လက်မောင်းကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့ ပြဿနာဟာ ကွီးတို့ရဲ့ နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေမှာ အတော်လေး ထိခိုက်နိုင်ပြီး ခံရလည်းခက်စေပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိလို့ဖြစ်စေ ၊ အလေးအပင် မ,မိလို့ဖြစ်စေ မတော်တဆ လက်မောင်းကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ကြုံရနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ရိုးရှင်းလွယ်ကူတဲ့ ယောဂ လေ့ကျင့်ခန်းတွေနဲ့ ကွီးတို့ ရဲ့ လက်မောင်းကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာအောင် ကုစားလို့ ရနိုင်ပါတယ်။
(၁) Cobra Pose (Bhujangasana)
Photo : TheHealthSite
မနေနိုင်အောင် လက်တွေ ကိုက်နေရပြီ ဆိုရင်တော့ Cobra Pose (Bhujangasana) ကိုသာ လုပ်ပါ။ ဒီလေ့ကျင့်ခန်းနည်းက ပခုံးနဲ့ လက်မောင်းကြွက်သားတွေရဲ့ တင်းမာမှုကို ပြေလျော့စေပြီး ကြွက်သားနာကျင် ကိုက်ခဲမှုကို သက်သာစေရုံသာမကပဲ ကွီးတို့ ရဲ့ ကိုယ်ဟန်အနေအထားကိုပါ တိုးတက်ကောင်းမွန်ဖို့ ကူညီပေးပါတယ်။
(၂) Downward-Facing Dog (Adho Mukha Svanasana)
Photo : TheHealthSite
လက်ကိုက်နေတဲ့ ကွီးတို့အတွက် ဒီယောဂနည်းကို Highly-recommended ပေးပါတယ်။ Downward-Facing Dog လေ့ကျင့်ခန်းက ပခုံးကနေ လက်ကောက်ဝတ်အထိ လက်မောင်း တစ်ခုလုံးကို ဆန့်ထုတ်ကာ ကစားရတဲ့အတွက် ကြွက်သားတွေရဲ့ တင်းမာမှုနဲ့ နာကျင်မှုတွေကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။
(၃) Eagle Pose (Garudasana)
Photo : TheHealthSite
နေ့စဉ် လက်မောင်းကြွက်သားတွေအပေါ် ဖိအားသက်ရောက်မှုရှိတဲ့ လှုပ်ရှားမှုတွေကို လုပ်နေရသူတွေအနေနဲ့ ကိုယ်ဟန်အနေအထား မှားယွင်းသူတွေမှာ ဖြစ်လေ့ရှိတဲ့ လက်မောင်းကြွက်သား နာကျင်ကိုက်ခဲမှုကို သက်သာစေမယ့် ယောဂနည်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ပခုံး ၊ လက်နဲ့ လက်ကောက်ဝတ်တွေကို Stretching လုပ်ပေးရတာပါ။ ကြွက်သားတင်းမာမှု ၊ ကိုက်ခဲမှုတွေကို ထိထိရောက်ရောက် သက်သာစေပါတယ်။
(၄) Savasana (Corpse Pose)
Photo : TheHealthSite
ကွီးတို့ အိပ်ရာမဝင်ခင်မှာ ပြုလုပ်နိုင်တဲ့ ယောဂကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ လက်မောင်း ကြွက်သားတွေအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားအစိတ်အပိုင်းတွေကို ပြေလျော့စေပြီး နာကျင်မှုနဲ့ ကိုက်ခဲမှုတွေကို လျှော့ချပေးနိုင်တဲ့ ယောဂနည်း ဖြစ်ပါတယ်။ တစ်နေ့တာရဲ့ ဖိစီးမှုတွေကို ဖယ်ရှားပေးနိုင်ပြီး ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိစေဖို့ အထောက်အကူ ပြုပါတယ်။
Source : TheHealthSite
Featured Photo : The Back Clinic