ်ကို မြှင့်တက်စေပြီး လိင်အင်္ဂါ မသန်စွမ်းမှုနဲ့ လိင်မှုစွမ်းဆောင်ရည်ကျဆင်းခြင်း ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

(၄) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေတယ်

 happy man

Photo : favors.com

ဗီတာမင်ဒီဓာတ် နည်းပါးတဲ့အခါမှာ စိတ်ဓာတ်ကျခြင်း ၊ စိုးရိမ်သောကများခြင်း ၊ စိတ်ဖိစီးမှု များခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတို့ကို ပိုမိုကြုံတွေ့ရနိုင်ခြေ များပါတယ်။ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းများစွာရှိပြီး ဒီထဲမှာ ဗီတာမင်ဒီဓာတ် ပြည့်စုံလောက်လုံစွာ မှီဝဲခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဗီတာမင် ဒီဓာတ်ဟာ အမျိုးသားတွေမှာ အဖြစ်များတဲ့ အပျက်သဘောဆောင်တဲ့ အတွေးအမြင်တွေနဲ့ စိတ်ကျရောဂါ လက္ခဏာတွေကို သက်သာစေပြီး ကောင်းမွန်ကျန်းမာတဲ့ စိတ်အခြေအနေကို ရရှိစေဖို့ ကူညီပေးပါတယ်။

Source : My Fit Brain

Featured Photo : Karolina Acupuncture