ညပိုင်းမှာ အိပ်စက်အနားယူတဲ့ အိပ်ခန်းလေးက အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီနေ့ခေတ်မှာ လူတော်တော်များများက အိပ်ခန်းကို ပိုပြီး သက်တောင့်သက်သာရှိအောင် နေချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်လာကြပါတယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ နည်းပညာသုံး အိမ်သုံးစမတ်ပစ္စည်းများကို အများအပြားတီထွင်ထုတ်လုပ်လာကြသလို ထိုအထဲမှာ အိပ်ခန်းသုံး စမတ် Gadgets တွေလည်း ပါဝင်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ အိပ်ခန်းထဲမှာ ထားရှိနိုင်တဲ့ အဆင့်မြင့် နည်းပညာသုံး Gadgets လေးတွေကို ဝေမျှပေးချင်ပါတယ်။
Loftie Clock

Photo : HUGH GARBBARINI
ဒါလေးကတော့ ကွီးတို့ အိပ်ခန်းထဲမှာ ထားနိုင်တဲ့ WiFi ချိတ်ဆက်ထားသော စမတ်နာရီလေးပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ မနက်ထနိုင်ဖို့ ဖုန်းမှာ နှိုးစက်ပေးထားပြီး အသုံးပြုနိုင်သော်လည်းပဲ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒီ Loftie Clock က ကွီးတို့ကို အဆင့်နှစ်ဆင့်ဖြင့် ညင်သာစွာ နှိုးပေးမှာပါ။ ပထမခေါင်းလောင်းသံက ကွီးတို့ကို နိုးလာစေပြီး မိနစ်အနည်းငယ်အကြာမှာ ညင်သာတဲ့အသံနဲ့ ထပ်မံနှိုးပေးမှာပါ။ ဒါက ဆန်းကြယ်သော အတွေ့အကြုံနဲ့ ထဖို့အတွက် လွယ်ကူစေပါတယ်။ ဒီလို နာရီခပ်ဆန်းဆန်းလေးတစ်လုံး ကွီးတို့အိပ်ခန်းထဲမှာ ရှိနေတာလည်း မဆိုးပါဘူး။
Gingko Smart Galaxy Lamp

Photo : Ginko Design
ကွီးတို့အိပ်ယာဘေးမှာ ထားဖို့ အမိုက်စား Nightstand မီးအိမ်လေး လိုချင်ရင်တော့ အိပ်ခန်းကို အလှဆင်ပြီးသားဖြစ်စေဖို့ အမိုက်စား Gingko Smart Galaxy Lamp မီးအိမ်လေး ရှိပါတယ်။ ဒီ စမတ်မီးအိမ်လေးမှာ ပြောင်းလဲနိုင်သော အလင်းမုဒ်သုံးမျိုးပါရှိပါတယ်။ အောက်ခံသစ်သားနဲ့ ဒီမီးအိမ်လေးကို ထိန်းထားနိုင်ဖို့ အားကောင်းတဲ့ သံလိုက်တစ်ခု ပါရှိပါတယ်။ ဒါ့ကြောင့် ဖြည်းဖြည်းချင်း လှည့်ပတ်နေမှာ ဖြစ်ပါတယ်။ ဒီ စမတ် Gadgets လေးက ထူးခြားပြီး လက်ဆောင်ပေးလို့ကောင်းတဲ့ ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။
Hanpure Sleep Headphones Bluetooth Sleeping Headband

Photo : Amazon
ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှုတွေကြောင့် လူတော်တော်များများက အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့လာရပါတယ်။ ထိုအခါမှာ နည်းပညာကို အသုံးပြုပြီး အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တဲ့ ပစ္စည်းတွေကို အသုံးပြုလာကြပါတယ်။ ဒီ စမတ်ပစ္စည်းလေးကလည်း ကွီးတို့မျက်လုံးကို အလင်းရောင်ကနေ အပြည့်အဝပိတ်ဆို့နိုင်ပြီး အပြင်ဘက်မှာ ဖြစ်နိုင်တဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို ညင်သာသော တေးသွားများဖြင့် တားဆီးပေးပါတယ်။
Evapolar evaCHILL Portable Air Conditioners

Photo : Autonomous
ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက် အခန်းအပူချိန်မျှတဖို့ အရေးကြီးပါတယ်။ ဒီ သယ်ဆောင်ရလွယ်ကူတဲ့ AC လေးက ကွီးတို့ ဘယ်ကိုသွားသွား သယ်ဆောင်သွားလို့ရသလို ကွီးတို့ကို အေးမြမှုကို အလုံအလောက်ပေးနိုင်တဲ့အတွက် တစ်လုံးလောက်ရှိထားတာတော့ မမှားပါဘူး။ ဒါ့အပြင် အရွယ်အစားကလည်း တော်တော်လေးသေးတဲ့အတွက် ထားရတာလည်း နေရာမယူပါဘူး။
Dupray Bloom Air Purifier

Photo : Amazon
ကျန်းမာသော အိပ်စက်ခြင်းက ပိုမိုကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်မယ့် အစဖြစ်ပါတယ်။ ဒါ့ကြောင့် ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အိပ်ခန်းထဲမှာရှိတဲ့ လေထုကလည်း သန့်စင်နေဖို့ အရေးကြီးပါတယ်။ များသောအားဖြင့် လေသန့်စက်တွေက စက်ပစ္စည်းတွေသာ ဖြစ်ပြီး ဆွဲဆောင်မှု မရှိပါဘူး။ ဒီ Dupray Bloom Air Purifier လေးကတော့ အပင်လေးတစ်ပင်ပါရှိပြီး အိမ်မှာအလှဆင်လို့လည်းရတဲ့ ထူးခြားတဲ့ လေသန့်စက်လေးပဲ ဖြစ်ပါတယ်။
ကွီးတို့ရေ ဒီအမိုက်စားလေးတွေသာ အိပ်ခန်းထဲမှာရှိရင်တော့ ရှယ်ပဲဗျို့။
Source : Esquire
Featured Photo : The Gadgets Flow
