ကွီးတို့ရေ  စကြာဝဠာ ကြီးဟာ တကယ်ကို လူစွမ်းအားနဲ့ မမှန်းဆနိုင်လောက်အောင် ကြီးမားကျယ်ပြန့်ပါတယ်။ ထိုအာကာသ စကြာဝဠာ ကြီးထဲကနေ အဖွဲ့အစည်းထဲမှာ ပါဝင်တဲ့ ကမ္ဘာဂြိုလ်မှာ ကျွန်တော်တို့လူသား တွေနေထိုင်ကြပါတယ်။ ကမ္ဘာ့အပြင် လူတွေ မရောက်ရှိနိုင်သေးတဲ့ အာကာသထဲက ဂြိုလ်တွေမှာရော သက်ရှိတွေ ၊ သို့မဟုတ် ဂြိုလ်သားတွေ ရောရှိနေမလား ဆိုတာလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကမ္ဘာကြီး ပူနွေး ပျက်စီးလာမှုနဲ့ အတူ လူသားတွေက တခြားဂြိုလ်တွေမှာ သွားရောက်နေထိုင်နိုင်သလား ဆိုတာလည်း စူးစမ်းရှာဖွေကြပါတယ်။ ထိုအပြင် Space Ship ၊ Satellite တွေ ၊ အာကာသထဲကို လွှတ်တင်ပြီး စူးစမ်းရှာဖွေမှုတွေ လုပ်ကြပါတယ်။ အာကာသနဲ့ ပတ်သတ်ပြီး လူသားတွေရဲ့ စိတ်ဝင်စားမှုတွေက မြင့်တတ်လျက်ရှိပြီး  နည်းမျိုးစုံနဲ့ စူးစမ်းရှာဖွေ လေ့လာမှုတွေ ပြုလုပ်လျက်လည်းရှိပါတယ်။ ဒါ့အပြင် အကာသ ဆိုင်ရာ ဇာတ်လမ်းရုပ်ရှင် ဇာတ်ကားတွေကိုလည်း  ပုံစံမျိုးစုံနဲ့ ရိုက်ကူးလာကြပါတယ်။ အာကာသကို စိတ်ဝင်စားတဲ့ ကွီးတို့ အတွက် ဒီပိတ်ရက်မှာ တကယ်ကို ကြည့်သင့်တဲ့ အာကာသဆိုင်ရာ ရုပ်ရှင် ဇာတ်ကားတွေကို ဝေမျှပေးလိုက်ပါတယ်။

ကွီးတို့ အာကာသဆိုင်ရာ ရုပ်ရှင်

Photo : Grunge

(၁) Interstellar (2014)

Source : Interstellar Movie

ကွီးတို့ ရေ ၂၀၁၄ အောက်တိုဘာ ၂၆ မှာ ထွက်ရှိခဲ့တဲ့ Interstellar ကားဟာ ဆိုရင် အာကာသဆိုင်ရာ ရုပ်ရှင် ဇာတ်ကားတွေထဲမှာ လုံးဝကို ကြည့်သင့်တဲ့ ဇာတ်ကားပါ။ ဒီကားကို ဒါရိုက်တာ Christopher Nolan ကရိုက်ကူးခဲ့ပြီး Paramount Pictures (North America) နဲ့ Warner Bros. Pictures (International) တို့က ထုတ်ဝေ ဖြန့်ချီခဲ့ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ကောင်းမွန်တဲ့ Graphics တွေနဲ့ အာကာသဆိုင်ရာ နက်နဲ့တဲ့ Theory တွေပါ ကြည့်ရှု့ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားထဲမှာ ၁၀ စက္ကန့်သာ ပါဝင်တဲ့ Black Hole ကို ပုံဖော်ဖို့ Graphic Designers တွေနဲ့ Scientists တွေက တစ်နှစ် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ Interstellar ကားဟာ Best Visual Effects ဆုကိုရခဲ့တဲ့ အပြင် ဆန်ကာတင် ဆုစာရင်းများလည်း ပါဝင်ခဲ့ပါတယ်။

