ကွီးတို့ရေ စိတ်ပင်ပန်းစရာတွေ စိတ်ဓာတ်ကျ စရာတွေကို တိုက်ဖျက်ဖို့ နည်းလမ်းတစ်ခုကတော့ အာရုံပြောင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။ စိတ်ပင်ပန်းစရာ စိတ်ဓာတ်ကျစရာတွေကို အာရုံပြောင်းဖို့ နည်းလမ်းကောင်း တစ်ခုကတော့ ရုပ်ရှင်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ စိတ်ပင်ပန်းစရာ စိတ်ဓာတ်ကျစရာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရုပ်ရှင်ကိုရွေးချယ်ပြီး ကြည့်ရှု့ခြင်းက ကြည့်ရှု့နေချိန် ၂ နာရီလောက်အတွင်းမှာ ဦးနှောက်ရဲ့ ကွင်းဆက်တွေကို ပြင်ဆင်နိုင်ပြီး စိတ်ခံစားမှု အနည်းငယ် ပိုကောင်းလာပါလိမ့်မယ်။ ဒါကြောင့် ကွီးတို့ စိတ်ပင်ပန်းပြီး စိတ်ဓာတ်ကျ နေတဲ့အချိန် စိတ်ခံစားမှု ကောင်းမွန်လာစေရန် ကြည့်ရှု့သင့်တဲ့ ရုပ်ရှင် ဇာတ်ကားများကို ဖော်ပြပေးလိုက်ပါတယ်နော်။

စိတ်ပင်ပန်းပြီး စိတ်ဓာတ်ကျ ရုပ်ရှင်

Photo : Paracelsus Recovery

(၁)  Airplane

Source : Rotten Tomatoes Trailers

ပထမဆုံး အနေနဲ့ ကွီးတို့ စိတ်ပင်ပန်းပြီး စိတ်ဓာတ်ကျ အချိန်မှာ ကြည့်ရှု့သင့်တဲ့ ရုပ်ရှင် ဇာတ်ကားလေးကတော့ Airplane ပဲ ဖြစ်ပါတယ်။ Airplane ကို ၁၉၈၀ ခုနှစ်က ထုတ်ဝေခဲ့ပေမဲ့ ဇာတ်လမ်းကတော့ ဘယ်အချိန်ချိန် ကြည့်ကြည့်ရိုးမှာ မဟုတ်ပါဘူး။ ဒီကားထဲမှာ လေယာဉ်ပျံသန်းရမှာ ကြောက်တဲ့လူတစ်ယောက်ဟာ လေယာဉ်မှူးနေမကောင်းတဲ့ အတွက် လေယာဥ်ကို ဘေးကင်းစွာဆင်းသက်ဖို့ အကြောင်းဖန်လာတဲ့ အကြောင်း ရိုက်ကူးထားပါတယ်။ ဒီကားဟာ အက်ရှင်၊ အချစ်နဲ့ ဟာသ ပေါင်းစပ်ထားတာဖြစ်လို့ ကြည့်ပြီးသွားရင် ကွီးတို့ အတွက် အနည်းငယ် စိတ်သက်သာမှုရစေမှာပါ။

(၂) It’s Kind of a Funny Story

Source : Movieclips

“It’s Kind of a Funny Story” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၀ မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် ဟာသ-ဒရမ်မာ အမျိုးအစား ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားကို Anna Boden နဲ့ Ryan Fleck တို့က ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကား ဟာ ဘယ်လိုစိတ်ဝင်စားမှုတွေနဲ့ ကြည့်ရှု့တဲ့သူတွေရဲ့ စိတ်ပင်ပန်းမှုတွေကို သက်သာစေမလဲဆိုတာတော့ ကြည့်လိုက်ရအောင်ပါ။

(၃) Harry Potter and the Sorcerer’s Stone

Source : Warner Movies On Demand

Harry Potter ကားတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ ရှိပါသလား။ Harry Potter ကားတွေဟာ လူတော်တော်များများ ရဲ့ ငယ်ဘဝ အစိတ်အပိုင်းတစ်ခုပါ။ ဒီဇာတ်ကားကို ကြည့်ရင်း ကောင်းတဲ့ အချိန်တွေပိုင်ဆိုင်ခဲ့မှာပါ။ ဒါကြောင့် ကွီးတို့လည်း စိတ်ပင်ပန်းပြီး စိတ်ဓာတ်ကျနေချိန် အပြောင်းအလဲတစ်ခုအနေနဲ့ Harry Potter Series ရဲ့ ကွီးတို့အကြိုက်ဆုံး ဇာတ်ကားတစ်ခုကို ပြန်ကြည့်လိုက်ပါ။ ကွီးတို့ကို ခဏတာ စိတ်ပင်ပန်းမှုတွေနဲ့ ဝေးရာ တခြားကမ္ဘာဆီသို့ ခေါ်ဆောင်သွားပါလိမ့်မယ်။

(၄) Big Hero 6

Source : Walt Disney Animation Studios

ကွီးတို့ အတွက် နောက်ထပ်ပြောပြပေးချင်တဲ့ ကားလေးကတော့ Big Hero 6 Animation ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးက ၂၀၁၄ မှာ ထွက်ခဲ့တဲ့ Computer-Animated Superhero Film အမျိုးအစားဖြစ်ပြီး Walt Disney Pictures ကနေ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ Animation လေးကပေးချင်တဲ့ မက်ဆေ့က ရောဘာပါလဲ။ တူတူကြည့်လိုက်ရအောင်။

အခုဖော်ပြပေးလိုက်တာ ကတော့ ကွီးတို့ စိတ်ပင်ပန်းပြီး စိတ်ဓာတ်ကျ နေတဲ့အချိန် ကြည့်သင့်တဲ့ ရုပ်ရှင် ဇာတ်ကားများပဲ ဖြစ်ပါတယ်။ ကွီးတို့ ရဲ့စိတ်ပင်ပန်း မှုကို အနည်းငယ်အားဖြင့်သော်လည်းကောင်း ပြေလျော့စေဖို့ အထောက်အကူပြုပါလိမ့်မယ်။

Source : The Mighty

Featured Photo : Movies