Jagermeister ကို ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများက သောက်သုံးကြပါတယ်။ ဂျာမန် ဆေးဘက်ဝင် အပင်များနဲ့ဖော်စပ်ထားတဲ့ အရက်တစ်မျိုးလို့ အကြမ်းဖျင်း သိကြပါတယ်။ ဒါတင်မကသေးဘဲ Jagermeister မှာ အခြား စိတ်ဝင်စားဖို့ကောင်းတဲ့ အကြားအရာတွေ လည်းရှိပါ သေးတယ်။ ဒါကြောင့် ဗဟုသုတ အနေနဲ့ ကွီးတို့ သိထားသင့်တဲ့ Jagermeister ရဲ့စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဖော်ပြပေးချင်ပါတယ်။
ကွီးတို့ ရေ ပထမဆုံးအနေနဲ့ Jagermeister ဆိုတာ ဂျာမန် ဆေးဘက်ဝင် အပင် ၆၀ ကျော်နဲ့ ဖော်စပ်ထားပြီး အရက်ပါဝင်နှုန်း က ၃၅ ရာခိုင်နှုန်း ရှိတဲ့ အရည်တစ်မျိုး ဖြစ်ပါတယ်။ ၎င်းကို ဂျာမနီနိုင်ငံမှာ ရှိတဲ့ Mast-Jagermeister SE ကုမ္ပဏီက ၁၉၃၅ ခုနှစ်မှာ စျေးကွက်တွင် စတင်ရောင်းချခဲ့ ပါတယ်။ ၁၉၇၀ မှစ၍ ပြည်ပတိုင်းပြည်များကို စတင်ရောင်းချ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Photo : ferie-niedersachsen.dk
Jagermeister ကို လေးထောင့်ဆန်တဲ့ အစိမ်းရောင်ဖန်ပုလင်း ထုတ်လုပ်ထားပါတယ်။ သူရဲ့ အရောင်က Dark Brown ဖြစ်ပါတယ်။ ထို့အပြင် Jagermeister Spice ဆိုပြီး အနက်ရောင်ဖန်ပုလင်းဖြင့် အမျိုးအစား နောက်ထပ် တစ်မျိုးရှိပါတယ်။

Photo : Thrillist
Jagermeister ရဲ့ ကုန်အမှတ် တံဆိပ်ကတော့ ထူးခြားပါတယ်။ ချိုနှစ်ချောင်းနဲ့ သမင်ရဲ့ ဦးခေါင်း အထက်မှာ တောက်ပတဲ့ လက်ဝါးကပ်တိုင်ပုံ ပါရှိပါတယ်။

Photo : ferie-niedersachsen.dk
Jagermeister ရဲ့ အဓိပ္ပါယ်ကတော့ ဂျာမန်ဘာသာစကားမှာဆိုရင် “Jager” က Hunting လို့ အဓိပ္ပါယ်ရပြီး၊ “Meister” ကတော့ ” Master” ပဲဖြစ်ပါတယ်။ အတိုကောက် အနေနဲ့ Jagermeister ကို “Jager” လိုအတိုကောက်ခေါ်ကြပါတယ်။
ကွီးတို့ သိထားသင့်တဲ့ Jagermeister ရဲ့ စိတ်ဝင်စားဖွယ် နောက်ထပ် အချက်တစ်ခုကတော့ ကျန်းမာရေးအတွက် အထောက်အကူပြုတာပဲ ဖြစ်ပါတယ်။ Jagermeister ကို ဂျာမန် စျေးဖက်ဝင် အပင်တွေနဲ့ ဖော်စပ်ထားတာဖြစ်တဲ့ အတွက် တစ်ရက်လျှင် အကြံပြုထားတဲ့ ပမာဏ ဖြစ်တဲ့ ၄၄ မီလီလီတာ ထက် မပိုစေဘဲ သောက်သုံးမယ်ဆိုရင် ကျန်းမာရေးဆိုင်ရာ အကျိူးကျေးဇူးတွေ ရရှိစေတယ်လို့ ဆိုပါတယ်။ ဥပမာ အားဖြင့် နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်တွေကို လျှော့ချပေးခြင်း၊ စိတ်ဖိစီးမှုကို သက်သာစေခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးခြင်း၊ ဦးနှောက် စွမ်းဆောင်ရည်ကို တိုးတက်စေခြင်း၊ အစာခြေစနစ်ကို ကောင်းစေခြင်း စသည်တို့ပဲဖြစ်ပါတယ်။ ထို့အပြင် ချောင်းဆိုးတာကိုလည်း သက်သာစေတယ်လို့ ဆိုထားပါတယ်။
Jagermeister နဲ့ Red bull ရောစပ်ပြီး ဖျော်ထားတဲ့ Jager Bomb ကော့လ်တေးကလည်း လုပ်ရတာ ရိုးရှင်းလွယ်ကူပြီး လူကြိုက်များပါတယ်။ ထို့အပြင် Jagermeister ကို အမျိုးမျိုးသော ရောစပ်မှုတွေနဲ့ အရသာထူးကဲတဲ့ ကော့လ်တေး တွေလည်း ဖျော်စပ်လို့ ရပါသေးတယ်။
ယခုဖော်ပြပေးလိုက်တာ ကတော့ ကွီးတို့ သိထားသင့်တဲ့ Jagermeister ရဲ့ အချို့သော စိတ်ဝင်စားဖွယ် အကြောင်းအရာပဲ ဖြစ်ပါတယ်။
Source : Drinkie
Featuredn Photo : Jagermeisterusa