(၂) Arrival (2016)

Source : Paramount Pictures

Arrival ဟာ အမေရိကန် သိပ္ပံ စိတ်ကူးယဉ် ဒရမ်မာ ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။ ဒီ အာကာသဆိုင်ရာ ဇာတ်ကားဟာ ၂၀၁၆ နိုဝင်ဘာ ၁၁ မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာ Denis Villeneuve က ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပြီး Paramount Pictures က ထုတ်ဝေ ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။ ဒီ ဇာတ်ကားကို ဖော်ပြရမယ်ဆိုရင်တော့ ဂြိုလ်သားရုပ်ရှင်များကို မကြိုက်တဲ့ လူတွေအတွက် ဂြိုလ်သားတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ကွီးတို့ ကြည့်ရှု့သင့်တဲ့ အာကာသဆိုင်ရာ ရုပ်ရှင် ဇာတ်ကားကောင်း တစ်ခုလည်းဖြစ်ပါတယ်။

(၃) The Martian (2015)

Source : 20th Century Studios

ကွီးတို့ရေ ကိုယ်တစ်ယောက်တည်း လူမရှိသူမရှိနေရာမှာ သောင်တင်နေပြီး အသက်ရှင်ဖို့ အစားအစာ အတွက် ကိုယ့်မစင်နဲ့ အာလူးစိုက်ရတာဟာ မားဂြိုလ်မှာမပြောနဲ့ ၊ ကမ္ဘာပေါ်မှာတောင် တော်တော်ဆိုးရွားတဲ့ နေ့တစ်နေ့ဖြစ်မှာပါ။ ဟုတ်ပါတယ် The Martian ရုပ်ရှင်ဇာတ်ကားထဲမှာ ဒီလို အဖြစ်အပျက်ကို NASA ရဲ့ အာကာသ ယာဉ်မှူး Mark Watney မှာဖြစ်ပျက်သွားတဲ့ အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၆ အောက်တိုဘာ ၂ ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ The Martian ဟာ အော်စကာ ခုနစ်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး American Film Institute ၏ ၂၀၁၅ ခုနှစ် ထိပ်တန်းရုပ်ရှင် ၁၀ ကားတွင်လည်း ပါဝင်ခဲ့ပါတယ်။

(၄) Gravity (2013)

Source : Warner Bros. Pictures

Gravity ဟာ ၂၀၁၃ အောက်တိုဘာ ၄ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သိပ္ပံ စိတ်ကူးယဉ် ဇာတ်ကားကောင်း တစ်ခုဖြစ်ပါတယ်။ Alfonos Cuaron ကရိုက်ကူးခဲ့ပြီး Warner Bros. Pictures ကဖြန့်ချီခဲ့ပါတယ်။ ဒီဇာတ်ကားဟာ အမျိုးသမီး အာကာသ ယာဉ်မှူးတစ်ယောက် အာကာသ စခန်းပျက်စီးသွားပြီးနောက် အာကာသထဲ မျောလွှင့်နေတဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Gravity ရဲ့ ဖြစ်တည်မှုဟာ ဘယ်လောက် အရေးပါကြောင်းတွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ၂၀၁၃ ခုနှစ်အတွက်  အော်စကာဆု ၇ ဆုရခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ အာကာသ ကို စိတ်ဝင်စားတဲ့ ကွီးတို့ မဖြစ်မနေကြည့်သင့်တဲ့ အာကာသဆိုင်ရာ ရုပ်ရှင် ဇာတ်ကားကောင်းများ တွေပဲဖြစ်ပါတယ်။ ကွီးတို့ ကြည့်ပြီးသားတွေလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ မကြည့်ရသေးရင် ဒီပိတ်ရက်မှာ အနားယူရင်းကြည့်ဖို့ ဒီဇာတ်ကားကောင်းတွေကို ရွေးချယ်လိုက်ပါ။

Source : SPACENEWS

Featured Photo : Wiki